Monday, January 18, 2016

ထိုင်ဝမ် အမျိုးသမီးသမ္မတတက်လာပြီးနောက် တရုတ်နဲ့ ဆက်ဆံရေး တင်းမာ


ထိုင်ဝမ်ပြည်သူတွေက သူတို့ရဲ့ ပထမဆုံးအမျိုးသမီး သမ္မတအဖြစ် အသက် ၆၀ အရွယ် Tsai Ing-wen ကို ရွေး ကောက် တင်မြှောက်လိုက်ပြီးတဲ့နောက် ထိုင်ဝမ်နဲ့ တရုတ်အစိုးရအကြား ဆက်ဆံရေး တင်းမာလာပါတယ်။ ထိုင်ဝမ်ရဲ့ လွတ်လပ်ရေးကို အဓိက ဦးစားပေးတဲ့ Democratic Progressive Party (DPP) ဟာ ပထမဆုံးအကြိမ်အဖြစ် အမတ်နေရာ အများစု အနိုင်ရရှိပြီး Tsai Ing-wen သမ္မတဖြစ် လာတာ ဖြစ်ပါတယ်။
၈ နှစ်ကျော်ကြာအောင် အာဏာရယူခဲ့တဲ့ Nationalist Party က DDP ပါတီကို ရှုံးနိမ့်သွားတာမို့ ထိုင်ဝမ်နဲ့တရုတ် အဆင်ပြေနေမှုတွေ တခန်းရပ် သွားတော့မလားဆိုတဲ့ မေးခွန်းထုတ်မှုတွေ လည်းရှိနေပါတယ်။

တရုတ်နိုင်ငံဘက်ကတော့ ထိုင်ဝမ်ဘက်က လွတ်လပ်ရေး ရဖို့ ကြိုးစားတဲ့ ဆောင်ရွက်မှုတွေ မလုပ်ဖို့ ပြင်းပြင်းထန်ထန် သတိပေးထားပြီဖြစ်ပါတယ်။

ဧရာဝတီ

No comments:

Post a Comment

My Blog List