Wednesday, February 13, 2013

သမ္မတ ဦးသိန်းစိန်ရဲ့ (၆၆)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာ

Photo: သမ္မတ ဦးသိန်းစိန်ရဲ့ (၆၆)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာ
Tuesday, February 12, 2013    

ချစ်ကြည်လေးစားအပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသား သွေးချင်းညီအစ်ကိုများ ခင်ဗျား-

ယနေ့အချိန်အခါသည် ပြည်ထောင်စုဖွား တိုင်းရင်းသားတို့၏ ရင်ထဲတွင် ထာဝရ သတိတရ ရှိနေရသည့် နေ့ထူးနေ့မြတ်ဖြစ်သော ပြည်ထောင်စုနေ့ အချိန်အခါ ဖြစ်ပါသည်။

ဤကဲ့သို့ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့် နေ့ထူးနေ့မြတ်တွင်
သွေးချင်းညီအစ်ကို မောင်နှမအားလုံး နှလုံးစိတ်ဝမ်းအေးချမ်းပြီး ကောင်းကျိုးမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံကြပါစေဟု ဆုမွန်ကောင်းတောင်းလျက်
နှုတ်ခွန်းဆက်သအပ်ပါသည်။

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်သည် တိုင်းရင်းသားညီအစ်ကိုများ စည်းလုံးညီညွတ်စွာဖြင့် လက်တွဲ၍ အတူတကွ တည်ဆောက်ခဲ့သည့် နိုင်ငံတော်ကြီး ဖြစ်ပေသည်။ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး
အတွက်လည်း အားလုံး ဝိုင်းဝန်းကြိုးပမ်းခဲ့ကြပါသည်။

အတိတ်သမိုင်းတွင် မြန်မာမင်း အဆက်ဆက်တို့သည့် အမိနိုင်ငံတော် တည်မြဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသား 
စည်းလုံး ညီညွတ်ရေးတို့ကို အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ကြပါသည်။ သို့အတွက်ကြောင့် အတိတ်က မြန်မာနိုင်ငံတော်ကြီး သည်လည်း စည်ပင်ဖွံ့ဖြိုး တိုးတက်ခဲ့သည်ကို တိုင်းရင်းသား ညီအစ်ကိုများ အသိပင် ဖြစ်ပေသည်။

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော အမျိုးသားရေး မူဝါဒကို ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး စောင့်ထိန်း ကာကွယ်ရမည် ဖြစ်ပေသည်။

ကိုလိုနီ နယ်ချဲ့တို့၏ တောင်ပေါ်မြေပြန့် သွေးခွဲ အုပ်ချုပ်ခဲ့မှုကြောင့် လွတ်လပ်ရေး ရပြီးစမှစ၍ အမိနိုင်ငံတော်ကြီးအတွင်းရှိ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ တစ်ဦးနှင့် တစ်ဦး နားလည်မှု လွဲမှားကာ စည်းလုံးညီညွတ်မှု ပျက်ပြားခဲ့ရပါသည်။

ချစ်ကြည်လေးစားအပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားသွေးချင်း ညီအစ်ကိုများ ခင်ဗျား-

ကိုလိုနီစနစ် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ကျွန်ပညာရေးစနစ် အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားညီအစ်ကိုတို့အပေါ် မတရား ကုပ်သွေးစုပ်ပြီး စိုးမိုးခြယ်လှယ်မှု၊ မြန်မာ့သယံဇာတ တို့ကို မတရား ရယူသိမ်းပိုက်မှု စသည့် ခါးသီးသော အတွေ့အကြုံတို့ကို
မြန်မာတိုင်းရင်းသား ညီအစ်ကို မောင်နှမအားလုံး နှစ်ပေါင်းများစွာ ခါးစည်းခံခဲ့ရပါသည်။

