Wednesday, January 20, 2016

သြစီ ဝန်ကြီးချုပ်နဲ့ ကန်သမ္မတ တို့တွေ့ဆုံ


အမေရိကန် ​သမ္မတ ​ဘာရက်အိုဘားမားက ​သြစတြေးလျဝန်ကြီးချုပ် ​Malcolm ​Turnbull ​ကို ​အိမ်ဖြူတော်မှာ ​လက်ခံတွေ့ဆုံခဲ့ပြီး ​အကြမ်းဖက်မှု ​ကိစ္စနဲ့ ​ကမ္ဘာ့စီးပွားရေး ​ကိစ္စတွေကို ​ဆွေးနွေးခဲ့ကြပါတယ်။ Malcolm ​Turnbull ​က ​IS ​အစ္စလာမ်မစ် ​အကြမ်းဖက် ​အဖွဲ့ဟာ ​အွန်လိုင်းပေါ်မှာ ​လူတွေကို ​လွှမ်းမိုးမှုများတာကြောင့် ​အဲဒီအပေါ် ​တုန့်ပြန်မှုတွေ ​လုပ်ဖို့ ​ပိုကြိုးစားရမယ်လို့ ​သမ္မတ ​အိုဘားမားကို ​ပြောခဲ့ပါတယ်။
Trans ​Pacific ​Partnership ​လို့ခေါ်တဲ့ ​နိုင်ငံ ​၁၂ ​နိုင်ငံအကြား ​လွတ်လပ်စွာ ​ကုန်သွယ်ရေး ​သဘောတူညီမှု ​ကိစ္စကို ​အမေရိကန် ​လွှတ်တော်မှာ ​ထောက်ခံမှု ​ရဖို့အရေးတွေကို ​ဆွေးနွေးခဲ့ကြပါတယ်။

သမ္မတ ​အိုဘားမားက ​ကွန်ဂရက် ​လွှတ်တော်အမတ်တွေ ​Trans ​Pacific ​Patnership ​ကို ​သဘောတူဖို့ ​ကြိုးစားနေတာ ​ဖြစ်ပါတယ်။

အမေရိကန်က ​IS ​တိုက်ဖျက်ရေးအတွက် ​စစ်မြေပြင်မှာ ​စစ်သားတွေ ​ပိုမိုပို့ဆောင်ဖို့ ​မဟာမိတ်နိုင်ငံတွေကို ​တောင်းဆိုထားပေမယ့် ​ဒီတွေ့ဆုံမှုမှာ ​ဝန်ကြီးချုပ် ​Malcolm ​Turnbull ​ကို ​တိုက်ရိုက် ​ပြောဆိုတာ ​မရှိသလို ​ဝန်ကြီးချုပ်ကလည်း ​စစ်သား ​ထပ်မံ ​ပို့ဆောင်ဖို့ ​အစီအစဉ်မရှိဘူး ​ဆိုတာကို ​ကြိုတင် ​ပြောဆိုထားပြီး ​ဖြစ်ပါတယ်။

သမ္မတ ​အိုဘားမားက ​IS ​ချေမှုန်းရေးမှာ ​သြစတြေးလျ ​စစ်သားက ​ဒုတိယ ​အများဆုံးပါဝင်နေတာကြောင့် ​အဲဒီအပေါ် ​ချီးကျူးကြောင်း ​ပြောဆိုခဲ့ ပါတယ်။

ABC

No comments:

Post a Comment

My Blog List