Tuesday, February 12, 2013

ကိုယ့်အားကိုယ်ကိုးကျောင်းကလေးတရားဝင်ဖြစ်ရန်နှင့် အလှူငွေများလိုအပ်လျှက်ရှိ

Photo: ကိုယ့်အားကိုယ်ကိုးကျောင်းကလေးတရားဝင်ဖြစ်ရန်နှင့်
အလှူငွေများလိုအပ်လျှက်ရှိ
Monday, February 11, 2013

တွံတေးမြို့နယ်၊ ကျောက်စရစ်ကုန်း ကျေးရွာတွင် ကိုယ့်အား
ကိုယ်ကိုး မူလတန်းကျောင်း တရားဝင်ဖြစ်ရန်နှင့် အလှူငွေများ လိုအပ်လျှက်ရှိကြောင်း ကျောင်းတာဝန်ခံ ဦးခင်မောင်လတ်က
ပြောကြားသည်။

၎င်းကျောင်းလေးတွင် အစိုးရဆရာ/ဆရာမများ တရားဝင်ကျရန်
အတွက်ကျောင်းတရားဝင်ဖြစ်ရန် လိုအပ်လျက်ရှိကြောင်း၊
ဝါးကျောင်းကလေးဖြစ်သောကြောင့်လည်း ပြန်လည်ဆောက်
လုပ်ရန်လည်းလိုအပ်နေခြင်းဖြစ်ကြောင်း ကျောင်းဖြစ်မြောက်ရေး
ကော်မတီမှ တာဝန်သူတစ်ဦးက ပြောကြားသည်။

''မြေကတော့ one for all childrenက လှူဒါန်းထားတာပါ။
ပြီးတော့ အလှူငွေနဲ့ လည်ပတ်နေရတာဆိုတော့ အခက်အခဲတွေ အများကြီးရှိတယ်။ ဒါပေမဲ့ အလယ်တန်းအထိ ဖြစ်မြောက်အောင် လုပ်ချင်တာပါ။'' ဟု ကျောင်းဖြစ်မြောက်ရေး ကော်မတီမှ ဦးခင်မောင်လတ်က ပြောကြားသည်။

ယင်းကျောင်းလေးတွင် ဆရာ၊ ဆရာမ (၇)ယောက်က ပညာဒါန
အဖြစ်သင်ကြားပေးလျက်ရှိပြီး မူလတန်းကျောင်းသား၊ ကျောင်းသူ
ဦးရေ တစ်ရာခန့် ပညာသင်ယူလျက်ရှိကြောင်း သိရသည်။

လက်ရှိကျောင်းဆရာမ အဖြစ်လျှောက်ထားသူ ကျောင်းဆရာမ
တစ်ဦးက "ကျွန်မတို့ဒီနှစ်မှာတော့ အဆင်ပြေပြေ သင်ပေးနိုင်ပေမဲ့
နောင်နှစ်တွေကျတော့ အဆင်ပြေဖို့ ကလေးတွေအတွက် တရားဝင်ကျောင်းလေး ဖြစ်စေချင်ပါတယ်ဟု" ပြောကြားသည်။

ကျောက်စရစ်ကုန်းကျေးရွာသည် နှစ်ပေါင်းများစွာ ကတည်းက
တည်ရှိခဲ့သော်လည်း ယင်းဝါးကျောင်းလေးကလေးသည်
မြေအလှူရှင် ရှိသောကြောင့် ၂၀၁၂ခုနှစ်တွင် စတင်ဆောက်လုပ်၍
ပညာဒါန ကျောင်းအဖြစ် သင်ကြားပေးလျက်ရှိကြောင်း၊ အစိုးရ
ကျောင်းအဖြစ် လျှောက်ထားဆဲဖြစ်ကြောင်း ကော်မတီဝင်များက
ပြောကြားသည်။

