Saturday, February 16, 2013

အစ္စလာမ်ဘာသာရေးအဖွဲ့ – ဒုက္ခသည်များ ကူညီပံ့ပိုးရေး ကော်မတီ မှ ကချင်စစ်ပြေး ဒုက္ခသည်များသို့ သွားရောက် လှူဒါန်းမည်

Photo: အစ္စလာမ်ဘာသာရေးအဖွဲ့ – ဒုက္ခသည်များ ကူညီပံ့ပိုးရေး ကော်မတီ မှ ကချင်စစ်ပြေး ဒုက္ခသည်များသို့ သွားရောက် လှူဒါန်းမည်
Friday, February 15, 2013

မန္တလေး။ ။ အစ္စလာမ်ဘာသာရေးအဖွဲ့၊ ဒုက္ခသည်များကူညီပံ့ပိုးရေးကော်မတီ (မန္တလေးတိုင်း၊ မန္တလေးမြို့)မှ ကချင်ပြည်နယ် စစ်ပြေးဒုက္ခသည်များ ထွက်ပြေး တိမ်းရှောင်နေရသည့် ကွတ်ခိုင်မြို့သို့ ၁၆.၂.၂၀၁၃ ရက်နေ့တွင် သွားရောက်ပြီး ၁၇.၂.၂၀၁၃ ရက်နေ့တွင် ဒုက္ခသည်စခန်းများသို့ စားနပ် ရိက္ခာနှင့် ဆေးဝါး ပစ္စည်းများ သွားရောက် ကူညီလှူဒါန်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အစ္စလာမ်ဘာသာရေးအဖွဲ့ – ဒုက္ခသည်များ ကူညီပံ့ပိုးရေးကော်မတီတွင် ပါဝင်သည့် တာဝန်ရှိသူတစ်ဦးအား ဆက်သွယ်မေးမြန်းရာ “ကျွန်တော်တို့ မနက်ဖြန် ၁၅.၂.၂၀၁၃ ရက်နေ့မှာ ကွတ်ခိုင်မြို့ကို ထွက်ခွာကြပါမယ်။ လှူဒါန်းမှာကတော့ ကွတ်ခိုင်မြို့ပေါ်က ဘုရားကျောင်း (၂)ကျောင်းမှာ ရောက်ရှိနေသည့် ကချင် ဒုက္ခသည် ၅၀၀-ကျော်ကို စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လှူဒါန်းပါမယ်။ ဘုရားကျောင်း ၁-ကျောင်းမှာ ဒုက္ခသည် ၃၀၀-ကျော်နဲ့ နောက် ၁-ကျောင်းမှာတော့ ဒုက္ခသည် ၁၀၀-ကျော်ရှိပါတယ်။ အဲဒီ ၅၀၀-ကျော်က ကချင် ဒုက္ခသည်တွေပါ။ နောက်ပြီးတော့ ကွတ်ခိုင်မြို့နဲ့ ၆-မိုင်အကွာမှာရှိတဲ့ ရွာလေးမှာလည်း ပလောင် ဒုက္ခသည် ၄၀၀-ကျော်ကိုလည်း စားနပ်ရိက္ခာနဲ့ဆေးဝါးများကို လှူဒါန်းပါမယ်။ ကျွန်တော်တို့တွေ ဒုက္ခသည်စုစုပေါင်း ၁၀၀၀-ကျော်အတွက် လှူဒါန်းပါမယ်။ ၁၇.၂.၂၀၁၃ ရက်နေ့မှာ ကွတ်ခိုင်မြို့ပေါ်မှာပဲ ပစ္စည်းများပေးအပ် လှူဒါန်းပွဲလုပ်ပြီး ပေးအပ်ပါမယ်။ ပေးလှူမှာက တာဝန်ရှိ အာဏာပိုင်အဖွဲ့ကို ပေးအပ်မှာပါ။ ကျန်းမာရေးကလည်းပါမယ်။ လူဝင်မှုကြီးကြပ်ရေးကလည်းပါမယ်။ မြို့နယ်အုပ်ချုပ်ရေး ကလည်းပါမယ်။ နောက်ပြီးတော့ ဒုက္ခသည်စခန်းက တာဝန်ခံတွေနဲ ညှိနှိုင်းပြီး ပေးအပ်မှာပါ။” လို့ M-Media ကို ပြောပြလာပါတယ်။

