Tuesday, February 12, 2013

အာရှအဆင့် နိုင်ငံဂုဏ်ဆောင် အားကစားသမားများကို ဂုဏ်ပြုမည်

Photo: အာရှအဆင့် နိုင်ငံဂုဏ်ဆောင် အားကစားသမားများကို ဂုဏ်ပြုမည်
Monday, February 11, 2013

အာရှ နှင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင်
နိုင်ငံ့ဂုဏ်ဆောင် ခဲ့သည့် အားကစားသမားများကို
အားကစားဝန်ကြီးဌာနမှ ဂုဏ်ပြုပွဲ ပြုလုပ်သွားမည်
ဖြစ်ကြောင်း သိရှိရသည်။

“ရွှေ၊ ငွေ၊ ကြေး ဆုရခဲ့ဖူးတဲ့ အားကစားသမားတွေကို
ဂုဏ်ပြုသွားမှာပါ” ဟု အားကစား လေ့ကျင့်ရေးစခန်း
လက်ထောက် ညွှန်ကြားရေးမှူး ဦးနိုင်လင်းအောင်က
ပြောကြားသည်။

ဆုရရှိဖူးသည့် နိုင်ငံဂုဏ်ဆောင် ကစားသမားများထံမှ
နည်းပညာများနှင့် အကြံဥာဏ်များ ရယူလိုသည့်အတွက်
ယခုကဲ့သို့ ဂုဏ်ပြုပွဲ ပြုလုပ်ခြင်းဖြစ်ကြောင်း ဦးနိုင်လင်းအောင်
က ရှင်းပြသည်။ ကစားသမားများအနေဖြင့် နေပြည်တော်
အားကစားလေ့ကျင့်ရေးစခန်း Gold Camp သို့ ဆက်သွယ် အကြောင်းကြားရမည်ဖြစ်ပြီး ဂုဏ်ပြုပွဲလုပ်မည့် အချိန် နှင့်
အစီအစဉ်ကို ထပ်မံ ထုတ်ပြန် သွားမည်ဖြစ်ကြောင်း
သိရသည်။

ဆုရရှိခဲ့ဖူးသူများအနေဖြင့် အမည်၊ နေရပ်လိပ်စာ၊
ဆက်သွယ်ရန်ဖုန်း၊ ဆုရရှိသည့် အမျိုးအစား၊ အားကစားနည်း၊
ပြိုင်ပွဲ၊ ခုနှစ်၊ အားကစားပြိုင်ပွဲအမည် တို့နှင့်အတူ အားကစား
ဝန်ကြီးဌာနသို့ ဆက်သွယ်ရမည်ဟု သိရသည်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အရှေ့
တောင်အာရှ အားကစားပြိုင်ပွဲ(ဆီးဂိမ်းစ်) တွင် တစ်တပ်တစ်အား
ပါဝင်ကူညီနိုင်ရေးနှင့် ဆက်သွယ်ခေါ်ယူပါက လာရောက်ပါရန် ဖိတ်ကြားထားသည်။

ယမန်နေ့က အားကစားဝန်ကြီးဌာနနှင့် အားကစား
ကလောင်ရှင်များအဖွဲ့ချုပ်တို့ ပူးပေါင်း၍ သက်ကြီးဝါရင့်
အားကစား ကလောင်ရှင်များကို ဂုဏ်ပြု ကန်တော့ပွဲ
ကျင်းပခဲ့ကြောင်းလည်း သိရသည်။

ဝါရင့် အားကစား ကလောင်ရှင် ၁၉ ဦးအတွက် တစ်ဦးလျှင်
ကျပ် ၄ သိန်းနှင့် Sky net ရုပ်သံလိုင်း၊ ကြည့်ရှုခွင့် တစ်နှစ်တို့ကို
လှူဒါန်းခဲ့ပြီး တက်ရောက်သူများက ဂါဝရပြု ကန်တော့ခဲ့ကြသည်။

ဟိန်းသူ
The Myanma Ageအာရှ နှင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများ တွင် နိုင်ငံ့ ဂုဏ်ဆောင် ခဲ့သည့် အားကစားသမားများကို အားကစားဝန်ကြီးဌာနမှ ဂုဏ်ပြုပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
“ရွှေ၊ ငွေ၊ ကြေး ဆုရခဲ့ဖူးတဲ့ အားကစားသမားတွေကိုဂုဏ်ပြုသွားမှာပါ” ဟု အားကစား လေ့ကျင့်ရေးစခန်းလက်ထောက် ညွှန်ကြားရေးမှူး ဦးနိုင်လင်းအောင်ကပြောကြားသည်။
ဆုရရှိဖူးသည့် နိုင်ငံဂုဏ်ဆောင် ကစားသမားများထံမှနည်းပညာများနှင့် အကြံဥာဏ်များရယူလိုသည့်အတွက်ယခုကဲ့သို့ဂုဏ်ပြုပွဲ ပြုလုပ်ခြင်းဖြစ်ကြောင်း ဦးနိုင်လင်းအောင်က ရှင်းပြ သည်။ ကစားသမားများအနေဖြင့် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း Gold Camp သို့ ဆက်သွယ် အကြောင်းကြားရမည်ဖြစ်ပြီး ဂုဏ်ပြုပွဲလုပ်မည့် အချိန် နှင့်အစီအစဉ်ကို ထပ်မံ ထုတ်ပြန် သွားမည်ဖြစ်ကြောင်းသိရသည်။
ဆုရရှိခဲ့ဖူးသူများအနေဖြင့် အမည်၊ နေရပ်လိပ်စာ၊ဆက်သွယ်ရန်ဖုန်း၊ ဆုရရှိသည့် အမျိုးအစား၊ အားကစား နည်း၊ပြိုင်ပွဲ၊ ခုနှစ်၊ အားကစားပြိုင်ပွဲအမည် တို့နှင့်အတူ အားကစားဝန်ကြီးဌာနသို့ ဆက်သွယ် ရမည်ဟု သိရသည်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(ဆီးဂိမ်းစ်) တွင် တစ်တပ်တစ်အားပါဝင်ကူညီနိုင်ရေးနှင့် ဆက်သွယ်ခေါ်ယူပါက လာရောက်ပါရန် ဖိတ်ကြားထားသည်။

ယမန်နေ့က အားကစားဝန်ကြီးဌာနနှင့် အားကစားကလောင်ရှင်များအဖွဲ့ချုပ်တို့ ပူးပေါင်း၍ သက်ကြီးဝါရင့်
အားကစား ကလောင်ရှင်များကို ဂုဏ်ပြု ကန်တော့ပွဲကျင်းပခဲ့ကြောင်းလည်း သိရသည်။

ဝါရင့် အားကစား ကလောင်ရှင် ၁၉ ဦးအတွက် တစ်ဦးလျှင်ကျပ် ၄ သိန်းနှင့် Sky net ရုပ်သံလိုင်း၊ ကြည့်ရှုခွင့် တစ်နှစ်တို့ကိုလှူဒါန်းခဲ့ပြီး တက်ရောက်သူများက ဂါဝရပြု ကန်တော့ခဲ့ကြသည်။

ဟိန်းသူ
The Myanma Age

No comments:

Post a Comment

My Blog List