
“ဧရာဝတီမြစ်ဝှမ်း တစ်လျှောက်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ၊ ဧရာဝတီမြစ်ကြီးနဲ့ ပတ်သက်ပြီး လက်ရှိရှင်သန်နေရတဲ့ အနေအထားတွေကို သုတေသန ပြုလုပ်သွားဖို့ ရှိပါတယ်။ အဲဒီအတွက်လည်း ကျွန်မတို့ သုတေသနအဖွဲ့တစ်ခု ဖွဲ့ထားပါတယ်။ အဲဒီအဖွဲ့ကနေ ဧရာဝတီရဲ့ရေဝေရေလဲ ဒေသတွေမှာ မှီတင်း နေထိုင်ကြတဲ့ ဒေသခံတွေရဲ့ အခြေအနေမှန်တွေ ပြောင်းလဲလာတဲ့ ရာသီဥတု အခြေအနေကြောင့် ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို သုတေသန လုပ်သွားဖို့ရှိပါတယ်။ ဒီနေ့ အစည်းအဝေး ပြီးသွားတဲ့အခါမှာ သုတေသ နလုပ်ငန်းစဉ်တွေကို Natural Science နှဲ့Social Science ဆိုပြီး နှစ်ဖွဲ့ခွဲ ဆောင်ရွက်သွားမယ်။ ဒီသုတေသန ရလဒ်တွေကို သမ္မတကြီးဆီ တင်ပြပြီး ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက် သွား မှာ ဖြစ်ပါတယ်” ဟု ဧရာဝတီမြစ်ဝှမ်းဒေသ ဖွံ့ဖြိုးမှု အဓွန့်ရှည်ရေးဆိုင်ရာ သုတေသနအဖွဲ့ (Ayeyarwaddy River Basin Research Organization-ARBRO) မှ ဥက္ကဋ္ဌ ဒေါက်တာဒေါ်ဆွေဆွေအေးက ပြောကြားခဲ့သည်။
ဧရာဝတီမြစ်ဝှမ်းဒေသ ဖွံ့ဖြိုးမှု အဓွန့်ရှည်ရေးဆိုင်ရာ သုတေသန အဖွဲ့အနေဖြင့် သုတေ သန လေ့လာ ချက်များမှ ရရှိသော ရလဒ်များကို အခြေတည်၍ နိုင်ငံတော်၏ ပေါ်လစီ အသစ်များ၊ ဥပဒေနှင့် လုပ်ထုံး လုပ်နည်းသစ်များအတွက် အကြံဥာဏ်ပေးများပေးရန် ရည်ရွယ်ထားကြောင်းလည်း သိရှိရသည်။
“ဧရာဝတီကို မြတ်နိုးတန်ဖိုးထားရင် ကျွန်တော်တို့ အထူးဂရုစိုက် ရပါမယ်။ အမိဧရာဝတီ ရှင်သန်ရေးကို မျက်ကွယ်ပြုထားလို့ မရပါဘူး။ ကျွန်တော်တို့က ထိန်းသိမ်းစောင့် ရှောက်တတ်တဲ့ အလေ့အထ အားနည်းတော့ အဖြစ်အပျက် အချက်အလက် မှတ်တမ်းမှတ်ရာ စုဆောင်းထားရှိ မှုကိုလည်း တန်ဖိုးမထား တတ်ကြပါဘူး။ အမိဧရာဝတီ ရှင်သန်စေချင်ရင် သူဘာဖြစ်နေတယ်ဆိုတာကို ပြည့်ပြည့်စုံစုံသိဖို့ ကျွန်တော်တို့ သုတေသနတွေ လုပ်ရပါမယ်။ မြစ်တွေရဲ့သဘောက သူတို့ကိုထိရင် တုံ့ပြန်တတ်တဲ့ သဘောရှိပါတယ်။ အမှားလုပ်လို့ သူ့ကိုထိရင် ရင်းစား ပြန်ရဖို့ ရာစုနှစ်တစ်ခုမက ကြာတတ်ပါ တယ်။ နောက်တစ်ခုကမြစ်ကို ထိန်းသိမ်းစောင့်ရှောက် အသုံးပြုရာမှာ မိမိအသုံးချလိုတဲ့နေရာ ကွက်ကွက်လေးကိုပဲ ကြည့်ပြီး ဆုံးဖြတ်လို့ မရပါဘူး။ မြစ်ဖျား ကနေမြစ်ဝ အထိ မြစ်ဝှမ်း တစ်ခုလုံးကို လေ့လာပြီး အားလုံးခြုံငုံ သုံးသပ်ပြီးမှ စီမံခန့်ခွဲရမှာ ဖြစ်ပါတယ်” ဟုလည်း ICEWE မှဥက္ကဋ္ဌဦးချိုချိုက ပြောကြားခဲ့သည်။
ဓာတ်ပုံ - ဧရာဝတီမြစ်ဝှမ်းအတွင်း အသက်မွေးဝမ်းကျောင်းပြုနေသူများကို
တွေ့ရစဉ်
Eleven Media Group
No comments:
Post a Comment