စားနပ်ရိက္ခာအနေနှင့် ဆန်-အိတ်(၅၀၀)၊ ကုလားပဲကြမ်း-အိတ်(၃၀)၊ ဆီ-(၅)ပေပါ၊ ဆား-အချိန်(၃၀၀)၊ ဆေးဝါးအနေနှင့် အခြေခံဆေးဝါးများဖြစ်သည့် ၀မ်းလျှော/ ၀မ်းပျက်၊ ဖျားနာ၊ နှာစေး၊ ချောင်းဆိုး ပျောက်သည့်ဆေး စသည့်ဆေးဝါးများ (၁၉)သိန်းကျော်ဖိုး လှူဒါန်းမည်ဖြစ်ပြီး စုစုပေါင်း သိန်း(၁၂၀)၀န်းကျင် တန်ဖိုးရှိသည်ဟု သိရသည်။

အစ္စလာမ်ဘာသာရေးအဖွဲ့ – ဒုက္ခသည်များ ကူညီပံ့ပိုးရေးကော်မတီ (မန္တလေးတိုင်း၊ မန္တလေးမြို့)သည် ၂၀၁၂-ခု ဇွန်လတွင် စတင်ဖွဲ့စည်းခဲ့သည့် ဘာသာ လူမျိုးမခြား ကူညီပံ့ပိုးနေသည့် အဖွဲ့တစ်ခုဖြစ်ပြီး ရခိုင်ကိစ္စတွင် လူမျိုးဘာသာမရွေးကူညီစောင့်ရှောက်ခဲ့သလို နမ့်ဆန်မီးဘေးတွင်လည်း မီးဘေးဒုက္ခသည် လူမျိုးဘာသာမရွေးကိုလှူဒါန်းခဲ့ပြီး ယခုအကြိမ် ကချင်စစ်ပြေးဒုက္ခသည်များကို ကူညီပံ့ပိုးလှူဒါန်းခြင်းသည် တတိယအကြိမ်မြောက် လှူဒါန်းမှုဖြစ်ကြောင်း သိရသည်။

