Wednesday, February 13, 2013

ကြားခံပွဲစား ရိုက်စားလုပ်နေသောကြောင့် ထိုင်းယာယီနိုင်ငံကူးလက်မှတ် ဈေးမြင့်နေခြင်း ဒေါ်အောင်ဆန်းစုကြည် ကူညီပေးရန် မေတ္တာရပ်ခံစာ ပေးပို့

Photo: ကြားခံပွဲစား ရိုက်စားလုပ်နေသောကြောင့် ထိုင်းယာယီနိုင်ငံကူးလက်မှတ်
ဈေးမြင့်နေခြင်း ဒေါ်အောင်ဆန်းစုကြည် ကူညီပေးရန် မေတ္တာရပ်ခံစာ ပေးပို့
Wednesday, February 13, 2013

ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ ယာယီနိုင်ငံကူး လက်မှတ်ပြုလုပ် ရာတွင် ကုန်ကျစရိတ်မြင့်မားခြင်းနှင့် ပတ်သက်၍ ကူညီတိုက်တွန်းပေးရန် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်
ဒေါ်အောင်ဆန်းစုကြည်ထံသို့ ရွှေ့ပြောင်းအလုပ်သမား
အခွင့်အရေးကွန်ရက်မှ မေတ္တာရပ်ခံစာ ပေးပို့ထားကြောင်း သိရသည်။

ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ် ရာတွင် နှစ်နိုင်ငံအစိုးရများမှ သတ်မှတ် နှုန်းထားမှာဘတ် ၁ဝ၅ဝ ဖြစ်သော်လည်း အလုပ်သမားများ၏ အမှန်တကယ် ကုန်ကျစရိတ်သည် ပွဲစားများမှ တစ်ဆင့် ခံ လုပ်နေရသဖြင့် ဘတ် ၅၅ဝဝ မှ ၇ဝဝဝ အထိဖြစ်နေကြောင်း ရွှေ့ပြောင်း အလုပ်သမား
အခွင့်အရေးကွန်ရက်မှ ပေးပို့သော စာတွင်ဖော်ပြထားသည်။ 

များပြားလှသော လုပ်ဆောင်ချက် အဆင့်ဆင့်တို့သည် သာမန်အလုပ်ရှင်၊ အလုပ်သမားများအဖို့ သိရှိနားလည်ရန်၊ ဆောင်ရွက်ရန်ခက်ခဲသလို လုပ်ငန်းစဉ် များသို့ ကိုယ်တိုင်ကိုယ်ကျဝင်ရောက်လုပ် ဆောင်ရန်
မဖြစ်သလောက် ခက်ခဲနေပြီး ပွဲစားများနှင့်ဆောင်ရွက်မှသာရရှိစေရန်
ပြုလုပ်ထားသကဲ့သို့ ဖြစ်နေကြောင်း၊ နှစ်နိုင်ငံအစိုးရများမှ လုပ်ငန်းစဉ်
အားလုံး ကိုစီစဉ်ဆောင်ရွက်ပေးသော သီးသန့်ဌာန မရှိကြောင်း ထိုင်းအစိုးရ ထုတ်ပြန်ချက်အရ အလုပ်ရှင်ဘက်မှ လိုက်လံဆောင် ရွက်ရန် ပါရှိသော်လည်း နှစ်နိုင်ငံ အစိုးရဝန်ထမ်းများမှ တရားဝင်ဈေး နှုန်းနှင့် ပါဝင်ဆောင်ရွက်ပေးနိုင်မှု အားနည်းခြင်း၊ ကိုယ်တိုင်နားလည် တတ်ကျွမ်းစွာ လုပ်ဆောင်မပေးနိုင် ခြင်း၊ လုပ်ဆောင် မပေးလိုကြခြင်း ကြောင့် အကျိုး ဆောင် ကုမ္ပဏီများ နှင့် ကြားပွဲစားများ၏ အခန်းကဏ္ဍသည် အ ရေးပါလာကြောင်း ကွန် ရက်မှ သိရသည်။

