Friday, February 15, 2013

ဧရာဝတီမြစ် အောက်ပိုင်း ညစ်ညမ်း၍ အောင်လံဒေသခံများ သောက်ရေခက်ခဲ

အရက်ချက် စက်ရုံ နှင့်  ဇီးခွဲစက်  အချို့လည်ပတ်နေခြင်းကြောင့် ဧရာဝတီမြစ် အောက်ပိုင်း ရေညစ်ညမ်းမှုနှင့် 
ရေစီးဆင်းမှု   ပြောင်းပြန်ဖြစ်ကာ သောက်သုံးရေ အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း အောင်လံဒေသခံများက
ပြောသည်။

အောင်လံမြို့ တွင်းရှိ UKT အရက်ချက် စက်ရုံနှင့်  မြို့ ပြင် ရှိ ဇီးခွဲစက် အချို့ မှ စွန့်ပစ်အရည်နှင့်  အစိုင်အခဲအချို့ ကြောင့်  ဧရာဝတီမြစ်ရေအား သောက်ရေနှင့်  ချိုးရေအဖြစ် သုံးစွဲ၍ မရတော့ ကြောင်း အောင်လံဒေသခံ ဒေါ်ဥမ္မာ
ကပြောသည်။

“အရက်ချက် စက်ရုံက စွန့်ပစ်ရေတွေကို ချောင်းထဲက တစ်ဆင့် မြစ်ထဲကို ပစ်တယ်။ ဇီးခွဲစက်တွေက ဇီးဖတ်တွေက လည်း မြစ်ထဲကို မျောပါလာတာ တွေရှိတယ်။အဲဒီတော့  ဧရာဝတီ မြစ်က ရေတွေက ၀ါလာတယ်။ သောက်လို့ မရ
တော့တဲ့ အပြင် ချိုးရင်တောင်မှ ယားလာတယ်။ ”ပာု အောင်လံမြို့  မန်ချက်စတာ ထမင်းဆိုင်ပိုင်ရှင် ဒေါ်ဥမ္မာက
ပြောသည်။

အဆိုပါ အ၀ါရောင် သန်းသည့်  ရေများအား သောက်သုံးမှုများကြောင့်  ဒေသခံ ကလေးငယ်အချို့  ၀မ်းရောဂါများ
နှင့် ခံစားမှုများရှိလာကြောင်း ဒေသခံများကဆိုသည်။

ထိုကြောင့်  အောင်လံဒေသမှ ဒေသခံ အချို့ သည် သောက်သုံးရေ ခက်ခဲမှုကြောင့်  ရေစည်တစ်စည်အား ငွေငါးရာ
ဖြင့် ဝယ်ယူသုံးစွဲရကာ မီးသတ်တပ်ဖွဲ့နှင့်  ငွေကြေးချမ်းသာသူဒေသခံ များက လှုဒါန်းလျှက် ရှိကြကြောင်း သိရ
သည်။

ရေခက်ခဲမှုဖြစ်နေသော အောင်လံမြို့ ရှိ ဒေသများမှာ စမ်းချောင်း၊စက်ရုံ၊ ရထောင်၊သရော်ကုန်း စသည်ရပ်ကွက်
တို့ ဖြစ်ပြီး တန်ဘိုး၊ပန်းမတောက်၊ပိတောက်ကုန်း စသည်ရွာများလည်းပါဝင်ကြောင်း စုစုပေါင်းလူဦးရေ တသောင်းခွဲ
ခန့်  ရေဘေးဒုက္ခ ခံစားနေရကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ဧရာဝတီမြစ်အတွင်းမှ သောက်သုံးရေ ညစ်ညမ်းမှုသည် UKTအရက်ချက်စက်ရုံနှင့်  မသက်ဆိုင်ကြောင်း ၎င်းတို့  စက်ရုံမှ  စွန့်ထုတ်ရေများသည် သန့်စင်ပြီးသားဖြစ်ကြောင်း  UKT အရက်ချက်စက်ရုံမှ ဆိုသည်။

“ကျွန်တော်တို့ စက်ရုံက တည်ထောင်လာတာအနှစ် ၂၀လောက်ရှိပြီ။စွန်ပစ်ရေတွေကို အမြဲ သန့်စင်ပြီးမှ ပစ်တယ် ”ပာု UKT အရက်ချက် စက်ရုံပိုင်ရှင် ဦးကန်ထွန်းက ပြောသည်။

UKT အရက်ချက်စက်ရုံသည် ၀ီစကီ ကုန်ကြမ်း အရက်ကြမ်းများထုတ်လုပ်သောစက်ရုံဖြစ်ပြီ ရေသန့် ပါ ထုတ်လုပ်
ကြောင်းနှင့် အဆိုပါ ရေသန့်စင်မှု ပြုလုပ်ပြီး အခြားစွန့်ပစ်ရေများမှာ သန့် စင်မှုရှိသော်လည်း တင်လဲရေအရောင် ကျန်ရှိလျက် ရှိကြောင်း သိရသည်။

ထိုပြင် ဇီးခွဲစက် လုပ်ငန်းများမှာလည်း မြစ်ရေ ညစ်ညမ်းစေသည့် အတွက် အာဏာပိုင်များမှ ဖိအားပေးမှုများ
ကြောင့် စက်အများအပြား ပိတ်သိမ်းခဲ့ ရပြီး ယခု တစ်စက်သာလည်ပတ်နေကြောင်း အောင်လံမြို့ နယ်အုပ်ချုပ်
ရေးရုံးမှ ဒုဦးစီး ကဆိုသည်။

“ကျွန်တော်တို့ ဇီးခွဲစက်တွေကို တားမြစ်နေပါပြီ။ အခု စက်တစ်စက်ဘဲ ကျန်တော့ ပါတယ်။ ”ပာုအထက်ပါ ပုဂ္ဂိုလ် ကပြောသည်။

အဆိုပါ တာဝန်ရှိသူများသည် အရက်ချက် စက်ရုံအား ၀င်ရောက်စစ်ဆေးခဲ့ ကြောင်း ၊စစ်ဆေးမှု အချက်အလက်နှင့်
ပြည့်စုံမှုရှိခဲ့ကြောင်း ဒုဦးစီး၏ ပြောကြားချက်အရ သိရသည်။

ထိုပြင် ဧရာဝတီမြစ်သည်  အဆိုပါဆိုးကျိုးများ ခံ စားနေရခြင်းကြောင့်  မြစ်ကောမှုနှင့်  ရင်ဆိုင်နေရကာ တောင်မှ
မြောက်သို့  စီးဆင်းသော ရေသည် မြောက်မှ တောင်သို့  ပြောင်းပြန်စီးဆင်း နေကြောင်းဒေသခံများက ဆိုသည်။

ဧရာဝတီမြစ်သည် ယခုကဲ့သို့ ကောလာခြင်းနှင့်  ဆယ်နှစ်ကျော် ရင်ဆိုင်လာရကြောင်း သို့ သော် ယခုနှစ်သည်
မြစ်ကောမှု အခြေအနေ အဆိုးဆုံးနှစ်ဖြစ်ကြောင်း  ဒေသခံ ပန်းချီဆရာ ကိုယဲယဲ က ပြောသည်။

No comments:

Post a Comment

My Blog List