မျိုးချစ်စိတ်ဓါတ် ပြင်းထန်လှသည့် တိုင်းရင်းသား ညီအစ်ကို
မောင်နှမများသည် အတူတကွ လက်တွဲပြီး နယ်ချဲ့ကို တွန်းလှန်တိုက်ခိုက်ခဲ့ကြပါသည်။ 

နယ်ချဲ့တို့ကလည်း မြေပြန့်ဒေသနှင့် တောင်ပေါ်ဒေသတို့ကို ခွဲခြားကာ တိုင်းရင်းသားအချင်းချင်း စိတ်ဝမ်းကွဲပြားအောင် နည်းအမျိုးမျိုးဖြင့်
သွေးခွဲအုပ်ချုပ်ခဲ့ကြပါသည်။ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သည့် ပညာတတ် မျိုးချစ်လူငယ်တို့က ခေါင်းဆောင်ကာ မြန်မာ့တပ်မတော်ကို ဖွဲ့စည်းပြီး ဖက်ဆစ် အကူအညီ ရယူ၍ မြန်မာ့မြေပေါ်မှ ကိုလိုနီနယ်ချဲ့တို့ကို မောင်းထုတ်နိုင်ခဲ့ပါသည်။ သို့သော်လည်း ဖက်ဆစ်တို့၏ ရက်စက်ကြမ်းတမ်းစွာ ညှဉ်းပန်းနှိပ်စက်မှုကြောင့်
မြန်မာတိုင်းရင်းသား ညီအစ်ကိုများ အားလုံးက ဖက်ဆစ်တို့ကို
မြန်မာ့မြေပေါ်မှ တိုက်ထုတ်ခဲ့ရပြန်ပါသည်။

နယ်ချဲ့တို့က ပြန်လည်ဝင်ရောက်လာကြပြီး တောင်ပေါ်ဒေသကို ချန်လှပ်၍ ပြည်မကိုသာ လွတ်လပ်ရေ ပေးလိုသည့်အတွက် အမိန်မြန်မာနိုင်ငံတော်ကြီးကို ချစ်မြတ်နိုးသည့် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို ခေါင်းဆောင်များက ၁၉၄၇ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံညီလာခံကို ကျင်းပကာ တိုင်းရင်းသား အားလုံး တညီတညွတ်တည်း လွတ်လပ်ရေးတောင်းဆိုကြမည်
ဟု ကတိပြု လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ထိုနေ့ကို အစွဲပြု၍
ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် နှစ်စဉ်ကျင်းပ ပြုလုပ်လာခဲ့ရာ ယခုအခါ (၆၆)နှစ် ပြည့်မြောက်ပြီ ဖြစ်ပါသည်။ (၆၆)နှစ်မြောက် ဤနေ့ထူးနေ့မြတ် အချိန်အခါတွင် တိုင်းရင်းသား ညီအစ်ကို
မောင်နှမအချင်းချင်း သွေးစည်းညီညွတ်ရေး၊ အမိမြန်မာ နိုင်ငံတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို အထူးအလေးထားပြီး တိုင်းရင်းသားတို့၏ အသည်းနှလုံးထဲတွင် ပြည်ထောင်စု စိတ်ဓါတ်၊ မျိုးချစ်စိတ်ဓါတ်တို့ အစဉ်အမြဲ ကိန်းအောင်းနေဖို့ လိုအပ်လှပေသည်။

ချစ်ကြည်လေးစားအပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသား သွေးချင်းညီအစ်ကိုများ ခင်ဗျား-

