Thursday, February 21, 2013

“ဂျိမ်းစ်ဘွန်းဇာတ်ရုပ်နှင့် ကိုက်ညီမှုမရှိဟု ဒန်နီရယ်လ် ကရိတ်ဂ်ျ ဖွင့်ဟပြောကြား”



မိမိသည် ပါဝင် သရုပ်ဆောင်နေသော James Bond ဇာတ်ကားများမှ နာမည်ကျော် စုံထောက် ဇာတ်ရုပ် ဂျိမ်းစ်ဘွန်း၏ ဝိသေသ လက္ခဏာများနှင့် လုံးဝ ကိုက်ညီမှု မရှိဟု ခံစားမိကြောင်း ဒန်နီရယ်လ် ကရိတ်ဂ်ျက ဖွင့်ဟခဲ့သည်။ 
အသက်(၄၄)နှစ်ရှိ ဗြိတိသျှ ဇာတ်ဆောင် မင်းသားကို James Bond ဇာတ်ကား အစဉ်အဆက် မင်းသားများအနက် ဇာတ်ရုပ်နှင့် အလိုက်ဖက်ဆုံးဟု ချီးကျူးမှုများ ရှိနေသော်လည်း ကာယကံရှင် ကိုယ်တိုင်ကမူ ယင်းအချက်ကို မိမိ အမြင်မတူကြောင်း ပြောဆိုခဲ့သည်။

ကရိတ်ဂ်ျသည် James Bond ဇာတ်လမ်းတွဲများ ဖြစ်သည့် Casino Royale၊ Quantum of Solaceနှင့် Skyfall ဇာတ်ကားများတွင် ပါဝင်ခဲ့ပြီး အောင်မြင်မှုများလည်း ရရှိခဲ့သည်။ 

No comments:

Post a Comment

My Blog List