ယင်းကျေးရွာသည် လူဦးရေ၆၀၀ခန့် နေထိုင်သော ရွာလေးဖြစ်ပြီး
တွံတေးမြို့နှင့်၎မိုင်ခန့်ဝေးသော တွံတေး -ဒလ ကားလမ်းဘေးတွင်
တည်ရှိသည်။

ပိုင်လေး
The Myanma Ageတွံတေးမြို့နယ်၊ ကျောက်စရစ်ကုန်း ကျေးရွာတွင် ကိုယ့်အား ကိုယ်ကိုး မူလတန်းကျောင်း တရားဝင်ဖြစ်ရန်နှင့် အလှူငွေများ လိုအပ်လျှက် ရှိကြောင်း ကျောင်းတာဝန်ခံ ဦးခင်မောင်လတ်ကပြောကြားသည်။
၎င်းကျောင်းလေး တွင် အစိုးရဆရာ/ဆရာမများ တရားဝင်ကျရန် အတွ က်ေ ကျာင်းတရားဝင်ဖြစ်ရန် လိုအပ်လျက် ရှိကြောင်း၊ဝါးကျောင်း ကလေြး ဖစ်သောကြောင့်လည်း ပြန်လည်ဆောက်လုပ်ရန်လည်းလို အပ်နေခြင်းဖြစ်ကြောင်း ကျောင်းဖြစ်မြောက်ရေးကော်မတီမှ တာဝန်သူ တစ်ဦးက ပြောကြားသည်။
''မြေကတော့ one for all childrenက လှူဒါန်းထားတာပါ။ပြီးတော့ အလှူငွေနဲ့ လည်ပတ်နေရ တာဆိုတော့ အခက်အခဲတွေ အများကြီးရှိတယ်။ ဒါပေမဲ့ အလယ်တန်း အထိ ဖြစ်မြောက်အောင် လုပ်ချင်တာပါ။'' ဟု ကျောင်းဖြစ်မြောက်ရေး ကော်မတီမှ ဦးခင်မောင်လတ်က ပြောကြားသည်။

ယင်းကျောင်းလေးတွင် ဆရာ၊ ဆရာမ (၇)ယောက်က ပညာဒါနအဖြစ်သင်ကြားပေးလျက်ရှိပြီး မူလ တန်းကျောင်းသား၊ ကျောင်းသူဦးရေ တစ်ရာခန့် ပညာသင်ယူလျက်ရှိကြောင်း သိရသည်။

လက်ရှိကျောင်းဆရာမ အဖြစ်လျှောက်ထားသူ ကျောင်းဆရာမတစ်ဦးက "ကျွန်မတို့ဒီနှစ်မှာတော့ အဆင်ပြေပြေ သင်ပေးနိုင်ပေမဲ့နောင်နှစ်တွေကျတော့ အဆင်ပြေဖို့ ကလေးတွေအတွက် တရား ၀င်ကျောင်းလေး ဖြစ်စေချင်ပါတယ်ဟု" ပြောကြားသည်။

ကျောက်စရစ်ကုန်းကျေးရွာသည် နှစ်ပေါင်းများစွာ ကတည်းကတည်ရှိခဲ့သော်လည်း ယင်းဝါးကျောင်းလေး ကလေးသည်မြေအလှူရှင် ရှိသောကြောင့် ၂၀၁၂ခုနှစ်တွင် စတင်ဆောက်လုပ်၍ပညာဒါန ကျောင်းအဖြစ် သင်ကြားပေးလျက်ရှိကြောင်း၊အစိုးရကျောင်းအဖြစ် လျှောက်ထားဆဲဖြစ်ကြောင်း ကော်မတီဝင်များကပြောကြားသည်။

ယင်းကျေးရွာသည် လူဦးရေ၆၀၀ခန့် နေထိုင်သော ရွာလေးဖြစ်ပြီးတွံတေးမြို့နှင့်၎မိုင်ခန့်ဝေးသော တွံတေး -ဒလ ကားလမ်းဘေးတွင်တည်ရှိသည်။

ပိုင်လေး
The Myanma Age

No comments:

Post a Comment

My Blog List