Monday, January 18, 2016

ငြိမ်းချမ်းရေးညီလာခံကို သုံးနှစ်မှ ငါးနှစ်အတွင်း အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ရန် အတည်ပြု


အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို သုံးနှစ်မှငါးနှစ်အတွင်း အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း အပါအ၀င် အဆို(၄)ချက်ကို ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံနောက်ဆုံးနေ့တွင် အတည်ပြုခဲ့သည်။ ဇန်န၀ါရီ ၁၆ ရက် ညီလာခံတွင် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)အတွင်းရေး မှူးအဖွဲ့က အဆိုပြုချက်(၄)ချက်ကို တင်သွင်းခဲ့သည်။
ကိုယ်စားလှယ်အားလုံးကထောက်ခံခဲ့သည့်အတွက် သဘာပတိ ဦးအောင်မင်း က လက်ခံအတည်ပြုခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးဆွေးနွေးပွဲများအ ချိန်ကာလနှင့် ပတ်သက်၍ အဆို ပြုချက်တွင် ‘‘တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် ညှိနှိုင်း အစည်းအဝေး (JICM) ဆုံးဖြတ်ချက်နှင့် ပြည် ထောင်စုငြိမ်းချမ်းရေးဆွေး နွေးမှု ပူးတွဲကော်မတီ(UPDJC)အစည်း အဝေးဆုံးဖြတ်ချက်တို့မှ အဆိုပြု ထားသည့်အတိုင်း ပြည်ထောင်စု သဘောတူ စာချုပ်ရရှိနိုင်ရန် အမျိုးသားအဆင့် နိုင်ငံရေးဆွေး နွေးပွဲများနှင့် ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံ အောင်မြင်စွာ ကျင်းပပြီးစီးမည့် အချိန်ကာလကို သုံးနှစ်မှငါးနှစ်အတွင်း ကြိုးပမ်း ဆောင်ရွက်သင့်ကြောင်းကို ပထမအကြိမ်ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံသို့ အဆိုပြုတင် သွင်းအပ်ပါသည်’’ဟု အတွင်း ရေးမှူးအဖွဲ့က တင်သွင်းခဲ့သည်။

ကျန်အဆိုပြုချက်မှာ ‘‘ဒုတိ ယအကြိမ် ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံကို သင့်တင့်သည့် အချိန်ကာလတွင် ဆောလျင်စွာ ကျင်းပပြုလုပ်ရန် ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်တွင် အမျိုးသမီးကိုယ် စားလှယ်များ ပိုမိုပါဝင်လာရေး ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်ရရှိ ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံဖြစ်မြောက်ရေးအပါအ ၀င် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ကြိုးပမ်းဆောင်ရွက်ခဲ့ကြ သည့် အဖွဲ့အစည်းများ၊၀န်းရံသူ များကို မှတ်တမ်းတင်ဂုဏ်ပြု ကြောင်း ‘‘စသည့်အဆိုများဖြစ် သည့် အဆိုအားလုံးကို ကန့်ကွက် သူမရှိသည့်အတွက် ညီလာ ခံက အတည်ပြုခဲ့သည်။

နိုင်ငံရေးဆွေးနွေးပွဲ အချိန် ကာလနှင့်ပတ်သက်၍ ‘‘သုံးနှစ်မှ ငါးနှစ်အတွင်း ဆိုတာက နိုင်ငံတ ကာ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို ကြည့်ပြီးတော့ အခုက လေးနှစ်ခွဲ အချိန်ကုန်သွားပါပြီ။ နောက်ထပ် အချိန်ကန့်သတ်မှုမရှိဘူးဆိုတဲ့ သဘောမျိုးထက် ကျွန်တော်တို့ အားလုံးက ဘောင်လေးတစ်ခုကို ညှိတာ၊ အခုညှိတဲ့အထဲမှာ အဓိ က ညှိတာက တပ်မတော်နဲ့EAOs နဲ့က အဓိကညှိနှိုင်းပြီးတော့မှ သုံး နှစ်မှ ငါးနှစ်အတွင်း ဆိုတဲ့အဆိုကို တင်ခဲ့တာပါ။ အကောင်အထည် ဖော်ရမှာက နောက်ညီလာခံ နဲ့ နောက်အစိုးရက အကောင်အ ထည်ဖော်ရမှာပါ။ ဒါတွေအားလုံး ဟာ ကောင်းမွန်တဲ့ဆန္ဒနဲ့ လုပ်ခဲ့ တာဖြစ်တဲ့အတွက် ဒီထက်ပို ကောင်းအောင်ပဲ မျှော်လင့်ထားခဲ့တာပါ’’ဟု UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးလှမောင်ရွှေက သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

တပ်မတော် အစုအဖွဲ့မှ ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးခင် ဇော်ဦးက ‘‘သုံးနှစ်က ငါးနှစ်ဆိုတာ နောက်အစိုးရကို အကျပ်အ တည်းဖြစ်အောင်လုပ်ခဲ့ တာမ ဟုတ်ပါဘူး။ ငြိမ်းချမ်းရေးညီလာ ခံကို တစ်သက်လုံးလုပ်နေကြတာ များလားဆိုတာမျိုး မဖြစ်အောင် ကျွန်တော်တို့တွေ ပေါင်းပြီးတော့ လုပ်ကြ မယ်။ ဖြစ်သင့်တဲ့ timeline တစ်ခုတော့ထားရမယ်။ ရည်မှန်းချက်တစ်ခု အနေနဲ့ ဖြစ် အောင်လုပ်မယ်။ ဖြစ်တာမဖြစ်တာကတော့ နောက်ပိုင်းအခြေ အ နေပေါ်မှာတော့ မူတည်မှာပေါ့။ ငါးနှစ်နဲ့မပြီးရင်လည်း ခြောက်နှစ်၊ ခုနစ်နှစ်ဖြစ်ချင်ဖြစ်သွားမယ်။ သို့ သော် ငါးနှစ်နဲ့ ပြီးအောင်လုပ်ကြရ အောင်၊ ညှိနှိုင်းစရာ၊ဆွေးနွေးစရာ တွေကိုလည်း ကိုယ်အဖွဲ့နဲ့ကိုယ် ပြင်ဆင်ကြ၊ နောက်ပြီးပြည်သူလူ ထုကို တင်ပြလိုက်တာဖြစ်သလို ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ လည်း MISSION ပေးလိုက်တာ။ ဒီသဘောမျိုးနဲ့ အဆိုတင် သွင်းထားခြင်းဖြစ်ပါတယ်’’ဟု သတင်း ထောက်များအား ပြောသည်။

ဇန်န၀ါရီ ၁၂ ရက်မှစ၍ ငါးရက်ကြာပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးညီလာခံ နောက်ဆုံးနေ့ တွင် အစုအဖွဲ့များတင်ပြခဲ့သည့်သဘောထားများကို မှတ်တမ်းအ ဖြစ်စုစည်းခဲ့ပြီး အစိုးရသစ်လက် ထက်ကျင်းပမည့် ညီလာခံသို့ လွှဲ ပြောင်းပေးအပ်မည်ဖြစ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List