Wednesday, February 13, 2013

မြန်မာသို့ လာရောက်သော နိုင်ငံခြားသတင်းထောက် များကို တစ်နှစ်အထိ နေထိုင်စေနိုင်မည့် ဂျာနယ်လစ်ဗီဇာများ ထုတ်ပေးသွားမည်

Photo: မြန်မာသို့ လာရောက်သော နိုင်ငံခြားသတင်းထောက်
များကို တစ်နှစ်အထိ နေထိုင်စေနိုင်မည့် ဂျာနယ်လစ်ဗီဇာများ ထုတ်ပေးသွားမည်
Wednesday, February 13, 2013

မြန်မာသို့ လာရောက်သော နိုင်ငံခြားသတင်းထောက်
များကို တစ်နှစ်တာကာလအထိ နေထိုင်စေနိုင်မည့်
ကာလတိုနှင့် ကာလရှည် ဂျာနယ်လစ်ဗီဇာများကို မီဒီယာ
လွတ်လပ်ခွင့်ကို ရည်ရွယ်ပေးအပ်သည့် နည်းဥပဒေသစ်
များကို ချမှတ်အပြီးတွင် ထုတ်ပေးသွားတော့ မည်ဖြစ်ကြောင်း
မြန်မာ့ပြန်ကြားရေးလက်ထောက်ဝန်ကြီးနှင့် သမ္မတ၏
ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်သူ ဦးရဲထွဋ်က ပြောကြားလိုက်သည်။

ယင်းဥပဒေသစ်များမှာ ပြည်တွင်းနှင့် နိုင်ငံခြားသတင်း
ထောက်များအတွက် အစိုးရတာဝန်ရှိပုဂ္ဂိုလ်များနှင့် ပိုမို
ထိတွေ့နိုင်ရေးကို ရည်ရွယ်ပြီး လာမည့်ဧပြီ လလယ်တွင်
ပြဋ္ဌန်းဖွယ်ရှိကြောင်း ဦးရဲထွဋ်က ဗြိတိန်ဂါးဒီးယန်းသတင်းသို့
ပြောကြားသည်။ ၎င်းက “အရင်တုန်းကတော့ ဂျာနယ်လစ်
တွေရဲ့ လှုပ်ရှားမှုတွေကို ထိန်းချုပ်ဖို့ အစိုးရကပဲ ဂျာနယ်လစ်
ဗီဇာတွေ ထုတ်ပေးခဲ့တာပါ။ အခုတော့ ကျွန်တော်တို့ဟာ
ဝန်ကြီး ဌာနတွေနဲ့  ဆက်သွယ်နိုင်ဖို့ ဂျာနယ်လစ်တွေကို ဗီဇာတွေထုတ်ပေးသွားဖို့ ရှိနေပါပြီ။ တကယ်လို့ ဂျာနယ်လစ်
တစ်ဦးဟာ ဂျာနယ်လစ်ဗီဇာ ရှိမထားဘူးဆိုရင် အစိုးရတာဝန်
ရှိပုဂ္ဂိုလ်တွေကို အင်တာဗျူးချင်တဲ့အခါ ရဖို့ လွယ်ချင်မှလွယ်မှာ
ပါ” ဟု ရှင်းပြသည်။

မြန်မာအစိုးရ၏ ယခုကဲ့သို့ ဂျာနယ်လစ်များအား
ဖြေလျှော့မှု ပေးခြင်းမှာ ယမန်နှစ်က ယူနက်စကိုအဖွဲ့ နှင့်
ပြည်တွင်းမီဒီယာများ၌ အစိုးရဝန် ကြီးများအား မီဒီယာ
နှင့်မည်သို့ ထိတွေ့ သင့်ကြောင်း သင်ကြားပေးသည့်
ဆွေးနွေးလေ့ကျင့်မှုများအပြီး ပေါ်ထွက်လာခြင်းဖြစ်ကြောင်း ဦးရဲထွဋ်က ပြောကြားသည်။