လွတ်လပ်ရေးရပြီးနောက် ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲ၊ လူမျိုးစွဲတွေကြောင့်
ပြည်ထောင်စုဖွား တိုင်းရင်းသား အချင်းချင်း သွေးကွဲခဲ့ကြပါသည်။
ပြည်တွင်း၌ တည်ငြိမ်အေးချမ်းမှု မရရှိခဲ့သည့်အတွက် နိုင်ငံ ဖွံ့ဖြိုး တိုးတက်မှု နှေးကွေးခဲ့ရပါသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ထာဝရ ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအဖြစ်သို့ ရောက်ရှိအောင် တိုင်းရင်းသား ညီအစ်ကို မောင်နှမ
အားလုံးက လက်တွဲပါဝင် ဆောင်ရွက်သင့်သည်ကို အထူး သတိပြုသင့်ပေသည်။ ပြည်တွင်း ပြည်ပ အဖျက်သမားတို့၏ အန္တရာယ်ကိုလည်း တိုင်းရင်းသား အားလုံးက ပြည်ထောင်စုစိတ်ဓါတ်ဖြင့် ပူးပေါင်းကာကွယ် တားဆီးဖို့ လိုအပ်လှပေသည်။

ကိုလိုနီနယ်ချဲ့တို့၏ သွေးခွဲ အုပ်ချုပ်မှု၊ ဖိနှိပ်သွေးစုပ်မှု၊ ပြည်တွင်း
တည်ငြိမ်အေးချမ်းရေး ပျက်ပြားမှု စသည့် ခါးသီးသော အတွေ့အကြုံတို့ကို သင်ခန်းစာယူကာ တိုင်းရင်းသား အားလုံးက အမိမြန်မာနိုင်ငံတော်ကြီး ထာဝရ ငြိမ်းချမ်းသာယာရေး၊ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝိုင်းဝန်း
ကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ပေသည်။

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာပြည်အနှံ တိုင်းရင်းသားညီအစ်ကိုတို့
နေထိုင်ရာ ဒေသအသီးသီးတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေခံကောင်းများ ရရှိအောင် အကောင်အထည်ဖော်
ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေတွင် ဒီမိုကရေစီစနစ် ဒီမိုကရေစီစနစ် ဆက်လက်ရှင်သန်ဖွံ့ဖြိုးရန်အတွက် နိုင်ငံရေး တည်ငြိမ်မှုနှင့် လက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးရရှိရန်မှာ အဓိကလိုအပ်ချက် ဖြစ်ပေသည်။ ထို့ကြောင့် မြန်မာ့နိုင်ငံရေးလုပ်ငန်းစဉ်တွင် နိုင်ငံသားအားလုံး ပါဝင်လာနိုင်အောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။ ဒီမိုကရေစီစနစ် ရှင်သန်ဖွံ့ဖြိုးရန်အတွက် တိုင်းပြည် တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဦးစားပေးဆောင်ရွက်နေပါသည်။ တိုင်းရင်းသား ညီအစ်ကိုများ အားလုံးကလည်း ဝိုင်းဝန်းပါဝင် ကူညီဆောင်ရွက်ကြရန် လိုအပ်ပါသည်။

ချစ်ကြည်လေးစားအပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသား သွေးချင်းညီအစ်ကိုများ ခင်ဗျား-

အစိုးရသစ်အနေဖြင့် နိုင်ငံတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲရန်အတွက် နိုင်ငံရေးအင်အား၊ စီးပွားရေးအင်အား၊ နိုင်ငံတော်ကာကွယ်ရေး
အင်အား တောင့်တင်းရန် လိုအပ်သည်ဟု ခံယူထား ပါသည်။ သို့မှသာ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးကို တည်ဆောက် နိုင်မည် ဖြစ်ပါသည်။

ရရှိပြီးဖြစ်သည့် အခြေခံကောင်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့တွင် ပိုမိုတိုးတက် ကောင်းမွန်အောင် ကြိုးစားအကောင်အထည်
ဖော်လျှက်ရှိသည်ကို တိုင်းရင်းသား ညီအစ်ကိုများ အသိပင် ဖြစ်ပေသည်။

(၆၆)နှစ်မြောက် ပြည်ထောင်စုနေ့ အခါသမယတွင် တိုင်းရင်းသား ညီအစ်ကို အချင်းချင်း သွေးစည်း ညီညွတ်စွာဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးကို ဒီမိုကရေစီ နည်းလမ်းကျစွာ တည်ဆောက်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

