Tuesday, February 12, 2013

ကယား ပြည်နယ်နှင့် ကချင်ပြည်နယ် အတွင်းရှိ ပြည်သူ များအား တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့ များက ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေး

တပ်မတော်သည် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး အတွက်အထောက်အကူ ပြုစေမည့် ပြည်နယ်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများအား သက်ဆိုင်ရာ ပြည်နယ် အစိုးရ များဖြင့် ပူးပေါင်း၍ တတ်နိုင်သည့် ဘက်မှ ဝိုင်းဝန်း ဆောင်ရွက် ပေးလျက် ရှိရာ ကယားပြည် နယ် အတွင်း တပ်မ တော် နယ်လှည့် အထူး ကု ဆေးအဖွဲ့(၅) ဖွဲ့၊ အခြေပြု ဆေးအဖွဲ့ (၂)ဖွဲ့ဖြင့် လည်းကောင်း၊ ကချင်ပြည်နယ် အတွင်း တပ် မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့(၅) ဖွဲ့ဖြင့်
လည်းကောင်း ဒေသခံ တိုင်းရင်းသား ပြည်သူ များ၏ လူနေမှု ဘဝ မြှင့်တင်နိုင်ရေး အတွက် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအား ဆောင်ရွက် ပေးလျက် ရှိပါသည်။ကယားပြည်နယ် အတွင်း တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့(၅)ဖွဲ့၊ အခြေပြု ဆေးကုသရေး အဖွဲ့(၂)ဖွဲ့ဖြင့် ဒေသခံ တိုင်းရင်းသား ပြည်သူ များကို လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း များ ဆောင်ရွက်ပေး ရာ ဖေဖော်ဝါရီ ၈ ရက်မှ ၁ဝ ရက်အထိ လွိုင်ကော်မြို့နှင့် ပတ်ဝန်းကျင် ကျေးရွာ များမှ ဒေသခံ ပြည်သူ ၅၄၂ ဦး၊ မော်ချီး နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူ ၄၂၆ ဦး၊ မာခရောရှည်နှင့် ပတ် ဝန်းကျင် ကျေးရွာ များမှ ဒေသခံပြည်သူ ၂၇၄ ဦး၊ ဘော်လခဲမြို့နှင့် ပတ်ဝန်း ကျင် ကျေးရွာ များမှ ဒေသခံ ပြည်သူ ၄၁၃ ဦး၊ ရွာသစ် ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာ များမှ ဒေသခံ ပြည်သူ ၂၅၃ ဦး၊ ရှားတောမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာ များမှ ဒေသခံ ပြည်သူ ၇၅၇ ဦး၊ ပန်တိန်း ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာ များမှ ဒေသခံ ပြည်သူ ၂၂၃ ဦး၊ စုစုပေါင်း ဒေသခံ ပြည် သူ ၂၈၈၈ ဦးအား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း များနှင့် ဆေး ဝါး ကုသရေး လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့သည့် အပြင် ဆေးရုံ တက်ရောက် ကုသရန် လိုအပ်သည့် လူနာ ၅၈ ဦးအားလည်း လွိုင်ကော်မြို့ တပ်မတော် ဆေးရုံသို့ ပို့ဆောင် ဆေးဝါး ကုသ စေခဲ့သည်။ကယား ပြည်နယ် အတွင်း ဆေးကုသမှု ဆောင်ရွက် ပေးသည့် ကျေးရွာများသို့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးထွဋ်နှင့် တိုင်း စစ်ဌာနချုပ်မှ တပ်မတော် အရာရှိ ကြီးများက သွားရောက်ပြီး ဆေးဝါး ကုသမှု ခံယူနေသော ဒေသခံ တိုင်းရင်းသား ပြည်သူများကို ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်၍ အားပေးစကား ပြောကြားသည်။အလားတူ ကချင်ပြည်နယ် ပူတာအို ဒေသ အတွင်း၌ တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့ (၅)ဖွဲ့ဖြင့် ဒေသခံ တိုင်းရင်းသား ပြည်သူများကို လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးရာ ဖေဖော်ဝါရီ ၈ ရက်မှ ၁ဝ ရက်အထိ ပူတာအိုမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာ များမှ ဒေသခံ ပြည်သူ ၂၈၃ ဦး၊ မူလာရှီဒီး ရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၃၆၁ဦး၊ မချမ်း ဘော မြို့နယ်နှင့် ပတ်ဝန်းကျင် ကျေးရွာ များမှ ဒေသခံ ပြည်သူ ၃၇၅ ဦး၊ ကောင်းမှုလုံ ရွာနှင့် ပတ်ဝန်းကျင် ကျေးရွာ များမှ ဒေသခံ ပြည်သူ ၃၆ဝ ဦး၊ စုစုပေါင်း ဒေသခံ ပြည်သူ ၁၃၇၉ ဦးအား လိုအပ် သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် ဆေးဝါး ကုသခြင်း များအား ဆောင်ရွက် ပေးသည်။ကချင်ပြည်နယ် အတွင်း ဆေးကုသမှု ဆောင်ရွက် ပေးသည့် ကျေးရွာ များသို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်နှင့် တိုင်း စစ်ဌာနချုပ်မှ တပ်မတော် အရာရှိ ကြီးများက သွားရောက်၍ ဆေးဝါး ကုသမှု ခံယူနေသော ဒေသခံ တိုင်းရင်းသား ပြည်သူများကို ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်အား ပေး စကား ပြောကြား ခဲ့ကြောင်း သတင်း ရရှိသည်။

 မြ၀တီ


No comments:

Post a Comment

My Blog List