Friday, February 15, 2013

မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို ဟန့်တားရန် ခရုဇ် ဒုံးကျည်များ တောင်ကိုရီးယား ဖြန့်ကြက်


တောင်ကိုရီးယားနိုင်ငံက မြောက်ကိုရီးယားနိုင်ငံသို့ ပစ်ခတ် တိုက်ခိုက်နိုင်စွမ်း ရှိသော ခရုဇ်ဒုံးကျည် များကို ဖြန့်ကြက်လျက်ရှိကြောင်း တောင်ကိုရီးယား တာဝန်ရှိသူ တစ်ဦးက ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြော ကြားသည်။ မြောက်ကိုရီးယားနိုင်ငံ၏ မည်သည့်ဒေသသို့မဆို ပစ်ခတ်နိုင်သော ခရုဇ်ဒုံး ကျည် များကို မိမိတို့ ဖြန့်ကြက်လျက်ရှိကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဌာန ပြောရေး ဆိုခွင့်ရှိသူ ကင် မင်ဆွက် က သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်တွင် သတင်းထောက် များအား ပြော ကြားသည်။
 
 တောင်ကိုရီးယားနိုင်ငံသည် ၄င်း၏ ပဲ့ထိန်းဒုံးကျည်များ ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း အရှိန်အ ဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းဒုံးကျည်များသည် ကီလိုမီတာ ၈ဝဝ အကွာအဝေးအထိ ပစ် ခတ်နိုင်ကြောင်း၊ ယင်းသို့ လုပ်ဆောင်ခြင်းသည် အမေရိကန်ပြည်ထောင်စုနှင့် ချုပ်ဆိုထားခဲ့သော
ဒုံးကျည်ဆိုင်ရာ သဘောတူညီမှု ပြင်ဆင်ချက်အပေါ် အခြေခံကြောင်း၎င်းက ပြောကြားသည်။ အမေရိ ကန် ပြည်ေ ထာင်စုနှင့် တောင်ကိုရီးယား နှစ်နိုင်ငံအကြား ပဲ့ထိန်းဒုံးကျည် ထုတ်လုပ်မှုဆိုင်ရာ သဘော တူ ညီချက်ကို ယမန်နှစ်က ပြင်ဆင်ခဲ့ပြီး မူလက သဘောတူထားသည့် ဒုံးကျည်များ၏ ပစ်ခတ်နိုင်မှု အကွာအဝေး ပမာဏကို နှစ်ဆခန့်အထိ ပြောင်းလဲ သတ်မှတ်နိုင်ခဲ့သည်။ ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက် များကို ဖီဆန်ကာ မြောက်ကိုရီးယားနိုင်ငံက တတိယအကြိမ်မြော က် မြေအောက်နျူ ကလီးယား စမ်း သပ်ေ ဖာက် ခွဲမှု ပြုခဲ့ပြီးနောက် တောင်ကိုရီးယားနိုင်ငံ၏ အဆိုပါ ကြေညာချက် ထွက်ပေါ် လာခြင်း ဖြစ် သည်။

ဆင်ဟွာ

No comments:

Post a Comment

My Blog List