DVB TV News ချစ်ကြည်လေးစားအပ်ပါသောပြည်ထောင်စုဖွား တိုင်းရင်း သား သွေး ချင်း ညီအစ်ကိုများ ခင်ဗျား- ယနေ့အချိန်အခါသည် ပြည်ထောင်စုဖွား တိုင်းရင်းသားတို့၏ ရင်ထဲတွင် ထာဝရ သတိတရ ရှိနေရ သည့် နေ့ ထူးနေ့မြတ်ဖြစ်သော ပြည်ထောင်စုနေ့ အချိန်အခါ ဖြစ်ပါသည်။
ဤကဲ့သို့ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံ သည့် နေ့ထူးနေ့မြတ် တွင်သွေးချင်းညီအစ်ကို မောင်နှမအား လုံး နှလုံး စိတ်ဝမ်းအေး ချမ်း ပြီး ကောင်းကျိုးမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံကြပါစေဟု ဆုမွန်ေ ကာင်းေ တာင်းလျက်နှု တ်ခွန်း ဆက်သ အပ်ပါသည်။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်သည် တိုင်းရင်းသားညီ အစ်ကိုများ စည်းလုံး ညီညွတ်စွာဖြင့် လက်တွဲ၍ အတူတကွ တည်ဆောက်ခဲ့သည့် နိုင်ငံတော်ကြီး ဖြစ်ပေ သည်။ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးအတွက်လည်း အားလုံး ဝိုင်းဝန်းကြိုးပမ်းခဲ့ကြပါသည်။
အတိတ်သမိုင်းတွင် မြန်မာမင်း အဆက်ဆက်တို့သည့် အမိနိုင်ငံတော် တည်မြဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးတို့ကို အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ကြပါသည်။ သို့အတွက်ကြောင့် အတိတ်က မြန်မာနိုင်ငံတော်ကြီး သည်လည်း စည်ပင်ဖွံ့ဖြိုး တိုးတက်ခဲ့သည်ကို တိုင်းရင်းသား ညီအစ်ကိုများ အသိပင် ဖြစ်ပေသည်။
ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးဟူသော အမျိုးသားရေး မူဝါဒကို ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး စောင့်ထိန်း ကာကွယ် ရမည် ဖြစ်ပေသည်။
ကိုလိုနီ နယ်ချဲ့တို့၏ တောင်ပေါ်မြေပြန့် သွေးခွဲ အုပ်ချုပ်ခဲ့မှုကြောင့် လွတ်လပ်ရေး ရပြီးစမှစ၍ အမိနိုင်ငံတော်ကြီးအတွင်းရှိ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ တစ်ဦးနှင့် တစ်ဦး နားလည်မှု လွဲမှားကာ စည်းလုံးညီညွတ်မှု ပျက်ပြားခဲ့ရပါသည်။ချစ်ကြည်လေးစားအပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားသွေးချင်း ညီအစ်ကိုများ ခင်ဗျား-
ကိုလိုနီစနစ် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ကျွန်ပညာရေးစနစ် အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားညီအစ်ကိုတို့အပေါ် မတရား ကုပ်သွေးစုပ်ပြီး စိုးမိုးခြယ်လှယ်မှု၊ မြန်မာ့သယံဇာတ တို့ကို မတရား ရယူသိမ်းပိုက်မှု စသည့် ခါးသီးသော အတွေ့အကြုံတို့ကိုမြန်မာတိုင်းရင်းသား ညီအစ်ကို မောင်နှမ အားလုံး နှစ်ပေါင်းများစွာ ခါးစည်းခံခဲ့ရပါသည်။

