Friday, February 15, 2013

လုံခြုံရေး ၀န်ထမ်း ၂ ဦးကို ကြိုးတုတ် ထိုးကြိတ်နှိပ်စက်ပြီး ပစ္စည်းများ ခိုးယူ သွားသူ လူတစ်စု အား ဖမ်းဆီးမိ

Photo: လုံခြုံရေးဝန်ထမ်း ၂ ဦးကို ကြိုးတုတ် ထိုးကြိတ်နှိပ်စက်ပြီး ပစ္စည်းများ ခိုးယူသွားသူ လူတစ်စုအား ဖမ်းဆီးမိ

Friday, February 15, 2013

၁၁.၁.၂၀၁၃ ရက်နေ့   ညသန်းကောင် ၂ နာရီခွဲ အချိန်ခန့်တွင်  ဒဂုံတောင်မြို့နယ်၊ (၁၄၄)ရပ်ကွက်၊ အနော် ရထာလမ်းနှင့် စက်မှုဇုံ

လမ်းထောင့်၊ မ/၃၈၇ ရှိ   ဧရာဝတီပါဝါ ကုမဏီလီမိတက်၊ ကားဂိုဒေါင်သို့ အမျိုးသား ၇ ဦးမှ လိုက်ထရပ်ကားဖြင့် ရောက်ရှိလာပြီး လုံခြုံရေး

ဝန်ထမ်းနှစ်ဦးအား ၂ ဦးအား ၀ိုင်းဝန်းထိုးကြိတ်၊ ကြိုးဖြင့်တုတ်၊ ပါးစပ်နှင့် မျက်လုံးများ အ၀တ်နှင့်စည်း ၊ ဒါးဖြင့်ထောက်ပြီး ဂိုဒေါင်တံခါးရိုက်

ဖွင့်ပြီး ကားအပိုပစ္စည်း စုစုပေါင်းတန်ဖိုး ၁၀၄၀၀၀၀ိ/- အား

ယူဆောင်သွားသဖြင့် အရေးယူပေးပါရန် တရားလို ဧရာပါဝါ ကုမ္မဏီလီမိတက်၏ မန်နေဂျင်းဒါရိုက်တာ ဒေါ်အေးမိမိခိုင် တိုင်တန်းချက်

အရ ဒဂုံတောင် ရဲစခန်း (ပ)၁၁၂/၁၃၊ပြစ်မှုပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့်ထား ရှိခဲ့ပါသည်။

ထိုသို့ဖြစ်ပွားခဲ့မှုအပေါ် ထပ်မံကျူးလွန်မှုမဖြစ်ပေါ်ရေး၊ တရားခံများဖမ်းဆီး

ရမိရေးအတွက် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးများမှ မှုခင်းများလျော့နည်း

ကျဆင်းရေးနှင့် ဖြစ်ပွားခဲ့သည့်အမှုများမှ တရားခံဖော်ထုတ်ဖမ်းဆီးရမိရေး အထူးစီမံချက်ဖြစ်သည့် “၀ရဇိန်” စီမံချက်ပါ ဖမ်းဆီးရေး အထူးအဖွဲ့များအား လမ်းညွှန်ကြီးကြပ်၍ တာဝန်ပေးအပ်ဖော်ထုတ်စေခဲ့ပါသည်။

ဤဖြစ်စဉ်အပေါ် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ ဒုစရိုက်နှိမ်နင်းရေး ဌာနစုမှူး ဒုရဲမှူး အောင်ဝင်း ဦးစီးအဖွဲ့သည် အခင်းဖြစ်ရပ်စစ်ဆေး

တွေ့ရှိချက်များအပေါ် သုံးသပ်ကာ အဖွဲ့ဝင်များခွဲ၍ သတင်းစုံစမ်းခဲ့ရာ ၎င်းကုမ္မဏီဝန်ထမ်းဟောင်းများဖြစ်ခဲ့ဖူးသည့် အောင်ကျော်သိန်းနှင့် ကျော်ကျော်(ခ) ကျော်ကြီး တို့သည် ပြစ်မှုကျူးလွန်နိုင်ကြောင်း သဲလွန်စများ