''လတ်တလော ဖြစ် ပေါ်နေတဲ့ ပြဿနာတွေကို ဦးစားပေးပြီးတော့
ဖြေရှင်းပေး ဖို့မေတ္တာရပ်ခံတာပါ'' ဟု ကွန် ရက်မှ တာဝန်ရှိသူတစ်ဦးက
ပြောသည်။

ကုမ္ပဏီပွဲစားများသည် ယာယီနိုင်ငံကူးလက်မှတ်လုပ်ငန်း စဉ် အားလုံးကို စီစဉ်ဆောင်ရွက်ပေး ပြီး အကျိုးဆောင်ခများ သတ်မှတ်ရ ယူကြကြောင်း၊ အစိုးရ ကြေညာ ချက်ထဲတွင် ပွဲစားများအတွက် အ ကျိုးဆောင်ခ သတ်မှတ်ချက် ထည့် သွင်းဖော်ပြထားခြင်း မရှိဘဲ လက် တွေ့တွင်မူ
ပွဲစားများမှသာ ဆောင် ရွက်ပေးရခြင်းကြောင့် ယာယီနိုင်ငံ ကူးလက်မှတ်
ဆောင်ရွက်မှု ဈေးကွက် တစ်ခုလုံးပွဲစားများ၏လက် အတွင်း ကျ ရောက်ခဲ့ရကြောင်း သိရသည်။

မကြာမီပြုလုပ်တော့မည့် အ ထောက်အထား ထုတ်ပေးရေး လုပ် ငန်းစဉ်တွင်လည်း ယခင်ပြီးခဲ့သည့် လုပ်ငန်းစဉ်မှ အားနည်းချက်များကို စံနမူနာယူကာ ပွင့်လင်းမြင်သာမှု ရှိစေရန် အစိုးရများမှ ဦးဆောင်ပြီး တရားဝင် ဈေးနှုန်းအတိုင်း အလုပ် ရှင် အလုပ်သမား ကိုယ်တိုင် လုပ်ဆောင်နိုင်သော စနစ် ကို ဖော်ထုတ်ပေးရန် ဒေါ်အောင် ဆန်းစုကြည်က တိုက်တွန်းပေးစေ လိုကြောင်းဟူ၍ ဖော်ပြထားသည်။

ယာယီနိုင်ငံကူးလက်မှတ် ထုတ် ပေးရေး လုပ်ငန်းစဉ်ကို ယခုလ ၁၅ ရက်မှ စတင်မည်ဖြစ်ပြီး စခန်း ၁၁ ခုတွင် လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း
သိရသည်။

MZWထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ ယာယီနိုင်ငံကူး လက်မှတ်ပြုလုပ် ရာတွင် ကုန်ကျစရိတ်မြင့်မားခြင်းနှင့် ပတ်သက်၍ ကူညီတိုက်တွန်းပေးရန် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဒေါ်အောင် ဆန်းစုကြည်ထံသို့ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ရက် မှ မေတ္တာရပ်ခံစာ ပေးပို့ထားကြောင်း သိရသည်။
ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ် ရာတွင် နှစ်နိုင်ငံအစိုးရများမှ သတ် မှတ် နှုန်းထားမှာဘတ် ၁ဝ၅ဝ ဖြစ်သော်လည်း အလုပ်သမားများ၏ အမှန်တကယ် ကုန်ကျစရိတ်သည် ပွဲစားများမှ တစ်ဆင့် ခံ လုပ်နေရ သဖြင့် ဘတ် ၅၅ဝဝ မှ ၇ဝဝဝ အထိဖြစ်နေကြောင်း ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေးကွန် ရက် မှ ပေးပို့သော စာတွင်ဖော်ပြထားသည်။ များပြားလှသော လုပ်ဆောင်ချက် အဆင့်ဆင့်တို့သည် သာမန်အလုပ်ရှင်၊ အလုပ်သမားများအဖို့ သိရှိနားလည်ရန်၊ ဆောင်ရွက်ရန်ခက်ခဲသလို လုပ်ငန်းစဉ် များသို့ ကိုယ်တိုင်ကိုယ်ကျဝင်ရောက်လုပ် ဆောင်ရန်မဖြစ်သလောက် ခက်ခဲနေပြီး ပွဲစားများနှင့်ဆောင်ရွက်မှ သာရရှိစေရန်ပြုလုပ်ထားသကဲ့သို့ ဖြစ်နေကြောင်း၊ နှစ်နိုင်ငံအစိုးရများမှ လုပ်ငန်းစဉ်အားလုံး ကိုစီ စဉ်ဆောင်ရွက်ပေးသော သီးသန့်ဌာန မရှိကြောင်း ထိုင်းအစိုးရ ထုတ်ပြန်ချက်အရ အလုပ်ရှင်ဘက်မှ လိုက်လံဆောင် ရွက်ရန် ပါရှိသော်လည်း နှစ်နိုင်ငံ အစိုးရဝန်ထမ်းများမှ တရားဝင်ဈေး နှုန်းနှင့် ပါဝ င်ဆော င်ရွက်ပေးနိုင်မှု အားနည်းခြင်း၊ ကိုယ်တိုင်နားလည် တတ်ကျွမ်းစွာ လုပ်ဆောင်မပေးနိုင် ခြင်း၊ လုပ်ဆောင် မပေးလိုကြခြင်း ကြောင့် အကျိုး ဆောင် ကုမ္ပဏီများ နှင့် ကြားပွဲစားများ၏ အခန်းကဏ္ဍသည် အ ရေးပါ လာကြောင်း ကွန် ရက်မှ သိရသည်။

