Friday, February 15, 2013

ပြည်ရွှေဘို အများပိုင်ကုမ္ပဏီ ကျပ်သိန်းပေါင်း ၁၀,၀၀၀ ဖြင့် မတည်

ရန်ကုန် (မဇ္ဈိမ)။          ။ ပြည်ရွှေဘို ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အများပိုင်လီမိတက်က ရင်းနှီးမြှုပ်နှံမှုအဖြစ် ကျပ်သိန်းပေါင်း ၁၀,၀၀၀ ဖြင့် စတင်မတည် ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း အစုရှင်ယာဝင်များထံမှ သိရသည်။

“ပြည်ရွှေဘို ဘက်စုံဖွံ့ဖြိုးမှု အများပိုင်ကုမ္ပဏီကို ကျပ်သိန်းပေါင်း တသောင်းနဲ့ ၂၀၁၃ ခုနှစ်၊ မတ်လဆန်းမှာ စတင်လုပ်ကိုင်ပါမယ်” ဟု အေအုပ်စု အစုရှယ်ယာတွင် ပါဝင်သည့် ဒါရိုက်တာ ဦးမြင့်အောင် က ပြောသည်။

ယင်းကုမ္ပဏီအနေဖြင့် ဘက်စုံဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးထွက်ကုန် ပစ္စည်းများအား
ပြုပြင်ထုတ်လုပ်ခြင်း၊ စည်သွပ်ခြင်း၊ အသားအေးခဲခြင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်း တို့ကို စက်ရုံတည်ထောင်၍ GAHP နှင့် GMP စနစ်များဖြင့် ဆောင်ရွက်ခြင်း၊ မွေးမြူရေး အစားအစာနှင့် ဆေးဝါးထုတ်လုပ်ခြင်း လုပ်ငန်းတို့ကို အဆင့်မီစွာ ထုတ်လုပ်ခြင်းတို့ကို လုပ်ကိုင်သွားမည်ဟု ဆိုသည်။

“မွေးမြူရေးလုပ်ငန်းတွေကို ရွှေဘို အနီးမှာရှိတဲ့ စားကျက်မြေ ဧက ၂၀၀ ပေါ်မှာ လုပ်ကိုင်မှာ ဖြစ်ပါတယ်။ အသားအေးခဲခြင်း၊ စည်သွပ်လုပ်ငန်း၊ နို့နဲ့ပတ်သက်တဲ့ ကုန်ချော ထုတ်လုပ်မှုတွေအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနပိုင် ၅၇ ဧက ကျယ်တဲ့ ဖွဲနုဆီစက်မြေနေရာမှာ လုပ်ကိုင်မှာပါ” ဟု ဒါရိုက်တာ အဖွဲ့ဝင်တဦးက ပြောသည်။

ယင်းကုမ္မဏီအနေဖြင့် ဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေး ထုတ်လုပ်တင်သွင်းရောင်းဝယ်ခြင်း၊ လူသုံး ကုန်ပစ္စည်းများ ထုတ် လုပ်တင်သွင်းရောင်းဝယ်ခြင်းလုပ်ငန်းများကိုလည်း လုပ်ကိုင်မည်ဖြစ်သည်။

“အများပိုင်ကုမ္ပဏီအနေနဲ့ လုပ်ကိုင်မယ့် လုပ်ငန်းတွေထဲမှာ လုပ်ငန်းသစ်တွေ ပါဝင်သလို မွေးမြူရေး လုပ်ငန်းလိုဟာတွေ၊ တိရိစ္ဆာန်အစာ ထုတ်လုပ်တဲ့ လုပ်ငန်းတွေဆို လုပ်ကိုင် လည်ပတ်နေတဲ့ လုပ်ငန်းသမားတွေက လာရောက်ပူးပေါင်းလုပ်ကိုင်ကြတာ ဖြစ်ပါတယ်” ဟု ဦးမြင့်အောင် က ဆက်လက်ပြောဆိုသွားသည်။

No comments:

Post a Comment

My Blog List