Monday, February 18, 2013

တန်ချိန်၂၂၀ရှိသည့်မီးစက်တစ်စုံရွာမဓါတ်အားပေးစက်ရုံသို့ပြောင်းရွှေ့

Photo: တန်ချိန်၂၂၀ရှိသည့်မီးစက်တစ်စုံရွာမဓါတ်အားပေးစက်ရုံသို့ပြောင်းရွှေ့
Monday, February 18, 2013 

ထိုင်းနိုင်ငံအစိုးရမှလှူဒါန်းသော 120 MW ရှိသည့် မီးစက်တစ်စုံသည်
ဖေဖော်ဝါရီလ ၉ရက်နေ့၌ ရန်ကုန်မြို့ ဗိုလ်အောင်ကျော်ဆိပ်ကမ်းသို့
ရောက်ရှိကာ ယခုလ ၁၇ရက်နေ့ ညပိုင်း ၁၀နာရီခွဲခန့်တွင် အေးရှားဝေါလ်
ဆိပ်ကမ်း ထီးတန်းဆိပ်ခံတံတားမှ ရွာမဓါတ်အားပေးစက်ရုံသို့ ပို့ဆောင်ကြောင်း အင်ကြင်းဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက်မှ အမှုဆောင်
ဒါရိုက်တာ ဦးစိုးမင်းအောင်၏ပြောကြားချက်အရ သိရသည်။ 

အဆိုပါ မီးစက်တစ်စုံတွင် ပစ္စည်းခုရေ စုစုပေါင်း ၅၈၉ခုရှိပြီး အလေးချိန်အနေဖြင့် တန်ချိန် ၅၀၀ကျော်အား ဗိုလ်အောင်ကျော်ဆိပ်ခံ
တံတား၌ ဖေဖော်ဝါရီလ ၁၁ရက်နေ့မှ ၁၆ရက်နေ့အထိ သယ်ချခဲ့ကြောင်း သိရကာ တန်ချိန်အများဆုံးဖြစ်သည့် ၇၀၊ ၁၂၀၊ ၂၁၈နှင့် ၂၂၀တန်တို့အား
ဖေဖော်ဝါရီ ၁၇ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်းတွင် ပစ္စည်း ၄ခုသယ်ချခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ 

ထို့နောက် အဆိုပါ လေးလံပစ္စည်း ၄ခုအား အေးရှားဝေါလ်ဆိပ်ကမ်းမှ ရွာမဓါတ်အားပေးစက်ရုံသို့ ဖေဖော်ဝါရီလ ၁၇ရက်မှစတင်၍ ၂၀ရက်နေ့
အထိ သယ်ယူပို့ဆောင်ကာ နှစ်စုံတပ်ဆင်ပြီးပါက ပြည်သူများအတွက် လျှပ်စစ်မီးအပြည့်အဝအသုံးပြုရန် တိုးမြှင့်ဖြည့်ဆည်းသွားမည်ဖြစ်ကြောင်း MEC မှ ဒုတိယဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။ 

TMA
The Myanma Ageထိုင်းနိုင်ငံအစိုးရမှလှူဒါန်းသော 120 MW ရှိသည့် မီးစက်တစ်စုံသည်
ဖေဖော်ဝါရီလ ၉ရက်နေ့၌ ရန်ကုန်မြို့ ဗိုလ်အောင်ကျော်ဆိပ်ကမ်းသို့
ရောက်ရှိကာယခုလ၁၇ရက်နေ့ညပိုင်း၁၀နာရီခွဲခန့်တွင် အေးရှားေ ဝါလ် ဆိပ်ကမ်း ထီးတန်းဆိပ်ခံတံတားမှ ရွာမဓါတ် အားပေး စက်ရုံသို့ ပို့ဆောင်ကြောင်း အင်ကြင်း ဖွံ့ဖြိုးရေး ကုမ္ပဏီ လီမိတက်မှ အမှုဆောင်
ဒါရိုက်တာ ဦးစိုးမင်းအောင်၏ပြောကြားချက်အရ သိရသည်။
အဆိုပါ မီးစက်တစ်စုံတွင် ပစ္စည်းခုရေ စုစုပေါင်း ၅၈၉ခုရှိပြီး အလေး ချိန်အနေဖြင့် တန်ချိန် ၅၀၀ကျော်အား ဗိုလ်အောင်ကျော်ဆိပ်ခံတံတား ၌ ဖေဖော်ဝါရီလ ၁၁ရက်နေ့မှ ၁၆ရက်နေ့အထိ သယ်ချခဲ့ကြောင်း သိရကာ တန်ချိန်အများဆုံးဖြစ်သည့် ၇၀၊ ၁၂၀၊ ၂၁၈နှင့် ၂၂၀တန်တို့အားဖေဖော်ဝါရီ ၁၇ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်းတွင် ပစ္စည်း ၄ခုသယ်ချခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ထို့နောက် အဆိုပါ လေးလံပစ္စည်း ၄ခုအား အေးရှားဝေါလ်ဆိပ်ကမ်းမှ ရွာမဓါတ်အားပေး စက်ရုံ သို့ ဖေဖော်ဝါရီလ ၁၇ရက်မှစတင်၍ ၂၀ရက်နေ့အထိ သယ်ယူပို့ဆောင် ကာ နှစ်စုံ တပ်ဆင်ပြီး ပါက ပြည်သူများအတွက် လျှပ်စစ်မီးအပြည့်အဝအသုံးပြုရန် တိုးမြှင့်ဖြည့်ဆည်းသွားမည်ဖြစ်ကြောင်း MEC မှ ဒုတိယဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။

TMA
The Myanma Age

No comments:

Post a Comment

My Blog List