Monday, February 18, 2013

နိုင်ငံခြားသား ၇ ယောက် နိုင်ဂျီးရီးယားမှာ ပြန်ပေးဆွဲခံရ

Photo: နိုင်ငံခြားသား ၇ ယောက် နိုင်ဂျီးရီးယားမှာ ပြန်ပေးဆွဲခံရ 
Monday, February 18, 2013 

နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းက လက်ဘနွန်လူမျိုးတယောက် ပိုင်ဆိုင်တဲ့ ဆောက်လုပ်ရေး ကုမ္ပဏီ ဝန်းထဲကို သေနတ်သမားတွေ ဝင်ရောက်ခဲ့ပြီး လုံခြုံရေးအစောင့်တယောက်ကို သတ်ကာ နိုင်ငံခြား
အလုပ်သမား ၇ ယောက်ကို ဖမ်းဆီးခေါ်သွားပါတယ်။ 

Bauchi ပြည်နယ် Jama'are မြို့မှာရှိတဲ့ Setraco ကုမ္ပဏီဝန်းထဲကို သေနတ်သမားတွေ ဝင်ရောက် စီးနင်းပြီး အလုပ်သမားတွေကို ပြန်ပေးဆွဲသွားတာလို့ ရဲက ပြောပါတယ်။  
 
ဖမ်းဆီးခေါ်ဆောင်ခံသွားရသူတွေထဲမှာ ဗြိတိန်၊ အီတလီ၊ ဂရိတို့အပြင် လက်ဘနွန်လူမျိုး ၄ ယောက် ပါဝင်တယ်လို့ တာဝန်ရှိသူတွေက
ပြောပါတယ်။ 

စနေနေ့ညဘက် ၉ နာရီလောက်တုန်းကလည်း အကျဉ်းထောင်တခုနဲ့ ရဲစခန်းတခုကို အဲဒီသေနတ်သမားတွေပဲ ဝင်ရောက်တိုက်ခိုက်ခဲ့ပေမဲ့ လုံခြုံရေးတွေက တိုက်ထုတ်နိုင်ခဲ့တယ်လို့ Bauchi ပြည်နယ် ရဲတပ်ဖွဲ့
ပြောခွင့်ရသူက ပြောပါတယ်။  
 
သေနတ်သမားတွေ ဖမ်းဆီးသွားသူတွေဟာ အဲဒီဒေသထဲက လမ်းတခုကိုဖောက်ပေးနေတဲ့ အလုပ်သမားတွေ ဖြစ်ကြပါတယ်၊ အခုအချိန်အထိတော့ တိုက်ခိုက်ပြန်ပေးဆွဲတာဘယ်အဖွဲ့ကလဲ
ဆိုတာ မသိရသေးပါဘူး။ 

ဗွီအိုအေနိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းက လက်ဘနွန်လူမျိုးတယောက် ပိုင်ဆိုင် တဲ့ ဆောက်လုပ်ရေး ကုမ္ပဏီ ဝန်းထဲကို သေနတ်သမားတွေ ဝင်ရောက် ခဲ့ပြီး လုံခြုံရေးအစောင့်တယောက်ကို သတ်ကာ နိုင်ငံခြားအလုပ် သမား ၇ ယောက်ကို ဖမ်းဆီးခေါ်သွားပါတယ်။
Bauchi ပြည်နယ် Jama'are မြို့မှာရှိတဲ့ Setraco ကုမ္ပဏီဝန်း ထဲကို သေနတ်သမားတွေ ဝင်ရောက် စီးနင်းပြီး အလုပ် သမားတွေ ကို ပြန်ပေးဆွဲသွားတာလို့ ရဲက ပြောပါတယ်။ ဖမ်းဆီးခေါ်ဆောင်ခံသွားရသူတွေထဲမှာ ဗြိတိန်၊ အီတလီ၊ ဂရိတို့အပြင် လက်ဘနွန်လူမျိုး ၄ ယောက် ပါဝင်တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ စနေနေ့ညဘက် ၉ နာရီလောက်တုန်းကလည်း အကျဉ်းထောင်တခုနဲ့ ရဲစခန်းတခုကို အဲဒီသေနတ်သမားတွေပဲ ဝင်ရောက် တိုက်ခိုက်ခဲ့ပေမဲ့ လုံခြုံရေးတွေက တိုက်ထုတ်နိုင်ခဲ့တယ်လို့ Bauchi ပြည်နယ် ရဲတပ်ဖွဲ့ပြောခွင့်ရ သူ က ပြောပါတယ်။
သေနတ်သမားတွေ ဖမ်းဆီးသွားသူတွေဟာ အဲဒီဒေသထဲက လမ်းတခုကိုဖောက်ပေးနေတဲ့ အလုပ် သမားတွေ ဖြစ်ကြပါတယ်၊ အခုအချိန်အထိတော့ တိုက်ခိုက်ပြန်ပေးဆွဲတာဘယ်အဖွဲ့ကလဲ
ဆိုတာ မသိရသေးပါဘူး။

ဗွီအိုအေ

No comments:

Post a Comment

My Blog List