Tuesday, February 12, 2013

အင်တာနက် ကဖေးဆိုင် ဖွင့်ချင်သူ နည်းပါးလာပေမယ့် နိုင်ငံတကာ အဆင့်သို့ ရောက်လာဖွယ်ရှိ

 
အင်တာနက် ကဖေးဆိုတာ မှိုလို ပေါက်ခဲ့တဲ့ခေတ်ဟာ တဖြည်းဖြည်း မှေးမှိန်လာနေသည်လို့ သတင်းများက ဆိုပါတယ်။ ဝက်ဆိုဒ်တွေကို ပိတ်ပင်ထားမှုများ မရှိတော့ သည့် အတွက်ကြောင့် အင်တာနက် အသုံးပြုသူ ပိုမိုများပြား လာသည်ကတစ်ကြောင်း၊အင်တာနက် မြ န်နှု န်း မြင့် မား လာသည်က တစ်ကြောင်း တို့ကြောင့် အင်တာနက် ကဖေး ဆိုင်များ အရင်ကထက် ပိုမို စီးပွားဖြစ်မည်ဟု ထင်ရသော် လည်း ဆိုင်များ ပိတ်ပင်သည့် နှုန်းက ပိုမို များပြားလာ သည်ဟု သိရပါတယ်။ “မိုဘိုင်းလ် ဖုန်းတွေကလည်း အရင်ကထက်စာရင် ဈေး အရမ်းပေါလာတယ်။ ပြီးတော့ 3G ကော်နက်ရှင်ကလည်း ရန်ကုန်မြို့တွင်းမှာဆို အရမ်း ကောင်းမွန်နေတယ်လေ။ ဒါကြောင့် ကျွန်တော်တို့ သူငယ်ချင်းတွေ ရှိစု မဲ့စုနှင့် ပေါင်းဖွင့်ထားသည့် အင်တာနက်ဆိုင်လေးကို ရှေ့လကတင် ပိတ်လိုက်ရသည်”ဟု ရန်ကုန်မြို့တွင်းမှ အင်တာနက်ဆိုင် ပိုင်ရှင် လူငယ်တစ်ဦးမှ ဆိုပါတယ်။ မနှစ်က နှစ်လယ်လောက်ကထိ အင်တာနက်ဆိုင်များမှာ Gmail အသုံးပြုသူ၊ Chatting ထိုင်သူ၊ ဝက်ဆိုဒ် သတင်းဖတ်သူများနှင့် ပြည့်နှက်နေသော်လည်း ယခုအခါမှာတော့ ထိုသူများမှာ စမတ်ဖုန်း ကိုယ်စီနှင့် အသုံးပြုနေကြသည့်အတွက်ကြောင့် အင်တာနက်ဆိုင်များမှာ လူတွေ ခြောက်ခန်းသွားကြောင်း သိရပါတယ်။ မိုဘိုင်းလ်နှင့် သုံးရတာ အင်တာနက်ဆိုင်မှာ သုံးရတာထက် ဈေးပိုကြီးပေမယ့် အများစုမှာ အဆင်ပြေ လွယ်ကူမှုကြောင့် ၎င်းတို့၏ စမတ်ဖုန်း၊ တက်ဗလက်များတွင်သာ အသုံးပြုမှု ပိုများလာကြောင်း၊ တစ်ဖက်ကလည်း အင်တာနက်ပေါ်မှ အချက်အလက်များကို မိမိတို့ ပိုင်ဆိုင်တဲ့ နည်းပညာပစ္စည်းများပေါ်မှာ တခါတည်း သိမ်းဆည်းထားနိုင်ခြင်းတို့ကြောင့် ဖြစ်သည်ဟုလည်း ဆိုပါတယ်။ ငွေကြေး တတ်နိုင်တဲ့ အင်တာနက် ပိုင်ရှင်များ၏ အဆိုအရတော့ “ဒါ အစပဲ ရှိသေးတယ်။ နောက်ပိုင်းဆို အင်တာနက်ဆိုင်တွေမှာ အီမေးလ်၊ ချက်တင်ပဲ လာပြီး သုံးတဲ့သူ ဆိုတာ မရှိသလောက် ဖြစ်သွားမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ကတော့ မကြောက်ပါဘူး။ ဆက်လက် ဖွင့်ထားဦမှာပါ။ ဘာကြောင့်လဲဆိုတော့ တိုးတက်ပြီး နိုင်ငံများမှာလည်း ထိုနည်းလည်းကောင်းပဲ၊ အဲဒီ နည်းလမ်းကို ငွေကြေး အကုန်အကျခံပြီး ကျွန်တော်တို့ လိုက်ရုံပါပဲ”ဟု ဆိုပြန်ပါတယ်။၎င်း၏ ဆိုလိုရင်းတော့ နိုင်ငံကြီး များမှာ အင်တာနက် ကဖေးဆိုင်များဟာ ဂိမ်းကစား သူများနှင့် ပြည့်နှက်နေကြလို့ပဲ ဖြစ်ကြောင်း သိရပါတယ်။ အဆင့်မြင့်မြင့် ဂိမ်းကစားဖို့ရာ တန်ဖိုးကြီး ကွန်ပျူတာ ပိုင်ဆိုင်နိုင်ဖို့ လိုအပ်ပါတယ်။ ဂရပ်ဖစ်ကတ် မြင့်မြင့်၊ ပရိုဆက်စာ မြင့်မြင့်နဲ့ ကွန်ပျူတာ ဆင်နိုင်ဖို့အတွက် ကျပ်ငွေ ၈ သိန်းအထက် လိုအပ်တယ်လို့ ဆိုပါတယ်။ ဒါမှသာ ယနေ့လို ဂရပ်ဖစ် အပျံစားနှင့် ထွက်ရှိလာတဲ့ ဂိမ်းများကို ချောမွေ့ မြန်ဆန်စွာ ကစားနိုင်မှာ ဖြစ်ပါတယ်။ ထို့အပြင် ဒီဘက်ခေတ် ဂိမ်းများဟာ ကမ္ဘာတစ်ဝှမ်းမှ ဂိမ်းဝါသနာအိုးများနှင့် အင်တာနက်ကော်နက်ရှင်ပေါ်မှ တစ်ဆင့် ယှဉ်ပြိုင် ကစားလို့ ရခြင်းလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ထို့ကြောင့် အင်တာနက်ကဖေးဆိုင်များ နည်းပါးလာပေမယ့် ငွေကြေး တတ်နိုင်သူများကတော့ အရင်းအနှီး ပိုစိုက်ထုတ်ပြီး ကွန်ပျူတာ အကောင်းစားများနှင့် နိုင်ငံတကာ အဆင့်မီစေရန် အင်တာနက်ကော်နက်ရှင် လိုင်းပေါင်းများစွာ ချိတ်ဆက်ပြီး ခေတ်သစ် အင်တာနက် ကဖေးဆိုင်သို့ ချီတက်နေကြကြောင်း သတင်းပါးလိုက်ရပါတယ်။

Myanmar ICT

No comments:

Post a Comment

My Blog List