ရရှိခဲ့ကာ ၁၃-၂-၂၀၁၃ ရက်နေ့တွင် ကျော်ကျော်(ခ)ကျော်ကြီး၊ (၂၀) နှစ်၊

(ဘ) ဦးဝင်းမြင့်ထွန်း၊ ဒဂုံတောင်မြို့နယ်နေသူအား သမိုင်းလမ်းစုံ ကားမှတ်တိုင်တွင် ၇ခ/၇၉၂၅ ပါရမီ (၁၇၄) ယာဉ်လိုင်းပေါ်မှ ဖမ်းဆီးရမိခဲ့ပါသည်။

၎င်းအားစစ်ဆေး၍ ဖော်ထုတ်ချက်အရ အတူပါဝင်ကျူးလွန်သူများ

ဖြစ်သည့် အောင်မော်သိန်း၊ (၃၈)နှစ်၊ (ဘ) ဦးမဲလှိုင်သာယာမြို့နယ်၊ ဆန်းလင်းအောင် (ခ) အညာသား၊ (၂၁) နှစ်၊ (ဘ) ဦးအောင်ကြိုင်၊

တောင်ဥက္ကလာပမြို့နယ်၊ ၀င်းဖြိုး၊ (၂၄) နှစ်၊ ဦးဇော်ဝင်း၊ ဒဂုံတောင်မြို့နယ်၊ မျိုးသန့်၊ (၁၈)နှစ်၊ (ဘ) ဦးခင်မောင်ဇင်၊ ဒဂုံတောင်မြို့နယ်နေသူနှင့် ဖြိုးလှိုင်စိုး (ခ) ဖြိုးလှိုင် (၁၈)နှစ်၊ (ဘ)ဦးသန်းစိုး၊ ဒဂုံတောင်မြို့နယ်

နေသူနှင့်အောင်ထက်ဟိန်း(ခ) ဖိုးထက်၊ (၂၀)နှစ်၊ (ဘ) ဦးစောမြင့်၊ ဒဂုံတောင်မြို့နယ်နေသူတို့အား ဖမ်းဆီးရမိခဲ့ပြီး ၁၄-၂-၂၀၁၃ ရက်နေ့တွင် ထက်အောင်ကျော်(ခ) ကိုထက်၊ (၁၇)နှစ်၊ (ဘ) ဦးအောင်မျိုးဇော်၊ ဒဂုံတောင်နေသူအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း Myanmar News Now မှ သတင်းရရှိသည်။

