Friday, February 15, 2013

ငြိမ်းချမ်းရေး တေးသံ ပြည့်အားမာန် ဂီတ ဖျော်ဖြေပွဲ ကျင်းပမည်


 
ကချင် ပြည်နယ်နှင့် ရခိုင်ပြည်နယ် အတွင်းရှိ ဒေသခံ ပြည်သူများ အတွက် တိုင်းရင်းသား ပေါင်းစုံ ဂီတ ဖျော်ဖြေပွဲကို ဖေဖော်ဝါရီ ၂၂ ရက်တွင် MCC ခန်းမ၌ ကျင်းပမည် ဖြစ်သည်။

အဆိုပါ ဂီတ ဖျော်ဖြေပွဲကို ''ငြိမ်းချမ်းရေး တေးသံ ပြည့်အားမာန်'' ဟူသည့် ခေါင်းစဉ်ဖြင့် ကျင်းပမည် ဖြစ်ပြီး တိုင်းရင်းသားတေးသံရှင်များ ဖြစ်သော ဇော်ပိုင်၊ နေတိုး၊ စိုင်းအောင် ထီးခမ်း၊ ဟက်ကက်၊ ထူးအယ်လင်း၊ သျှီ၊ ချစ်သုဝေ၊ နီနီခင်ဇော်၊ ရတနာမိုင်နှင့် တိုင်းရင်းသား အနုပညာရှင် များက အဆို၊ အက အလှများဖြင့် တင်ဆက် ပြသွားမည် ဖြစ်သည်။

ဝင်ကြေး လက်မှတ်များကို ငွေကျပ် ၈ဝဝဝ၊ ငွေကျပ် ၁ဝဝဝဝ သတ်မှတ်ထားပြီး မန်းသီရိ တေးသံသွင်း၊ မင်းလမ်းပင်လယ် စားသောက်ဆိုင်၊ ဒဂုံစင်တာ၊ ရူဘီမတ်၊ စိန်ဂေဟာ၊ စီးတီးမတ် များနှင့် ခင်ပြုံးရီ (ကျောက်မြောင်း) တို့၌ ဝယ်ယူ ရရှိနိုင်သည်။

မြ၀တီ

No comments:

Post a Comment

My Blog List