''လတ်တလော ဖြစ် ပေါ်နေတဲ့ ပြဿနာတွေကို ဦးစားပေးပြီးတော့ဖြေရှင်းပေး ဖို့မေတ္တာရပ်ခံတာပါ'' ဟု ကွန် ရက်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ကုမ္ပဏီပွဲစားများသည် ယာယီနိုင်ငံကူးလက်မှတ်လုပ်ငန်း စဉ် အားလုံးကို စီစဉ်ဆောင်ရွက်ပေး ပြီး အကျိုးဆောင်ခများ သတ်မှတ်ရ ယူကြကြောင်း၊ အစိုးရ ကြေညာ ချက်ထဲတွင် ပွဲစားများအတွက် အ ကျိုးဆောင်ခ သတ်မှတ်ချက် ထည့် သွင်းဖော်ပြထားခြင်း မရှိဘဲ လက် တွေ့တွင်မူပွဲစားများမှသာ ဆောင် ရွက်ပေးရခြင်းကြောင့် ယာယီနိုင်ငံ ကူးလက်မှတ်ဆောင်ရွက် မှု ဈေးကွက် တစ်ခုလုံးပွဲစားများ၏လက် အတွင်း ကျ ရောက်ခဲ့ရကြောင်း သိရသည်။

မကြာမီပြုလုပ်တော့မည့် အ ထောက်အထား ထုတ်ပေးရေး လုပ် ငန်းစဉ်တွင်လည်း ယခင်ပြီးခဲ့သည့် လုပ်ငန်းစဉ်မှ အားနည်းချက်များကို စံနမူနာယူကာ ပွင့်လင်းမြင်သာမှု ရှိစေရန် အစိုးရများမှ ဦးဆောင်ပြီး တရားဝင် ဈေးနှုန်းအတိုင်း အလုပ် ရှင် အလုပ်သမား ကိုယ်တိုင် လုပ်ဆောင်နိုင်သော စနစ် ကို ဖော်ထုတ်ပေးရန် ဒေါ်အောင် ဆန်းစုကြည်က တိုက်တွန်းပေးစေ လိုကြောင်းဟူ၍ ဖော်ပြထားသည်။

ယာယီနိုင်ငံကူးလက်မှတ် ထုတ် ပေးရေး လုပ်ငန်းစဉ်ကို ယခုလ ၁၅ ရက်မှ စတင်မည်ဖြစ်ပြီး စခန်း ၁၁ ခုတွင် လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း
သိရသည်။

MZW

No comments:

Post a Comment

My Blog List