
နံနက် (၁၀)နာရီ အချိန်က ရန်ကုန်မြို့ သံသုမာလမ်းရှိ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ရုံးခန်းတွင် ပြုလုပ်ကျင်းပစဉ်။
၎င်းပွဲတွင် ပဏာမ ရွေးချယ်ထားသော အယောက် (၂၀)ဦး ထဲမှ (၅)ဦးကို ရွေးချယ်သွားမည် ဖြစ်သည်။ ထို (၅)ဦး မှာ Miss Myanmar International (၁)ဦး၊ Fist Winner ဆု(၁)ဦးနှင့် Second Winner ဆု (၁)ဦး တို့ဖြစ်ပြီး မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း အတွက် ရွေးချယ်မည့်သူ(၁)ဦး၊ (MHA) Myanmar Hotel Association အတွက် ရွေးချယ်မည့်သူ (၁)ဦး၊ စုစုပေါင်း(၅)ဦး ရွေးချယ်သွားမည် ဖြစ်သည်။
Miss Myanmar International အဖြစ် ရွေးချယ်ခံရသူသည် ဆုငွေ သိန်း(၃၀)နှင့် ကမ္ဘာအဆင့် မယ်ပြိုင်ပွဲများသို့ ၀င်ရောက် ယှဉ်ပြိုင်ခွင့်ကို ရရှိမည်ဖြစ်ပြီး၊ Fist Winner ဆုအတွက် သိန်း (၂၀)၊ Second Winner ဆုအတွက် (၁၀)သိန်းနှင့် နှစ်သိမ့်ဆု (၁၅)ဆု အတွက် (၂)သိန်းနှင့်GIFT VOUCHER တို့ကို ချီးမြှင့်ပေးအပ်သွားမည် ဖြစ်သည်။
(ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
Mizzima - News in Burmese
No comments:
Post a Comment