မျိုးချစ်စိတ်ဓါတ် ပြင်းထန်လှသည့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများသည် အတူတကွ လက်တွဲပြီး နယ်ချဲ့ကို တွန်းလှန်တိုက်ခိုက်ခဲ့ကြပါသည်။ နယ်ချဲ့တို့ကလည်း မြေပြန့်ဒေသနှင့် တောင်ပေါ်ဒေသတို့ကို ခွဲခြားကာ တိုင်းရင်းသားအချင်းချင်း စိတ်ဝမ်းကွဲပြားအောင် နည်းအမျိုးမျိုးဖြင့်သွေးခွဲအုပ်ချုပ်ခဲ့ကြပါသည်။ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သည့် ပညာတတ် မျိုးချစ်လူငယ် တို့က ခေါင်းဆောင် ကာ မြန်မာ့ တပ်မတော်ကို ဖွဲ့စည်းပြီး ဖက်ဆစ် အကူအညီ ရယူ၍ မြန်မာ့မြေပေါ်မှ ကိုလိုနီနယ်ချဲ့ တို့ကို မောင်း ထုတ်နိုင်ခဲ့ပါသည်။ သို့သော်လည်း ဖက်ဆစ်တို့၏ ရက်စက်ကြမ်းတမ်းစွာ ညှဉ်းပန်းနှိပ်စက် မှုကြောင့်မြန်မာ တိုင်းရင်းသား ညီအစ်ကိုများ အားလုံးက ဖက်ဆစ်တို့ကိုမြန်မာ့မြေပေါ်မှ တိုက်ထုတ်ခဲ့ရပြန်ပါသည်။
နယ်ချဲ့တို့က ပြန်လည်ဝင်ရောက်လာကြပြီး တောင်ပေါ်ဒေသကို ချန်လှပ်၍ ပြည်မကိုသာ လွတ် လပ်ရေ ပေး လိုသည့်အတွက် အမိန်မြန်မာနိုင်ငံတော်ကြီးကို ချစ်မြတ်နိုးသည့် ဗိုလ်ချုပ်အောင်ဆန်း အပါ အဝင် ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို ခေါင်းဆောင်များက ၁၉၄၇ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံညီလာခံကို ကျင်းပကာ တိုင်းရင်းသား အားလုံး တညီတညွတ်တည်း လွတ်လပ်ေ ရးတောင်းဆိုကြမည်ဟု ကတိပြု လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ထိုနေ့ကို အစွဲပြု၍ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် နှစ်စဉ်ကျင်းပ ပြုလုပ်လာခဲ့ရာ ယခုအခါ (၆၆)နှစ် ပြည့်မြောက်ပြီ ဖြစ်ပါသည်။ (၆၆)နှစ်မြောက် ဤနေ့ထူးနေ့မြတ် အချိန်အခါတွင် တိုင်းရင်းသား ညီအစ်ကိုမောင်နှမ အချင်းချင်း သွေး စည်းညီညွတ်ရေး၊ အမိမြန်မာ နိုင်ငံတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးကို အထူးအလေးထားပြီး တိုင်းရင်းသားတို့၏ အသည်းနှလုံးထဲတွင် ပြည်ထောင်စု စိတ်ဓါတ်၊ မျိုးချစ်စိတ်ဓါတ်တို့ အစဉ်အမြဲ ကိန်းအောင်းနေဖို့ လိုအပ်လှပေသည်။

ချစ်ကြည်လေးစားအပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသား သွေးချင်းညီအစ်ကိုများ ခင်ဗျား-
လွတ်လပ်ရေးရပြီးနောက် ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲ၊ လူမျိုးစွဲတွေကြောင့်ပြည်ထောင်စုဖွား တိုင်းရင်းသား အချင်းချင်း သွေးကွဲခဲ့ကြပါသည်။ပြည်တွင်း၌ တည်ငြိမ်အေးချမ်းမှု မရရှိခဲ့သည့်အတွက် နိုင်ငံ ဖွံ့ဖြိုး တိုးတက်မှု နှေးကွေးခဲ့ရပါသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ထာဝရ ငြိမ်းချမ်း သာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအဖြစ်သို့ ရောက်ရှိအောင် တိုင်းရင်းသား ညီအစ်ကို မောင်နှမ အားလုံးက လက်တွဲပါဝင် ဆောင်ရွက်သင့်သည်ကို အထူး သတိပြုသင့်ပေသည်။ ပြည်တွင်း ပြည်ပ အဖျက် သမားတို့၏ အန္တရာယ်ကိုလည်း တိုင်းရင်းသား အားလုံးက ပြည်ထောင်စုစိတ်ဓါတ်ဖြင့် ပူးပေါင်းကာကွယ် တားဆီးဖို့ လိုအပ်လှပေသည်။

