
အဆိုပါကွန်ယက်ကို Action Labour Rights အဖွဲ့၊ မြန်မာ အလုပ်သမားကွန်ယက်၊ LRDP အလုပ်သမား အခွင့်အရေးကာကွယ်မြှင်တင့်သူများအဖွဲMITUစက် မှုဇုန်အလုပ်သမားများသမဂ္ဂ၊ CCTU အလုပ်သမား သမဂ္ဂများ ပူးပေါင်းရေးကော်မတီတို့အပါအ၀င် အလုပ်သမားအဖွဲ့ ၉ ဖွဲ့စုပေါင်း ဖွဲ့စည်းထားပြီး အလုပ်သမားအရေးများ ဆောင်ရွက်နေကြောင်းဒေါ်အိရွှေစင်ညွန့်မှပြောသည်။
ဆွေးနွေးပွဲသိုILO ကမ္ဘာ့အလုပ် သမားအဖွဲ့မှ အထူးအရာရှိရော့ဝီဆင်တက်ရောက်ဆွေးနွေးပြီး “အလုပ် ရှင်တွေက အလုပ်သမား အဖွဲ့အစည်းတွေ ဥပဒေတွေကို လေးစားရမယ်လိုက်နာရမယ်အလုပ် သမားအခွင့်အရေးကို တာဝန်ယူရမယ် အလုပ်ရှင်နဲ့ အလုပ်သမား ကြားမှာ လေးစားမှုဆိုတာအရမ်း အရေးကြီးတယ်”ဟုပြောသည်။
အလုပ်သမားရေးရာအငြင်း ပွားမှုဖြေရှင်းရေးခုံသမာဓိကောင်စီ ၀င်၊ အလုပ်သမားကိုယ်စားလှယ် တစ်ဦးဖြစ်သူဦးရဲနိုင်ဝင်းကလည်း “ဒီလိုနှီးနှောဖလှယ်ပွဲတွေ ညီလာခံတွေဟာ အလုပ်သမားတွေရဲ့ တကယ့်လုပ်ငန်းခွင်ထဲကအသံတွေ တကယ်ရင်ဆိုင်နေရတဲ့ အခြေအနေတွေ ကို ဖော်ထုတ်ဖို့ ပိုပိုကောင်း မွန် တဲ့ အနာဂတ်တွေ ဖန်တည်းဖို့ မြင်ပါတယ်။ မဆလခေတ်ကလို အမည်ခံသက်သက်ပြင်ပကမ္ဘာ ကိုပြယုဂ်ကောင်းအောင်သက်သက် ဆိုရင်တော့ အလုပ်သမားတွေ ရဲ့ ပြဿနာတွေ ကို ဖြေရှင်း အဖြေ ရှာနို င်မှာမဟုတ်ဘူး။ ဒီအချက်ကို ကျွန်တော်တို့အားလုံးအလေးအနက် သတိထားရလိမ့်မယ်”ဟု ပြော သည်။
အလုပ်ရုံဆွေးနွေးပွဲကို နံနက် (၈း၃၀) နာရီမှ ညနေ (၅း၀၀) နာရီအထိ ကျင်းပပြီး စက်ရုံအလုပ်ရုံများမှ အလုပ်သမား ကိုယ်စားလှယ် (၁၅၀) ခန့်တက် ရောက်ဆွေးနွေးကာအလုပ်သမား ရေးရာများကို နှီးနှော
ဖလှယ်ခဲ့ကြ သည်။
ဇော်မြင့်
The Hot News
No comments:
Post a Comment