Thursday, February 21, 2013

အိမ်နီးချင်းနိုင်ငံများတွင် ဖြစ်ပွားခဲ့သော ထူးခြားဖြစ်စဉ်များ



တရုတ်နိုင်ငံ။ ။၂၀၁၂ခုနှစ်အတွင်း တရုတ်နိုင်ငံတွင် ဖြစ်ပွားခဲ့သော ထူးခြားဖြစ်စဉ်များမှာ အောက်ပါအတိုင်းဖြစ်သည်-
၂-၁-၂၀၁၂။ ။တရုတ်နိုင်ငံ မြောက်ပိုင်းရှိ Xingxia ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ Hui မွတ်စလင်လူမျိုးများ အဓိကနေထိုင်သည့် Hexi မြို့ တွင် ဗလီအားဖျက်ဆီးခဲ့သည့် ရဲတပ်ဖွဲ့ ဝင် ၁၀၀၀ ခန့် နှင့် ဒေသခံမွတ်စလင်လူမျိုးတို့ အကြား ပဋိပက္ခများဖြစ်ပွားခဲ့ပြီး လူပေါင်းများစွာ ဒဏ်ရာရှိသည်။
၂၈-၇-၂၀၁၂။ ။တရုတ်နိုင်ငံသည် ပင်လယ်ပြင်ကာကွယ်နိုင်စွမ်းထိန်းသိမ်းရေးနှင့် ကယ်ဆယ်နိုင်စွမ်းမြှင့် တင်ရးတို့ အတွက် ပင်လယ်ရေကြောင်းစူးစမ်းရေးလုပ်ငန်းများကို တစ်ပြိုင်နက်တည်းဆောင်ရွက်နိုင်သည့် နိုင်ငံ၏ အကြီးများဆုံးနှင့် ခေတ်အမီဆုံး Haixun 01 ကင်းလှည့်ရေယာဉ်အား ဟူပေးပြည်နယ် ၀ူဟမ်မြို့ တွင် ရေချသည်။
၂၅-၈-၂၀၁၂။ ။တရုတ်နိုင်ငံသည် ဒုံးပျံ ကာကွယ်ရေး စနစ်များကို ကျော်လွှားပြီး အမေရိကန်သို့ ရောက်ရှိနိုင်စွမ်း ရှိသည့် နျူကလီးယာထိပ်ဖူး ၁၀ ခုတပ်ဆင် အသုံးပြုနိုင်သော ရေငုပ် သင်္ဘောမှ ပစ်လွှတ်ရသည့်  တာဝေးကီလိုမီတာ ၁၂၀၀၀(၇၄၅၆ မိုင်)အထိ ပစ်ခတ်ရောက်ရှိနိုင်စွမ်းရှိသော တိုက်ချင်းပစ် Dongfeng-41 မျိုးဆက်သစ် ပဲ့ထိန်းဒုံးပျံကို ထုတ်လုပ်သည်။
၂၅-၉-၂၀၁၂။ ။တရုတ်နိုင်ငံသည် ပိုင်နက်အငြင်းပွားမှုနှင့် ပတ်တက်ပြီး ကိုရီးယား၊ ဂျပန်တို့ နှင့် တင်းမာမှုများ ဖြစ်ပွားနေစဉ် အင်အားပြသသည့်အနေဖြင့် ၄င်း၏ ပထမ ဆုံးလေယာဉ်တင်သင်္ဘော Liaoning ကို Dalian ဆိပ်ကမ်းမှ တပ်တော်ဝင်သည်။
၂၂-၁၀-၂၀၁၂။ ။အရှေ့ တရုတ်ပင်လယ်တွင် ကျွန်းပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး ဂျပန်နိုင်ငံနှင့် အငြင်းပွားမှုမြင့်တက်နေစဉ် တရုတ်လေတပ်သည် ဂျက်တိုက်လေယာဉ်သစ် များနှင့် ရေဒါရှောင်ကွင်း နည်းစနစ်များ ပါဝင်သော လေတပ်လေ့ကျင့် ခန်းပြုလုပ်သည်။
၂၃-၁၀-၂၀၁၂။ ။တရုတ်နိုင်ငံတွင် နိုဝင်ဘာလ အတွင်းပြုလုပ်မည့် ၁၀ နှစ်တစ်ကြိမ်ပြုလုပ်နေကျဖြစ် သော အာဏာရ ကွန်မြူနစ် ပါတီ ခေါင်းဆောင် အပြောင်းအလဲ ပြုလုပ်မှုမတိုင်မီ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Ma Xiaotian အား လေတပ်ဦးစီးချုပ် အဖြစ်လည်းကောင်း၊ ဗဟိုစစ်ကော်မရှင်ရုံး၏ အကြီးအကဲဟောင်း Wang Guanzhong အား ဒုတိယ စစ်ဦးစီးချုပ်အဖြစ်လည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး Zhu Fuxi အား နိုင်ငံအနောက်တောင်ပိုင်း ချန်ဒူးစစ်ဒေ သအကြီး အကဲအဖြစ်လည်းကောင်း အသီးသီး ခန့် အပ်သည်။
၂၈-၁၁-၂၀၁၂။ ။တရုတ် ရေတပ်မှ ပဲ့ထိန်းဒုံးပျံ တင်ဖျက်သင်္ဘော ၂ စီး၊ ဒုံးပျံတင် ဖရီးဂိတ် စစ်သင်္ဘော ၂ စီး၊ ထောက်ပံ့ရေး သင်္ဘော ၁ စီးနှင့် ရဟတ်ယာဉ်များ ပါဝင်သော ရေယာဉ်စု တစ်စုသည် ရှာဖွေရေးနှင့် ကယ်ဆယ်ရေး အစီအစဉ်များ၊ အစောင့်အရှောက် အဖြစ် လိုက်ပါခြင်း၊ ပင်လယ်ပြင် တိုက်ခိုက်ရေးနှင့် ထောက်ပံ့ ပို့ဆောင်ရေး၊ အချိန်ပြည့် ခုတ်မောင်းခြင်းနှင့် ကာကွယ်ခြင်း ဆိုင်ရာ အစီအစဉ် များကို Miyako ရေလက်ကြားမှ တစ်ဆင့် အနောက် ပစိဖိတ် သမုဒ္ဒရာ အတွင်း၌ ပုံမှန်စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်သည်။
၁၁-၁၂-၂၀၁၂။ ။တရုတ် နိုင်ငံသည် အရှေ့ တရုတ်ပင်လယ် အတွင်း စောင့်ကြည့် လေ့လာရေး မစ်ရှင် အတွက် အလေးချိန် ၅၈၀၀ တန်ရှိ အကြီးမား ဆုံးသော ကင်းလှည့်သင်္ဘော Yuzheng 206 ကိုစေလွှတ်သည်။
၁၄-၁-၂၀၁၂ ။ ။ထိုင်ဝမ်တွင် (၁၃) ကြိမ်မြောက် သမ္မတ ရွေးကောက်ပွဲ များကို ပြုလုပ်ခဲ့ရာ လက်ရှိ သမ္မတ တမာယင်ကျိုး ထပ်မံ အနိုင် ရရှိသည်။
ထိုင်းနိုင်ငံ။ ၂၀၁၂ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၌ ဖြစ်ပွားခဲ့သော ထူးခြားဖြစ်စဉ် များမှာ
Read More >> http://bit.ly/VxJlT6


No comments:

Post a Comment

My Blog List