မြန်မာတွင် ယခုအခါ ဝန်ကြီးဌာနတိုင်း၌ မီဒီယာနှင့်
ဆက်ဆံရန် ကိုယ်ပိုင်ပြောခွင့်ပုဂ္ဂိုလ်များ ထားရှိရန်
သမ္မတက ညွှန်ကြားထားပြီး ဖြစ် သည်။

မကြာမီထွက်ပေါ်လာမည့် မီဒီယာဥပဒေသစ်များအရ
နိုင်ငံခြားဂျာနယ်လစ်များသည် အစိုးရထံမှ တရားဝင်
ခွင့်ပြုချက်ရရေးအတွက် ကိုယ် ရေးအကျဉ်း CV ဖေါင်နှင့် မိမိသက်ဆိုင်ရာဌာန၏ ထောက်ခံချက်တစ်ခုကို တင်သွင်း
ရမည်ဖြစ်သည်။ ခွင့်ပြုခံရပါက ယင်းဂျာနယ်လစ်သည်
အစိုးရက ထုတ်ပေးသော အခမဲ့မီဒီယာကတ်ပြားအပြင် ၎င်းပြည်တွင်း၌ နေထိုင်မည့်ကာလအတွက် ဗီဇာကိုပါ
ရရှိမည်ဖြစ်သည်။

မြန်မာပြည်တွင်းနှင့် ပြည်ပသို့ အဝင်အထွက်ပြုလုပ်ကာ
ခရီးသွားမည့် ဂျာနယ်လစ်များသည် သုံးလနှင့် ခြောက်
လတာ သက်တမ်းရှိမည့် ပုံစံမျိုးးစုံပြည်ဝင်ခွင့် ဗီဇာများ
ရရှိမည် ဖြစ်သည်။ တစ်နှစ်သက်တမ်း အထိရှိမည့် ဗီဇာများကိုမူ ပြည်တွင်းအခြေစိုက် နိုင်ငံခြားသတင်းဗျူရို ဖွင့်လှစ်လုပ်ကိုင်မည့် ဂျာနယ်လစ်များကို ပေးအပ်သွား
မည်ဟု သိရသည်။

Ref: Guardian
The Myanma Ageမြန်မာသို့ လာရောက်သော နိုင်ငံခြားသတင်းထောက် များ ကို တစ်နှစ် တာ ကာလအထိ နေထိုင်စေနိုင်မည့် ကာလတိုနှင့် ကာလရှည် ဂျာနယ်လစ်ဗီဇာများကို မီဒီယာလွတ်လပ်ခွင့်ကို ရည်ရွယ်ပေးအပ်သည့် နည်းဥပဒေသစ်များကို ချမှတ်အပြီးတွင် ထုတ်ပေးသွားတော့ မည်ဖြစ်ကြောင်းမြန်မာ့ပြန်ကြားရေးလက်ထောက်ဝန်ကြီးနှင့် သမ္မတ၏
ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်သူ ဦးရဲထွဋ်က ပြောကြားလိုက်သည်။
ယင်းဥပဒေသစ်များမှာ ပြည်တွင်းနှင့် နိုင်ငံခြားသတင်းထောက်များအတွက် အစိုးရတာဝန်ရှိပုဂ္ဂိုလ်များနှင့် ပိုမိုထိတွေ့နိုင်ရေးကို ရည်ရွယ်ပြီး လာမည့်ဧပြီ လလယ်တွင်ပြဋ္ဌန်းဖွယ်ရှိကြောင်း ဦးရဲထွဋ်က ဗြိတိန်ဂါးဒီးယန်းသတင်းသို့ပြောကြားသည်။ ၎င်းက “အရင်တုန်းကတော့ ဂျာနယ်လစ်တွေရဲ့ လှုပ်ရှား မှုတွေ ကို ထိန်းချုပ်ဖို့ အစိုးရကပဲ ဂျာနယ်လစ်ဗီဇာတွေ ထုတ်ပေးခဲ့တာပါ။ အခုတော့ ကျွန်တော်တို့ဟာဝန်ကြီး ဌာနတွေနဲ့  ဆက်သွယ်နိုင်ဖို့ ဂျာနယ်လစ်တွေကို ဗီဇာတွေထုတ်ပေးသွားဖို့ ရှိနေပါပြီ။ တကယ် လို့ ဂျာနယ် လစ်တစ်ဦးဟာ ဂျာနယ်လစ်ဗီဇာ ရှိမထားဘူးဆိုရင် အစိုးရတာဝန် ရှိပုဂ္ဂိုလ်တွေကို အင်တာဗျူးချင်တဲ့အခါ ရဖို့ လွယ်ချင်မှလွယ်မှာပါ” ဟု ရှင်းပြသည်။

