Saturday, February 16, 2013

တူရကီ- ဆီးရီးယား နယ်စပ်တွင် လူ ၁၄ ဦး သေဆုံးခဲ့သော ကားဗုံး ပေါက်ကွဲမှု

တူရကီ- ဆီးရီးယား နယ်စပ်တွင် လူ ၁၄ ဦးသဆုံးခဲ့သော ကားဗုံး ပေါက်ကွဲ မှု ဖြစ် ပွား ပြီးနောက် တူရကီ Cilvegozu နယ်စပ်ဂိတ် အား ပြန်လည်ဖွင့်လှစ် ခဲ့ကြောင်း Dogan သတင်း ဌာနက ဖေဖော်ဝါရီလ ၁၄ ရက် နေ့တွင် ဖော်ပြ ခဲ့ပါသည်။
အဆိုပါ နယ်စပ်ဂိတ်အား ဒေသ စံတော်ချိန် ၁ဝ၃ဝ နာရီတွင် ပြန်လည် ဖွင့်လှစ် ခဲ့ခြင်း ဖြစ်ကြောင်း သိရှိ ရပါသည်။ အဆိုပါ တူရကီ- ဆီးရီးယား နယ်စပ်ဂိတ်၌ ကားဗုံး ပေါက်ကွဲမှု တွင် ပါဝင် ပတ်သက်သည်ဟု သံသယ ရှိသူ တစ်ဦးအား ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဖမ်းဆီး ထိန်းသိမ်းထား ကြောင်း ဒေသ သတင်းစာ၏ ဖော်ပြချက် အရ သိရှိ ရပါသည်။ ကားဗုံး ပေါက်ကွဲမှုတွင် တူရကီ နိုင်ငံသား ၃ ဦး အပါအဝင် ၁၄ ဦး သေဆုံး၍ လူပေါင်း များစွာ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိ ရပါသည်။ ကားဗုံး ပေါက်ကွဲ မှုနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးမှုများ ပြည့်စုံစွာ ပြုလုပ်ပြီးနောက် ၎င်းကိစ္စအား အရေးယူ ဆောင်ရွက် သွားမည်ဟု တူရကီ ဝန်ကြီးချုပ် Recep Tayyip Erdogan က ဆုံးဖြတ် ထားကြောင်း သိရှိ ရပါ သည်။

http://bit.ly/12SAbVq

No comments:

Post a Comment

My Blog List