Monday, February 11, 2013

ပူတာအိုမြို့ လျှပ်စစ်ဓာတ်အား ပိုမို သုံးစွဲနိုင်ရန် ၃ဝဝ ကေဗွီအေ မီးစက် ထပ်မံဖြည့်ဆည်း ဆောင်ရွက်

Photo: ပူတာအိုမြို့ လျှပ်စစ်ဓာတ်အား ပိုမို သုံးစွဲနိုင်ရန် ၃ဝဝ ကေဗွီအေ မီးစက် ထပ်မံဖြည့်ဆည်း ဆောင်ရွက်
Saturday, February 09, 2013

ပူတာအိုမြို့အား ဌာနပိုင်နမ့်ထွမ် ရေအား လျှပ်စစ်စက်ရုံနှင့် ပုဂ္ဂလိကပိုင် ဒုတ္ထန်ရေအား လျှပ်စစ် စက်ရုံများဖြင့် ဓာတ်အားပေးလျက် ရှိရာ ယခင်နှစ် နွေရာသီ ရေနည်းချိန် ကာလများတွင် ရေအား လျှပ်စစ် စက်ရုံမှ ထုတ်လုပ်မှု ကျဆင်းခြင်း၊ ဒီဇယ်ဓာတ်အား ပေးစက် စွမ်းရည်ကျဆင်းခြင်း တို့ကြောင့် ပူတာအိုမြို့ ပေါ်ရှိ ပြည်သူများ ဓာတ်အား လုံလောက်စွာ မသုံးစွဲ ခဲ့ကြရသည့် အတွက် လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းမှ ပေးပို့သော ၃ဝဝ ကေဗွီအေ ဒီဇယ်ဓာတ်အားပေး စက်အသစ်ဖြင့်ဖေဖော်ဝါရီ ၄ ရက်က စမ်းသပ် လည်ပတ် မောင်းနှင်ခြင်းကို ပူတာအို ခရိုင် အုပ်ချုပ်ရေးမှူး ဦးလှိုင်ထွန်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်သိန်း၊ ပူတာအို ခရိုင်/မြို့နယ် လျှပ်စစ် အင်ဂျင်နီယာ ဦးဘုန်းမြင့်ဦး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများက ဝိုင်းဝန်း ဆောင်ရွက် ခဲ့ကြသည်။

ယခုအခါ လျှပ်စစ်ဓာတ်အား ယခင်ထက် ပိုမိုသုံးစွဲရ၍ ပူတာအိုမြို့ပေါ် ရပ်ကွက်နေ ပြည်သူများ ဝမ်းသာလျက် ရှိကြောင်း သိရသည်။

http://www.myawady.net.mm/allnews/local/item/6574-2013-02-09-12-24-57#.URZIHvJ5e10

မြ၀တီပူတာအိုမြို့အား ဌာနပိုင်နမ့်ထွမ် ရေအား လျှပ်စစ်စက်ရုံနှင့် ပုဂ္ဂလိ က ပိုင် ဒုတ္ထန်ရေအား လျှပ်စစ် စက်ရုံများဖြင့် ဓာတ်အားပေးလျက် ရှိရာ ယခင်နှစ် နွေရာသီ ရေနည်းချိန် ကာလများတွင် ရေအား လျှပ်စစ် စက်ရုံမှ ထုတ်လုပ်မှု ကျဆင်းခြင်း၊ ဒီဇယ်ဓာတ်အား ပေးစက် စွမ်းရည် ကျဆင်းခြင်း တို့ကြောင့် ပူတာအိုမြို့ ပေါ်ရှိ ပြည်သူများ ဓာတ်အား လုံလောက်စွာ မသုံးစွဲ ခဲ့ကြရသည့် အတွက် လျှပ်စစ် ဓာတ် အား ဖြန့် ဖြူးရေး လုပ်ငန်းမှ ပေးပို့သော ၃ဝဝ ကေဗွီအေ ဒီဇယ်ဓာတ်အားပေး စက်အသစ်ဖြင့်ဖေဖော်ဝါရီ၎ ရက်က စမ်းသပ် လည်ပတ် မောင်းနှင်ခြင်း ကို ပူတာအို ခရိုင် အုပ်ချုပ်ရေးမှူး ဦးလှိုင်ထွန်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်သိန်း၊ ပူတာအို ခရိုင်/မြို့နယ် လျှပ်စစ် အင်ဂျင်နီယာ ဦးဘုန်းမြင့်ဦး၊ ရပ်ကွက် အုပ်ချုပ်ရေး မှူးများနှင့် ရပ်မိရပ်ဖများက ဝိုင်းဝန်း ဆောင်ရွက် ခဲ့ကြသည်။
ယခုအခါ လျှပ်စစ်ဓာတ်အား ယခင်ထက် ပိုမိုသုံးစွဲရ၍ ပူတာအိုမြို့ပေါ် ရပ်ကွက်နေ ပြည်သူများ ဝမ်းသာ လျက် ရှိကြောင်း သိရသည်။

http://www.myawady.net.mm/allnews/local/item/6574-2013-02-09-12-24-57#.URZIHvJ5e10

မြ၀တီ

No comments:

Post a Comment

My Blog List