မြန်မာအစိုးရ၏ ယခုကဲ့သို့ ဂျာနယ်လစ်များအားဖြေလျှော့မှု ပေးခြင်းမှာ ယမန်နှစ်က ယူနက်စကိုအဖွဲ့ နှင့်
ပြည်တွင်းမီဒီယာများ၌ အစိုးရဝန် ကြီးများအား မီဒီယာနှင့်မည်သို့ ထိတွေ့ သင့်ကြောင်း သင်ကြားပေးသည့်
ဆွေးနွေးလေ့ကျင့်မှုများအပြီး ပေါ်ထွက်လာခြင်းဖြစ်ကြောင်း ဦးရဲထွဋ်က ပြောကြားသည်။

မြန်မာတွင် ယခုအခါ ဝန်ကြီးဌာနတိုင်း၌ မီဒီယာနှင့်ဆက်ဆံရန် ကိုယ်ပိုင်ပြောခွင့်ပုဂ္ဂိုလ်များ ထားရှိရန် သမ္မတ က ညွှန်ကြားထားပြီး ဖြစ် သည်။ မကြာမီထွက်ပေါ်လာမည့် မီဒီယာဥပဒေသစ်များ အရနိုင်ငံခြား ဂျာနယ်လစ်များသည် အစိုးရထံမှ တရားဝင်ခွင့်ပြုချက်ရရေးအတွက် ကိုယ် ရေးအကျဉ်း CV ဖေါင်နှင့် မိမိသက်ဆိုင်ရာဌာန၏ ထောက်ခံချက်တစ်ခုကို တင်သွင်းရမည်ဖြစ်သည်။ ခွင့်ပြုခံရပါက ယင်းဂျာနယ် လစ်သည်အစိုးရက ထုတ်ပေးသော အခမဲ့မီဒီယာကတ်ပြားအပြင် ၎င်းပြည်တွင်း ၌ နေထိုင် မည့်ကာလ အတွက် ဗီဇာကိုပါရရှိမည်ဖြစ်သည်။

မြန်မာပြည်တွင်းနှင့် ပြည်ပသို့ အဝင်အထွက်ပြုလုပ်ကာခရီးသွားမည့် ဂျာနယ်လစ်များသည် သုံး လနှင့် ခြောက်လတာ သက်တမ်းရှိမည့် ပုံစံမျိုးးစုံပြည်ဝင်ခွင့် ဗီဇာများရရှိမည် ဖြစ်သည်။ တစ်နှစ် သက်တမ်း အထိရှိမည့် ဗီဇာများကိုမူ ပြည်တွင်းအခြေစိုက် နိုင်ငံခြားသတင်းဗျူရို ဖွင့်လှစ်လုပ်ကိုင်မည့် ဂျာနယ်လစ် များကို ပေးအပ်သွားမည်ဟု သိရသည်။

Ref: Guardian
The Myanma Age

No comments:

Post a Comment

My Blog List