Myanmar News Now
၁၁.၁.၂၀၁၃ ရက်နေ့ ညသန်းကောင် ၂ နာရီခွဲ အချိန်ခန့်တွင် ဒဂုံတောင်မြို့နယ်၊ (၁၄၄)ရပ်ကွက်၊ အနော် ရထာလမ်းနှင့် စက်မှုဇုံ လမ်းထောင့်၊ မ/၃၈၇ ရှိ ဧရာဝတီပါဝါ ကုမဏီလီမိတက်၊ ကားဂိုဒေါင်သို့ အမျိုးသား ၇ ဦးမှ လိုက်ထရပ်ကားဖြင့် ရောက်ရှိလာပြီး လုံခြုံရေးဝန်ထမ်းနှစ်ဦးအား ၂ ဦးအား ၀ိုင်းဝန်းထိုးကြိတ်၊ ကြိုးဖြင့်တုတ်၊ ပါးစပ်နှင့် မျက်လုံးများ အ၀တ်နှင့်စည်း ၊ ဒါးဖြင့်ထောက်ပြီး ဂိုဒေါင်တံခါးရိုက်ဖွင့်ပြီး ကားအပိုပစ္စည်း စုစုပေါင်းတန်ဖိုး ၁၀၄၀၀၀၀ိ/- အား ယူဆောင်သွားသဖြင့် အရေးယူပေးပါရန်တရားလို ဧရာပါဝါကုမ္မဏီလီမိတက်၏ မန်နေဂျင်းဒါရိုက်တာ ဒေါ်အေးမိမိခိုင် တိုင်တန်းချက်အရ ဒဂုံတောင်ရဲစခန်း (ပ)၁၁၂/၁၃၊ပြစ်မှုပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့်ထား ရှိခဲ့ပါသည်။ထိုသို့ဖြစ်ပွားခဲ့မှုအပေါ် ထပ်မံကျူးလွန်မှုမဖြစ်ပေါ်ရေး၊ တရားခံများဖမ်းဆီး ရမိရေးအတွက် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးများမှ မှုခင်းများလျော့နည်း ကျဆင်းရေးနှင့် ဖြစ်ပွားခဲ့သည့်အမှုများမှ တရားခံဖော်ထုတ် ဖမ်းဆီး ရမိရေး အထူးစီမံချက်ဖြစ်သည့် “၀ရဇိန်” စီမံချက်ပါ ဖမ်းဆီးရေး အထူးအဖွဲ့များအား လမ်းညွှန်ကြီးကြပ်၍ တာဝန်ပေးအပ်ဖော်ထုတ်စေခဲ့ပါသည်။
ဤဖြစ်စဉ်အပေါ် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ ဒုစရိုက်နှိမ်နင်းရေး ဌာနစုမှူး ဒုရဲမှူး အောင်ဝင်း ဦးစီးအဖွဲ့သည် အခင်းဖြစ်ရပ်စစ်ဆေး တွေ့ရှိချက်များအပေါ် သုံးသပ်ကာ အဖွဲ့ဝင်များခွဲ၍ သတင်းစုံစမ်းခဲ့ရာ ၎င်းကုမ္မဏီဝန်ထမ်းဟောင်းများဖြစ်ခဲ့ဖူးသည့် အောင်ကျော်သိန်းနှင့် ကျော်ကျော်(ခ) ကျော်ကြီး တို့သည် ပြစ်မှု ကျူးလွန်နိုင်ကြောင်း သဲလွန်စများရရှိခဲ့ကာ ၁၃-၂-၂၀၁၃ ရက်နေ့တွင် ကျော်ကျော် (ခ)ကျော်ကြီး၊ (၂၀) နှစ်၊ (ဘ) ဦးဝင်းမြင့်ထွန်း၊ ဒဂုံတောင်မြို့နယ်နေသူအား သမိုင်းလမ်းစုံ ကားမှတ်တိုင်တွင် ၇ခ/၇၉၂၅ ပါရမီ (၁၇၄) ယာဉ်လိုင်းပေါ်မှ ဖမ်းဆီးရမိခဲ့ပါသည်။
၎င်းအားစစ်ဆေး၍ ဖော်ထုတ်ချက်အရ အတူပါဝင်ကျူးလွန်သူများ ဖြစ်သည့် အောင်မော်သိန်း၊ (၃၈)နှစ်၊ (ဘ) ဦးမဲ လှိုင်သာယာမြို့နယ်၊ ဆန်းလင်းအောင် (ခ) အညာသား၊ (၂၁) နှစ်၊ (ဘ) ဦးအောင်ကြိုင်၊ တောင် ဥက္ကလာပမြို့နယ်၊ ၀င်းဖြိုး၊ (၂၄) နှစ်၊ ဦးဇော်ဝင်း၊ ဒဂုံတောင်မြို့နယ်၊ မျိုးသန့်၊ (၁၈)နှစ်၊ (ဘ) ဦးခင်မောင်ဇင်၊ ဒဂုံတောင်မြို့နယ်နေသူနှင့် ဖြိုးလှိုင်စိုး (ခ) ဖြိုးလှိုင် (၁၈)နှစ်၊ (ဘ)ဦးသန်းစိုး၊ ဒဂုံတောင်မြို့နယ် နေ သူနှင့်အောင်ထက်ဟိန်း(ခ) ဖိုးထက်၊ (၂၀)နှစ်၊ (ဘ) ဦးစောမြင့်၊ ဒဂုံတောင်မြို့နယ်နေသူတို့အား ဖမ်းဆီးရမိခဲ့ပြီး ၁၄-၂-၂၀၁၃ ရက်နေ့တွင် ထက်အောင်ကျော်(ခ) ကိုထက်၊ (၁၇)နှစ်၊ (ဘ) ဦးအောင်မျိုးဇော်၊ ဒဂုံတောင်နေသူအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း Myanmar News Now မှ သတင်းရရှိသည်။
From : Myanmar News Now

No comments:

Post a Comment

My Blog List