Monday, February 11, 2013

နှင်းဆီခရီးသည်မော်ဒန်အငြိမ့် ပထမည ပရိသတ် သုံးထောင်ဝန်းကျင် လာရောက်ကြည့်ရှု

Photo: နှင်းဆီခရီးသည်မော်ဒန်အငြိမ့် ပထမည ပရိသတ် သုံးထောင်ဝန်းကျင် လာရောက်ကြည့်ရှု
Saturday, February 09, 2013

နှင်းဆီခရီးသည်မော်ဒန်အငြိမ့်ကို ပြည်သူ့ရင်ပြင်၌ ဖေဖော်ဝါရီ ၈ ရက် 
ည ၈ နာရီခွဲ အချိန်ခန့်တွင် စတင်ဖျော်ဖြေခဲ့ပြီး ပရိသတ်သုံးထောင်ခန့် လာရောက်အားပေးကြောင်း သတင်းရရှိသည်။

သက်တမ်းခုနစ်နှစ် ရှိပြီဖြစ်သော နှင်းဆီအဖွဲ့သားများ၏ ဖျော်ဖြေပွဲတွင် ယင်းအဖွဲ့၏ ပုံစံအတိုင်း နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေးဆိုင်ရာကိစ္စများ၊ ခရီးသွားလုပ်ငန်းနှင့်ဆိုင်သည့်ကိစ္စများ၊ ရန်ကုန်မြို့တွင် လက်ရှိ ကြုံတွေ့နေရသည့် အခက်အခဲများ စသည်တို့ကို ပရိသတ်များ ကြိုက်နှစ်သက်သည့် ပျက်လုံးများဖြင့် ည ၁၂ နာရီခန့်အထိ ဖျော်ဖြေခဲ့သည်။

အငြိမ့်ပွဲပထမရက်တွင် သရုပ်ဆောင်မေကဗျာ မပါဝင်ခဲ့သည့်အပေါ် လာရောက်ကြည့်ရှုသူများကြား ပြောဆိုမှုများ ရှိနေပြီး အခြား
ဖျော်ဖြေမှုများ၌ ကျေနပ်မှုရှိကြောင်း ပရိသတ်များကပြောသည်။

ဖျော်ဖြေပွဲလက်မှတ် ဈေးနှုန်းများမှာ ကျပ်သုံးသောင်း၊ နှစ်သောင်း၊ တစ်သောင်းနှင့် ခုနစ်ထောင်တို့ဖြစ်ပြီး မည်သည့်ရုပ်သံလိုင်းတွင်မှ ထုတ်လွှင့်ပြသမည်မဟုတ်ဘဲ ဒုတိယညကို ဖေဖော်ဝါရီ ၉ ရက် 
ညတွင် ဆက်လက်ဖျော်ဖြေမည်ဖြစ်သည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
7Day News Journalနှင်းဆီခရီးသည်မော်ဒန်အငြိမ့်ကို ပြည်သူ့ရင်ပြင်၌ ဖေဖော်ဝါရီ ၈ ရက်
ည ၈ နာရီခွဲ အချိန်ခန့်တွင် စတင်ဖျော်ဖြေခဲ့ပြီး ပရိသတ်သုံးထောင်ခန့် လာရောက်အားပေးကြောင်း သတင်းရရှိသည်။
သက်တမ်းခုနစ်နှစ် ရှိပြီဖြစ်သော နှင်းဆီအဖွဲ့သားများ၏ ဖျော်ဖြေပွဲတွင် ယင်းအဖွဲ့၏ ပုံစံအတိုင်း နိုင်ငံတော် ၏ ပြုပြင်ပြောင်း လဲရေးဆိုင် ရာကိစ္စများ၊ ခရီးသွားလုပ်ငန်းနှင့်ဆိုင်သည့်ကိစ္စများ၊ ရန်ကုန်မြို့တွင် လက်ရှိ ကြုံတွေ့နေရသည့် အခက်အခဲများ စသည်တို့ကို ပရိသတ်များ ကြိုက်နှစ်သက်သည့် ပျက်လုံးများဖြင့် ည ၁၂ နာရီခန့် အထိ ဖျော်ဖြေခဲ့ သည်။ အငြိမ့်ပွဲပထမရက်တွင် သရုပ်ဆောင်မေကဗျာ မပါဝင်ခဲ့သည့်အပေါ် လာရောက်ကြည့်ရှု သူများ ကြား ပြောဆိုမှုများ ရှိနေပြီး အခြားဖျော်ဖြေမှုများ၌ ကျေနပ်မှုရှိကြောင်း ပရိသတ်များကပြောသည်။
ဖျော်ဖြေပွဲလက်မှတ် ဈေးနှုန်းများမှာ ကျပ်သုံးသောင်း၊ နှစ်သောင်း၊ တစ်သောင်းနှင့် ခုနစ်ထောင်တို့ဖြစ်ပြီး မည်သည့်ရုပ်သံလိုင်းတွင်မှ ထုတ်လွှင့်ပြသမည်မဟုတ်ဘဲ ဒုတိယညကို ဖေဖော်ဝါရီ ၉ ရက် ညတွင် ဆက် လက်ဖျော်ဖြေမည်ဖြစ်သည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
7Day News Journal

No comments:

Post a Comment

My Blog List