Wednesday, January 20, 2016

တရုတ်ထိပ်တန်းတက္ကသိုလ်ကို IS စစ်သွေးကြွအဖွဲ့ ကွန်ပျူတာဟက်ကာ ထိုးဖောက်



တရုတ်ထိပ်တန်းတက္ကသိုလ်များမှ တစ်ခုအပါအဝင်ဖြစ်သည့် တက္ကသိုလ်၏ ဝက်ဘ်ဆိုက်ကို IS စစ် သွေးကြွသြဇာခံဟုကြေးကြော်ထားသည့်ဟက်ကာ အဖွဲ့တစ်ဖွဲ့က ထိုး ဖောက်ဝင်ရောက်ခဲ့ကြောင်း ဇန်နဝါ ရီ၁၈ရက်က ဖော်ပြခဲ့သည်။
အဆိုပါဟက်ကာများသည် ထန်ဟွာတက္ကသိုလ်၏ဝက်ဘ်ဆိုက်ကို ထိုးဖောက်ဝင်ရောက်ကာ အာရေဗျ ကဗျာနှင့်စာသားဂီတသံများနှင့်အ တူရေးသားဖော်ပြခဲ့သည်ဟု ကျောင်း သားသတင်းစာကဖော်ပြခဲ့သည်။

ကျောင်းစာသင်ခန်းများနှင့်ဌာ နသတင်းများကိုဖော်ပြမည့်အစား ဝက်ဘ်ဆိုက်တွင် ခေါင်းမြီးခြုံတိုက် ခိုက်ရေးသမားများကှုအလံကိုင် ဆွဲကာ မြင်းစီးနေပုံကိုဖော်ပြထား သည်။ ဟက်ကာတိုက်ခိုက်သည့် အဖွဲ့က IS အဖွဲ့ဝင်ဟက်ကာများဟု ၄င်းတို့ကိုယ်တိုင်ဖော်ပြခဲ့ကြသည်။

ကျောင်းသားသတင်းစာ၏ ဖော်ပြချက်ကို နိုင်ငံပိုင်သတင်းစာ များက ကျယ်ပြန့်စွာဖော်ပြခဲ့သော် လည်း မူလဟက်ကာများလုပ်ဆောင် ထားသည့်သတင်းဖော်ပြချက်စာသား ဓာတ်ပုံများကို ဖျက်ထားခဲ့သည်။

ကမ္ဘာပေါ်တွင် တရုတ်ပြည်မကြီးက အွန်လိုင်းသုံးစွဲမှုတင်းကျပ် သည့်နိုင်ငံများတွင်မူ တစ်နိုင်ငံဖြစ် သည်။ အနောက်နိုင်ငံများ၏ဝက်ဘ် ဆိုက်တချို့ကို ပြည်တွင်း၌ပိတ်ပင်ထား သည်။

Ref: AFP
Yangon Media Group

No comments:

Post a Comment

My Blog List