Monday, February 18, 2013

မန်ယူနှင့် ချဲလ်ဆီးတို့ ထိပ်တိုက်တွေ့ဖွယ် ရှိသည့် FA ဖလား ဆဌမအဆင့် မဲခွဲပြီးစီး

FA ဖလား ဆဌမအဆင့် ပွဲစဉ် များအား မဲခွဲ ဆုံးဖြတ်ခဲ့ရာ မန်စီးတီး အသင်း ပွဲချောင်ခဲ့ပြီး မန်ယူနှင့် ချဲလ်ဆီးတို့ ထိပ်တိုက် တွေ့ဆုံရဖွယ် ရှိနေသည်။ FA ဖလား ပဉ္စမအဆင့်ပွဲစဉ်များ အလုံးစုံ မပြီးပြ တ်သေးသော် လည်း နောက်တစ် ဆင့် အတွက် မဲခွဲ ဆုံးဖြတ်ခဲ့ရာ မန်စီးတီး သည် ဘန်စလေ အသင်းအား အိမ်ကွင်းတွင် ဧည့်ခံ
ကစားရမည် ဖြစ်၍ အကြိုဗိုလ်လုပွဲသို့ အခက်အခဲမရှိ တက်ရောက်နိုင်ဖွယ် ရှိသည်။ သို့သော်လည်း မန်ယူနှင့် ချဲလ်ဆီးအသင်းတို့ ကွာတားဖိုင်နယ် အဆင့်တွင် တွေ့ဆုံရဖွယ် ရှိနေသဖြင့် ပွဲကြီးပွဲကောင်း တစ်ပွဲ ပါဝင်လာတော့မည် ဖြစ်သည်။ မန်ယူနှင့် ချဲလ်ဆီး နှစ်သင်းသည် ပဉ္စမအဆင့်များအား ကစားရခြင်း မရှိသေးသော်လည်း ပြိုင်ဘက် များ ဖြစ်သည့် ရီးဒင်းနှင့် မစ်ဒယ်ဘရော့စ် တို့အား အသီး သီး ကျော်ဖြတ်နို င်ခဲ့ပါက ဆဌမအဆင့် ကွာတားဖိုင်နယ် ပွဲစဉ်တွင် အိုးထရတ်ဖို့ဒ်၌ ထိပ်တိုက် ရင်ဆိုင်ရမည်ဖြစ်သည်။ အဲဗာတန်သည် အိုးလ်ဟမ်းအား ပြန်ကန်ပွဲတွင် အနိုင်ရရှိခဲ့ပါက ဝီဂန်အား ဂွဒ်ဒီဆင်ပက်တွင် ဧည့်ခံရန် မဲကျခဲ့သည်။

ပရီးမီးယားလိဂ် ကလပ်အသင်းများ မဟုတ်သည့် မေးလ်ဝေါလ်နှင့် အာဆင်နယ်အသင်း အား ကျော်ဖြတ် ခဲ့သည့် ဘလက်ဘန်းတို့ ထိပ်တိုက် တွေ့ဆုံနေခဲ့သဖြင့် အကြိုဗိုလ်လုပွဲအဆင့် တွင် အောက်တန်းလိဂ်မှ အနည်းဆုံး အသင်းတစ်သင်း သေချာပေါက် ပါဝင်နေမည် ဖြစ်သည်။

မဲခွဲပွဲ ရလဒ်

အဲဗာတန်/အိုးလ်ဟမ်း Vs ဝီဂန်
မန်ယူ/ရီးဒင်း Vs မစ်ဒယ်ဘရော့စ်/ချဲလ်ဆီး
မန်စီးတီး Vs ဘန်စလေ
မေးလ်ဝေါလ် Vs ဘလက်ဘန်း

အဆိုပါ ပွဲစဉ်များအား မတ်လ (၉)ရက် (၁၀) ရက်တွင် ယှဉ်ပြိုင် ကစားသွားမည်ဟု သိရသည်။
Source:DailyMail

No comments:

Post a Comment

My Blog List