ကိုလိုနီနယ်ချဲ့တို့၏ သွေးခွဲ အုပ်ချုပ်မှု၊ ဖိနှိပ်သွေးစုပ်မှု၊ ပြည်တွင်းတည်ငြိမ်အေးချမ်းရေး ပျက်ပြားမှု စသည့် ခါးသီးသော အတွေ့အကြုံတို့ကို သင်ခန်းစာယူကာ တိုင်းရင်းသား အားလုံးက အမိမြန်မာနိုင်ငံတော်ကြီး ထာဝရ ငြိမ်းချမ်းသာယာရေး၊ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုး ပမ်း ဆောင်ရွက်ကြ ရမည် ဖြစ်ပေ သည်။

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာပြည်အနှံ တိုင်းရင်းသားညီအစ်ကိုတို့နေထိုင်ရာ ဒေသအသီးသီးတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေခံကောင်းများ ရရှိအောင် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါ သည်။ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေတွင် ဒီမိုကရေစီစနစ် ဒီမိုကရေစီစနစ် ဆက်လက်ရှင်သန် ဖွံ့ဖြိုးရန်အတွက် နိုင်ငံရေး တည်ငြိမ်မှုနှင့် လက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးရရှိရန် မှာ အဓိကလိုအပ်ချက် ဖြစ်ပေသည်။ ထို့ကြောင့် မြန်မာ့နိုင်ငံရေးလုပ်ငန်းစဉ်တွင် နိုင်ငံသားအားလုံး ပါဝင် လာနိုင်အောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။ ဒီမိုကရေစီစနစ် ရှင်သန်ဖွံ့ဖြိုးရန်အတွက် တိုင်းပြည် တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဦးစားပေးဆောင်ရွက်နေပါသည်။ တိုင်းရင်းသား ညီအစ်ကိုများ အားလုံးကလည်း ဝိုင်းဝန်းပါဝင် ကူညီဆောင်ရွက်ကြရန် လိုအပ်ပါသည်။

ချစ်ကြည်လေးစားအပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသား သွေးချင်းညီအစ်ကိုများ ခင်ဗျား-

အစိုးရသစ်အနေဖြင့် နိုင်ငံတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲရန်အတွက် နိုင်ငံရေးအင်အား၊ စီးပွားရေး အင်အား၊ နိုင်ငံတော်ကာကွယ်ရေးအင်အား တောင့်တင်းရန် လိုအပ်သည်ဟု ခံယူထား ပါသည်။ သို့မှသာ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးကို တည်ဆောက် နိုင်မည် ဖြစ်ပါသည်။
ရရှိပြီးဖြစ်သည့် အခြေခံကောင်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့တွင် ပိုမိုတိုး တက် ကောင်းမွန်အောင် ကြိုးစားအကောင်အထည်ဖော်လျှက်ရှိသည်ကို တိုင်းရင်းသား ညီအစ်ကို များ အသိပင် ဖြစ်ပေသည်။

(၆၆)နှစ်မြောက် ပြည်ထောင်စုနေ့ အခါသမယတွင် တိုင်းရင်းသား ညီအစ်ကို အချင်းချင်း သွေးစည်း ညီညွတ်စွာဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးကို ဒီမိုကရေစီ နည်းလမ်းကျစွာ တည်ဆောက်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

DVB TV News

No comments:

Post a Comment

My Blog List