M-Mediaမန္တလေး။ ။ အစ္စလာမ်ဘာသာရေးအဖွဲ့၊ ဒုက္ခသည်များ ကူညီပံ့ ပိုးရေးကော်မတီ (မန္တလေးတိုင်း၊ မန္တလေးမြို့)မှ ကချင်ပြည်နယ် စစ်ပြေးဒုက္ခသည်များ ထွက်ပြေး တိမ်းရှောင်နေရသည့် ကွတ်ခိုင်မြို့သို့ ၁၆.၂.၂၀၁၃ ရက်နေ့တွင် သွားရောက်ပြီး ၁၇.၂.၂၀၁၃ ရက်နေ့တွင် ဒုက္ခသည်စခန်းများသို့ စားနပ် ရိက္ခာနှင့် ဆေးဝါး ပစ္စည်းများ သွားရောက် ကူညီလှူဒါန်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အစ္စလာမ်ဘာသာရေးအဖွဲ့ – ဒုက္ခသည်များ ကူညီပံ့ ပိုးရေးကော်မတီ တွင် ပါဝင်သည့် တာဝန်ရှိသူတစ်ဦးအား ဆက်သွယ်မေးမြန်းရာ “ကျွန်တော်တို့ မနက်ဖြန် ၁၅.၂.၂၀၁၃ ရက်နေ့မှာ ကွတ်ခိုင်မြို့ကို ထွက်ခွာကြပါမယ်။ လှူဒါန်းမှာကတော့ ကွတ်ခိုင်မြို့ပေါ်က ဘုရားကျောင်း (၂)ကျောင်းမှာ ရောက်ရှိနေသည့် ကချင် ဒုက္ခသည် ၅၀၀-ကျော်ကို စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လှူဒါန်းပါမယ်။ ဘုရားကျောင်း ၁-ကျောင်းမှာ ဒုက္ခသည် ၃၀၀-ကျော်နဲ့ နောက် ၁-ကျောင်းမှာတော့ ဒုက္ခသည် ၁၀၀-ကျော်ရှိပါတယ်။ အဲဒီ ၅၀၀-ကျော်က ကချင် ဒုက္ခသည်တွေ ပါ။ နောက်ပြီးတော့ ကွတ်ခိုင်မြို့နဲ့ ၆-မိုင်အကွာမှာရှိတဲ့ ရွာလေးမှာလည်း ပလောင် ဒုက္ခသည် ၄၀၀-ကျော်ကိုလည်း စားနပ်ရိက္ခာနဲ့ဆေးဝါးများကို လှူဒါန်းပါမယ်။ ကျွန်တော်တို့တွေ ဒုက္ခသည်စုစုပေါင်း ၁၀၀၀-ကျော်အတွက် လှူဒါန်းပါမယ်။ ၁၇.၂.၂၀၁၃ ရက်နေ့မှာ ကွတ်ခိုင်မြို့ပေါ်မှာပဲ ပစ္စည်းများပေးအပ် လှူဒါန်းပွဲလုပ်ပြီး ပေးအပ်ပါမယ်။ ပေးလှူမှာက တာဝန်ရှိ အာဏာပိုင်အဖွဲ့ကို ပေးအပ်မှာပါ။ ကျန်းမာရေးကလည်းပါမယ်။ လူဝင်မှုကြီးကြပ်ရေးကလည်းပါမယ်။ မြို့နယ်အုပ်ချုပ်ရေး ကလည်းပါ မယ်။ နောက်ပြီးတော့ ဒုက္ခသည်စခန်းက တာဝန်ခံတွေနဲ ညှိနှိုင်းပြီး ပေးအပ်မှာပါ။” လို့ M-Media ကို ပြောပြလာပါတယ်။

စားနပ်ရိက္ခာအနေနှင့် ဆန်-အိတ်(၅၀၀)၊ ကုလားပဲကြမ်း-အိတ်(၃၀)၊ ဆီ-(၅)ပေပါ၊ ဆား-အချိန် (၃၀၀)၊ ဆေးဝါးအနေနှင့် အခြေခံဆေးဝါးများဖြစ်သည့် ၀မ်းလျှော/ ၀မ်းပျက်၊ ဖျားနာ၊ နှာစေး၊ ချောင်းဆိုး ပျောက်သည့်ဆေး စသည့်ဆေးဝါးများ (၁၉)သိန်းကျော်ဖိုး လှူဒါန်းမည်ဖြစ်ပြီး စုစုပေါင်း သိန်း(၁၂၀)၀န်းကျင် တန်ဖိုးရှိသည်ဟု သိရသည်။

အစ္စလာမ်ဘာသာရေးအဖွဲ့ – ဒုက္ခသည်များ ကူညီပံ့ပိုးရေးကော်မတီ (မန္တလေးတိုင်း၊ မန္တလေးမြို့)သည် ၂၀၁၂-ခု ဇွန်လတွင် စတင်ဖွဲ့စည်းခဲ့သည့် ဘာသာ လူမျိုးမခြား ကူညီပံ့ပိုးနေသည့် အဖွဲ့တစ်ခုဖြစ်ပြီး ရခိုင်ကိစ္စတွင် လူမျိုးဘာသာမရွေးကူညီစောင့်ရှောက်ခဲ့သလို နမ့်ဆန်မီးဘေးတွင်လည်း မီးဘေးဒုက္ခသည် လူမျိုးဘာသာမရွေးကိုလှူဒါန်းခဲ့ပြီး ယခုအကြိမ် ကချင်စစ်ပြေးဒုက္ခသည်များကို ကူညီပံ့ပိုးလှူဒါန်းခြင်းသည် တတိယအကြိမ်မြောက် လှူဒါန်းမှုဖြစ်ကြောင်း သိရသည်။

M-Media

No comments:

Post a Comment

My Blog List