Tuesday, January 19, 2016

ယခုအစိုးရသက်တမ်းတွင် ရန်ကုန်စည်ပင်ကော်မတီဝင် ရွေးကောက်ပွဲ ပြုလုပ်နိုင်ဖွယ်မရှိတော့


ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီအဆင့် ဆင့်ရွေးကောက်ပွဲ ယခုအစိုးရ သက်တမ်းအတွင်း ပြုလုပ်နိုင် ဖွယ်မရှိကြောင်း သတင်းရရှိ သည်။ ရန်ကုန်စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့်ရွေးကောက် ပွဲကို ၂၀၁၄ နှစ်ကုန်ပိုင်းကပြုလုပ် ခဲ့ပြီး ရွေးချယ်ခံရသူများ၏ သက် တမ်းသည် အစိုးရသက်တမ်းနှင့်အတူ သတ်မှတ်ထားခြင်းကြောင့် ယခုအစိုးရသက်တမ်း မကုန်မီ ပြန်လည်ရွေးချယ်ရန် လိုအပ် သော်လည်း ယခုအချိန်အထိမည် သည့်ညွှန်ကြားချက်မျှရှိမနေသေး ကြောင်း ကော်မတီဝင်အချို့ကဆို သည်။
‘‘ကော်မတီအီးစီအစည်းအ ဝေးမှာလည်း ဒီကိစ္စနဲ့ပတ်သက် လို့ ပြောတာမရှိဘူး။ အချိန်က လည်း သိပ်မလိုတော့ဘူးဆိုတော့ မလုပ်ဖြစ်ဘူးလို့တော့ ထင်တာပဲ။ အမှန်ဆိုရင် ရွေးကောက်ပွဲလုပ် ဖို့ ဘတ်ဂျက်တင်ရမှာ။ ပြင်ဆင်မှု တွေ လုပ်နေရမယ့် အချိန်လေ’’ဟု ၂၀၁၄ စည်ပင်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည်။ ရွေးချယ်ခံရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးခင်မောင်တင့်က ပြောသည်။

စည်ပင်သာယာရေးကော်မ တီဝင်များ၏ သက်တမ်းမှာ အစိုး ရသက်တမ်းနှင့်အညီ သတ်မှတ် ထားခြင်းကြောင့် ယခုအချိန်က တည်းက ရွေးကောက်ပွဲပြုလုပ် ကာ ပြည်သူကရွေးချယ်မည့်ကော် မတီဝင်အသစ်များ ရွေးချယ်ပြီး မတ်လကုန် အစိုးရသစ်လက် ထက်၌ တာဝန်လွှဲပြောင်းမှုများ ပြုလုပ်ရမည်ဖြစ်သော်လည်းမည် သည့်အတွက်ကြောင့် ရွေးကောက် ပွဲမပြုလုပ်သည်ကို နားမလည် ကြောင်း စည်ပင်ရွေးကောက်ပွဲ ပြုလုပ်ရန် ဦးဆောင်တိုက်တွန်းခဲ့ သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာညိုညိုသင်းကပြောသည်။

‘‘အမှန်ကတော့ ဒီအချိန်မှာ ရွေးကောက်ပွဲ လုပ်ရမှာပေါ့။ မြို့တော်ဝန်က ရွေးချယ်မယ့် ကော်မတီဝင်တွေက နောက်အစိုး ရသစ်လက်ထက်ကျမှ ဆက်ရွေး ရမယ့်အပိုင်း။ ပြည်သူက ရွေး ချယ်တင်မြှောက်ရမယ့် ကော်မ တီဝင်တွေက အခုကတည်းက ရွေးထားရမယ်လေ’’ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီဝင် ဦးခင် လှိုင်ကမူ လက်ရှိရွေးချယ်ခံထားရ သူ အများစုသည် လုပ်ငန်းဆောင် ရွက်မှု အသားကျခါစသာဖြစ်ပြီး ရွေးကောက်ပွဲပြုလုပ်ပါက ဘတ် ဂျက်ငွေထပ်မံကုန်ကျမှုရှိနိုင် သောကြောင့် ရွေးကောက်ပွဲပြု လုပ်ဦးမည်မထင်ကြောင်းပြော သည်။

‘‘အခုရွေးချယ်ခံထားရသူ တွေက နောက်အစိုးရသက်တမ်းနဲ့ တွက်မယ့် သဘောမှာရှိတယ်။ တစ်နှစ်ကျော် ရွေးကောက်ပွဲကြို လုပ်တဲ့ သဘောပေါ့။ ရွေးကောက် ပွဲပြန်လုပ်မယ်ဆိုရင် ဘတ်ဂျက် ကထပ်ကုန်မှာပေါ့’’ဟု ၎င်းက ပြောသည်။ ပြီးခဲ့သည့် ရွေး ကောက်ပွဲတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဘဏ္ဍာငွေကျပ်သိန်းငါးထောင် ခန့် ကုန်ကျခဲ့ကြောင်း ထုတ်ပြန် ချက်များအရ သိရသည်။

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲ ဥပဒေအရ ဗဟို ကော်မတီတွင် မြို့တော်ဝန်က ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူ ၍ ကော်မတီအတွင်းရေးမှူး၊တွဲ ဖက်အတွင်းရေးမှူးနှင့်ကော်မတီ ၀င်နှစ်ဦးကို မြို့တော်ဝန်က ခန့် အပ်ရမည်ဖြစ်ပြီး ကော်မတီဝင် လေးဦးကို ခရိုင်တစ်ခုစီမှ တစ်ဦး နှုန်းဖြင့် ပြည်သူများက ရွေးချယ် တင်မြှောက်ရမည်ဖြစ်သည်။

ထို့အပြင် ခရိုင်နှင့်မြို့နယ် စည်ပင်သာယာရေးကော်မတီ များတွင်လည်း ဥက္ကဋ္ဌ၊ အဖွဲ့ဝင် (လူမှုရေး)၊ အဖွဲ့ဝင် (တတ်သိ ပညာရှင်)သုံးဦးကို ပြည်သူက ရွေးချယ်တင်မြှောက်ခွင့်ရရှိခဲ့ သည်။

ရန်ကုန်စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့် ရွေးကောက် ပွဲကို ၂၀၁၄ ဒီဇင်ဘာ ၂၇ ရက်က ပြုလုပ်ခဲ့ပြီး ကိုယ်စားလှယ်ပေါင်း ၃၀၀ ခန့် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကာ ၁၁၅ ဦးရွေးချယ်ခံရသည်။

ယင်းရွေးကောက်ပွဲပြုလုပ် စဉ်က ရန်ကုန်လူထုစိတ်ဝင်စားမှု နည်းပါးခဲ့ကာ အမှန်တကယ် မဲ ပေးနိုင်သူဦးရေ၏ ၂၅ ရာခိုင်နှုန်း မျှသာ မဲရုံသို့ လာရောက်မဲပေးခဲ့ ကြောင်း မှတ်တမ်းများအရ သိရ သည်။

7Day News Journal


No comments:

Post a Comment

My Blog List