Monday, January 18, 2016

မြစ်ဆုံကိစ္စလျော်စရာရှိပါက အလျော်ပေးပြီး တိုင်းပြည်နှင့် လူမျိုးကိုကာကွယ်ပေးသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့ဟုဆို


ဒေါ်အောင်ဆန်းစုကြည်က မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ တိုင်းပြည်နှင့် လူမျိုးကို အထိခိုက်မခံဘဲ လျော်စရာရှိပါက ပေးလျော်ပေးပြီး ကာကွယ်ပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း ယင်းပါတီမှ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ဦးစိုးညွန့် က ပြောသည်။
ဒီမြစ်ဆုံစီမံကိန်းနဲ့ပတ်သက် ပြီး ကျွန်တော်တို့ကို ဒေါ်အောင်ဆန်းစု ကြည်က ဘာတွေမှာထားသလဲဆိုတော့ ''ကျွန်မတို့ ပြောဖို့စောသေးတယ်။ ကျွန်မ တို့ ဘာမှမသိဘူး။ ပွင့်လင်းမြင်သာမှု မရှိ ဘဲ ဝေဖန်ပိုင်းခြားလို့လဲ မရဘူး။ ဒါတွေကို ခိုင်ခိုင်မာမာလုပ်ပြီးတဲ့အခါမှ ဘာဆိုတာ ပေါ်လာမှာပဲ'' ဟု ဒေါ်အောင်ဆန်းစု ကြည်က မှာကြားထားကြောင်း ၄င်းက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဗဟိုရဲ့အတိုင်ပင်ခံပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ယင်းသို့ပြောကြား ခဲ့ခြင်း ဖြစ်သည်။ ရွေးကောက်ပွဲအလွန်ကာလတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ အစိုးရဖြစ်ခဲ့လျှင် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍သက်ဆိုင်ရာ ကုမ္ပဏီများနှင့် မည်ကဲ့သို့ သဘောတူညီချက်များဖြင့် ချုပ်ဆို ထားသည်ကို ပြည်သူလူထုအားချပြသွားမည်ဟု အောက်တိုဘာ ၂ရက်က ကချင် ပြည်နယ် မြစ်ကြီးနားမြို့မနောအားကစားကွင်း၌ ကျင်းပသော မဲဆွယ်စည်းရုံးရေး ဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ကတိပြုမဲဆွယ်စည်းရုံးခဲ့သည်။

မြစ်ဆုံဆည်စီမံကိန်းကို၂ဝဝ၆ ခုနှစ်တွင် တရုတ်နှင့်မြန်မာတပ်မတော် အစိုးရလက်ထက်တွင် သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး ၂ဝဝ၉ခုနှစ်တွင် ဆောက်လုပ် ရေးလုပ်ငန်းများအား တရုတ်အစိုးရပိုင် ဃဏှု ကုမ္ပဏီက ဦးဆောင်ကာ ဆောက် လုပ်ခဲ့သည်။ ထိုသို့ဆောက်လုပ်မှုအတွက်မြစ်ဆုံ စီမံကိန်းရပ်တန့်ရေးကို ပြည်တွင်း ပြည်ပမြန်မာနိုင်ငံသား အလွှာအသီးသီး က ကန့်ကွက်တောင်းဆိုမှုများကြောင့် ၂ဝ၁၁ခုနှစ်စက်တင်ဘာလတွင် သမ္မတ ဦးသိန်းစိန်ကစီမံကိန်းကို လက်ရှိအစိုးရ သက်တမ်းအတွင်း ဆက်လက်အကောင် အထည်ဖော်ခြင်းမပြုဘဲ ဆိုင်းငံ့မည်ဖြစ် ကြောင်း ကြေညာခဲ့သည်။

မြစ်ဆုံဆည်စီမံကိန်းသည် ကန် ဒေါ်လာ ၃ဒသမ၆ဘီလီယံ အကုန်အကျခံ တည်ဆောက်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး ထွက်ရှိလာသည့် လျှပ်စစ်မဂ္ဂါဝပ် ၆ဝဝဝတွင် ရာခိုင်နှုန်း ၉ဝ ကို တရုတ်နိုင်ငံကရယူမည်ဖြစ်သည်။

ထို့ပြင် မြစ်ဆုံဆည်စီမံကိန်း အပါအဝင် မေခ၊ မလိခမြစ်နှင့် သံလွင်မြစ် တို့အပေါ်တွင်လည်း ရေကာတာစီမံကိန်းများ အတွက် ဒေါ်လာဘီလီယံ ၂ဝကို တရုတ် ကရင်းနှီးမြှုပ်နှံထားကာ လျှပ်စစ် မဂ္ဂါဝပ်အများစုကို တရုတ်က ရယူမည် ဖြစ်သည်။

‎TheFlowerNewsJournal‬

No comments:

Post a Comment

My Blog List