Monday, January 18, 2016

လက်ရှိလွှတ်တော်သက်တမ်းတွင် အမုန်းစကား ထိန်းချုပ်ရေးဥပဒေ မပြဋ္ဌာန်းနိုင်တော့ဟုဆို


လူမျိုးရေး၊ ဘာသာ ရေး၊ ပုဂ္ဂိုလ်ရေးများ ထိခိုက်နစ်နာစေရန် တိုက်ခိုက်နေကြသည့် အမုန်းစကားရေးသားမှု၊ ပြောဆိုမှုများကို ထိန်းချုပ်နိုင်ရန် ပြည်ထောင် စုအစိုးရမှပြဋ္ဌာန်းဖို့ ကြိုးစားနေသည့် Hate Speech Law ကို လက်ရှိလွှတ်တော်သက် တမ်းအတွင်း သတ်မှတ်ပြဋ္ဌာန်းရန်အစီအစဉ် မရှိတော့ကြောင်း အမျိုးသားလွှတ်တော်ဥပဒေ ကြမ်းစိစစ်ရေးကော်မတီ အဖွဲ့ဝင် ဒေါက်တာ မြတ်Óဏစိုးက ပြောသည်။

''Hate Speech နဲ့ ပတ်သက်လို့ လွှတ်တော်မှာပြဋ္ဌာန်းဖို့တော့ မကြားမိပါဘူး။ အခု လွှတ်တော်သက်တမ်းကုန်တော့မယ်။ Hate Speech နဲ့ပတ်သက်ပြီး ဆောင်ရွက်နေ တဲ့ ဥပဒေကြမ်းတွေကိုတောင်မှ ပြည်ထောင်စု အစိုးရကို ပြန်လွှဲဖို့လုပ်နေပြီ။ ဒီလွှတ်တော် သက်တမ်းအတွင်းမှာ အဲဒီဥပဒေကိုပြုဖို့က အချိန်လဲ မရှိတော့သလို အစီအစဉ်လဲ မရှိ ဘူး''ဟု ၄င်းက ပြောသည်။
ဘလော့ဂါတစ်ဦးဖြစ်သူ ကိုနေ ဘုန်းလတ်က Hate Speech Law ကို သတ် မှတ်ပြဋ္ဌာန်းမည်ဆိုပါက နိုင်ငံတကာတွင် အသုံးပြုခဲ့သည့် Hate Speech Law ၏အ ကောင်း၊ အဆိုး၊ အကျိုး၊ အပြစ်များကို လေ့ လာသင့်ကြောင်းနှင့် နိုင်ငံတကာကဥပဒေ များကို လေ့လာကာ မိမိနိုင်ငံနှင့်ကိုက်ညီ သင့်လျော်သည့် ဥပဒေများကို ပြန်လည်ပြီး စိစစ်ရွေးချယ်သင့်ကြောင်း ပြောသည်။

''တချို့နိုင်ငံတွေမှာတော့ Anti-Hate Speech Law ဆိုတာ ရှိတယ်လို့သိရ တယ်။ Hate Speech ကို ဆန့်ကျင်တာပေါ့။ သို့သော် တစ်ဖက်ကလဲ Right to Information Law နဲ့တော့ တခြားသတင်းအချက်အ လက်တွေ သိခွင့်တို့၊ ပြောခွင့်တို့နဲ့ပတ်သက် တဲ့ဥပဒေတွေနဲ့ တစ်ပြိုင်နက်တည်းထွက်မှ ပိုအဆင် ပြေမှာပါ။ Hate Speech Law တစ်ခု တည်းဆိုရင်တော့ မပြည့်စုံဘူးလို့ပြော ရမှာ ပေါ့''ဟု ပြီးခဲ့သည့် ရွေးကောက်ပွဲအနိုင်ရရှိ ထားသူ ရန်ကုန်တိုင်းဒေ သကြီးလွှတ်တော် အမတ် ကိုနေဘုန်းလတ်က ပြောသည်။
မြန်မာနိုင်ငံတွင် လူမှုကွန်ရက်မီဒီ ယာများအတွင်း အမုန်းစကားပြောဆိုမှု များကို အရေးယူဆောင်ရွက်မည့် Hate Speech Law ဥပဒေကို ပြဋ္ဌာန်း ထားခြင်းမရှိသော် လည်း အသရေဖျက်မှုကဲ့သို့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ဖြင့် တရားစွဲဆိုအရေးယူထားမှု များရှိနေပြီး ၂ဝ၁၅ခုနှစ်အတွင်း တပ်မတော် ၏ စစ်ဝတ်စုံအရောင်နှင့်ပတ်သက်၍ အရေး ယူခြင်းခံရသူ မချောစန္ဒီထွန်း အပြင် ကဗျာ ဆရာမောင်ဆောင်းခ၊ ခွန်ဂျာလီနှင့် ကိုဇော် မျိုးညွန့်ကို လူမှုကွန်ရက်မီဒီယာများတွင် အသရေဖျက်မှုကဲ့သို့ ဂုဏ်သိက္ခာ ကျဆင်းစေ သောစာသားများ ရေးသားသူများကို တရား စွဲဆိုပြီး ပြစ်ဒဏ်ချမှတ်မှုများ ရှိခဲ့သည်။

Flower News Journal

No comments:

Post a Comment

My Blog List