ရန်ကုန် (မဇ္ဈိမ)။ ။ ရှမ်းပြည်နယ် အရှေ့ဘက်ရှိ ဒေသများသို့ ကမ္ဘာလှည့် ခရီးသွားများ ယခုနှစ်အတွင်း ပိုမို
လာရောက်ကြောင်း ဒေသခံ ဟိုတယ်လုပ်ငန်းရှင်များထံမှ သိရသည်။
“ဒီနှစ်ထဲမှာ အမေရိကန်တွေ အတော်များများ ရောက်တယ်။ အရင်နှစ်တွေက အမေရိကန်လူမျိုးတွေ လာရောက်မှု
က
မတွေ့ရသလောက်ပါပဲ။ ဧည့်သည် သိပ်မရတဲ့ ဟိုတယ်တွေတောင် ဧည့်သည်
အတော်ရလာကြတယ်” ဟု ဟိုတယ်လုပ်ငန်းရှင်များအသင်း-ရွှေတြိဂံဇုန်မှ ဥက္ကဋ္ဌ
ဦးစိုးရွှေ က ပြောသည်။
ယခင်က နယ်မြေလုံခြုံရေးနှင့် နိုင်ငံရေးအရ
ကန့်သတ်မှုများ ရှိခဲ့သော်လည်း ယခုအခါ ပြောင်းလဲမှုများနှင့်အတူ ရှမ်းပြည်နယ်
အရှေ့ပိုင်း ကျိုင်းတုံနှင့် တာချီလိတ် ဒေသများသို့ နိုင်ငံခြားသား
ခရီးသည်များ ဝင်ရောက်မှု များပြား
လျက်ရှိသည်။
“ဧည့်သည်
ဝင်ရောက်မှုက မနှစ်ကထက် ၃၀ ရာခိုင်နှုန်းလောက် တိုးလာတယ်။ ဘာ့ကြောင့်လဲဆိုရင်
ရခိုင်ဒေသနဲ့ ကချင်ဘက် သွားရောက်လည်ပတ်ဖို့ ရောင်းထားတဲ့ ခရီးသွား
လုပ်ငန်းတွေက နိုင်ငံရေး အခြေအနေကြောင့် အဲဒီဒေသတွေကို မပို့တော့ဘဲ
ကျိုင်းတုံဘက်ကို ပို့လာကြတယ်” ဟု ဦးစိုးရွှေ က ဆိုသည်။
ကျိုင်းတုံဒေသရှိ ခေမဋ္ဌ ရပ်တော်မူ ဗျာဒိတ်ပေးဘုရား၊ မဟာမြတ်မုနိဘုရား၊ သစ်တစ်ပင်တောင်၊ နောင်တုန်ကန်၊
စော်ဘွားဂူ၊ ရှေးမြို့ရိုး၊ ရိုးရာ ဂျပ်ခုပ်လုပ်ငန်းများ၊ လက်မှုလုပ်ငန်းများကို လေ့လာလည်ပတ်မှုရှိသည် ဟုဆိုသည်။
“နိုင်ငံခြားသားတွေအဓိက
လေ့လာကြတာ အဲန်၊ လားဟူ၊ အခါ၊ အာခူ စတဲ့ တောင်ပေါ်နေ တိုင်းရင်းသားတွေရဲ့
သဘာဝအတိုင်း နိစ္စဓူဝ သွားလာနေထိုင် စားသောက်မှုတွေကို လေ့လာကြတာ များတယ်။
အဲန်လူမျိုးတွေဆို သစ်စေးက ထုတ်တဲ့ ပစ္စည်းနဲ့ သွားကို အမည်း ဆိုးထားတယ်။
ရှေးတုန်းကလို သျှောင်ထုံး ထုံးကြတယ်။ မူလ တိုင်းရင်းသား ဝတ်စုံကိုလည်း
အမြဲဝတ်ထားကြတဲ့အလေ့ ရှိတာတွေကို လေ့လာကြတယ်” ဟု Princess Hotel မှ
တာဝန်ရှိသူ တဦးက ပြောကြားသည်။
ရွှေတြိဂံ ဟိုတယ်ဇုန်အတွင်း ကျိုင်းတုံတွင် ဟိုတယ် ၃၂ လုံးနှင့် တာချီလိတ်တွင် ဟိုတယ် ၁၉ လုံး ရှိကြောင်း သိရ
သည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment