Sunday, February 17, 2013

လူထုက မကြောက်တော့ဘူး

Photo: လူထုက မကြောက်တော့ဘူး
Sunday, February 17, 2013 

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနဲ့ အဖွဲ့ တောင်ကြီးမြို့ကို မကြာသေးခင်က ရောက်ရှိပြီး ဒေသခံနိုင်ငံရေး
အင်အားစုများနဲ့ ဆွေးနွေးခဲ့ပါတယ်။

ဂျွန်ချစ်ငြိမ်း (တောင်ကြီး)က ဦးခွန်ထွန်းဦးနဲ့ တွေ့ဆုံပြီး သူတို့ရဲ့ ခရီးစဉ်အကြောင်း နဲ့ လက်ရှိ ပြည်တွင်းရေးအခြေအနေတချို့ကို
မေးမြန်းထားပါတယ်။

မေး။    ။ တောင်ကြီးကို SNLD  လာရတဲ့ ရည်ရွယ်ချက် သိလိုပါတယ်..။

ဖြေ။   ။    တောင်ကြီးမှာ ကျနော်တို့ ပါတီ ရုံးခွဲဖွင့်မယ်..၊ ပြီးတော့ Trust Building ယုံကြည်မှု တည်ဆောက်ဖို့ တွေ့ဆုံပွဲ လုပ်မယ်၊ပြီး ... သည်ဘက်
ပိုင်းပေါ့ဗျာ... (ရှမ်းပြည်) တောင်ပိုင်းကသူတွေရဲ့ အသံကို နားထောင်ဖို့ပါ။ သူတို့ ဖတ်ခဲ့တဲ့ စာတမ်းတွေ၊ ဟောပြောချက်တွေကိုလည်း ကျနော်တို့ ယူသွားမှာပါ။ လူမျိုးကြီး ၀ါဒတွေ တိုင်းရင်းသားဒေသတွေမှာ
လွမ်းမိုးခဲ့တာတွေရှိတယ်၊  ကြားနေရတယ်၊ မြင်နေရတယ်၊
ဒီတော့ တစ်ဦးနှင့် တစ်ဦး ယုံကြည်မှု တည်ဆောက်ဖို့ အရင်လုပ်ရမယ်၊ ဒါကိုနိုင်ငံတော် သမ္မတကြီး ကိုယ်တိုင်က ကျနော်တို့ကို ဖိတ်တယ်။ ရန်ကုန်မှာ ရှမ်းတိုင်းရင်းသားတွေအတွက် ယုံကြည်မှု တည်ဆောက်ခြင်း
ဆွေးနွေးပွဲ သုံးရက်တိုင် ကျနော်တို့ လုပ်ခဲ့တယ်၊ အခုလည်းပဲ
ပြည်ထောင်စု ညီလာခံကြီးပဲ ခေါ်ခေါ်၊ ဒုတိယ ပင်လုံညီလာခံပဲ ခေါ်ခေါ် တစ်တိုင်းပြည်လုံးမှာရှိတဲ့ တိုင်းရင်းသားအားလုံး ပါဝင်နိုင်တဲ့ ညီလာခံကြီး တစ်ရပ် ပေါ်ပေါက်လာဖို့ ကျွန်တော်တို့ စီစဉ် ဆောင်ရွက်သွားပါမယ်..။ 

အခုက ရှမ်းတောင်မှာ လုပ်မယ်ဆိုတော့ ကယားပြည်နယ်ဘက်ကလည်း သူတို့လည်း ပါချင်ပါတယ်လို့ ကျနော်တို့ကို ပြောတော့ ရှမ်း ကယား
ပေါင်းပြီး လုပ်လိုက်တာပါ။ ယုံကြည်မှုတည်ဆောက်ရာမှာလည်း
ကျနော်တို့မူအတိုင်းပဲ သွားပါမယ်။ မူ ဆိုတာက ဘာကိုပြောတာလဲ ဆိုတော့ဗျာ....ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းကို
ပြောတာပေါ့ဗျာ။

မေး။     ။ ရှမ်းပြည်နယ်နေ့အပြီး နောက်တရက်မှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းမှု
အတွက်ယုံကြည်မှု တည်ဆောက်ခြင်းပွဲကိုကော SNLD ကကျေနပ်
အားရမှုရှိခဲ့ပါသလား။ အတိုင်းတာဘယ်လောက်ထိအောင်မြင်ခဲ့ပါသလဲ။

ဖြေ။     ။ရှိတာပေါ့ ကျေနပ်မှု အပြည့်ရှိတယ်၊ ဘာလို့လဲ ဆိုရင်
တောင်ကြီးကလူတွေလည်း ပံ့ပိုးပေးတယ်။ လူထုထဲ မဆင်းရပေမယ့် 
ရှမ်းပြည်လူထုအတွက် ကျနော်တို့ လုပ်နေတာပဲလေ၊ အောင်မြင်တယ်
ပြောရမှာပေါ့။ တိုင်းရင်းသားလူမျိုး (၃၃ ) မျိုးရှိတယ်လို့ 
သူတို့ပြောတယ်၊ ရှာမတွေ့သေးဘူး၊ ဒီတော့ ၃၃ မျိုး ပြည့်အောင် လို့ရှာရမယ်။ ပြီးတော့ ... အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား အဖွဲ့တွေရယ်၊ ရှမ်းပြည်ပါတီတွေ အားလုံး စုစုပေါင်း (၁၆) ဖွဲ့ခန့် ရှိမယ်၊ မတ်လ လားရှိုးမှာလုပ်မယ့်ပွဲကို အားလုံး ပါအောင်လို့ ခေါ်သွားမယ်။

မေး။         ။  အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့အစည်းတွေ နဲ့ အစိုးရတပ်တွေ  မကြာခဏ တိုက်ပွဲတွေပြန်ဖြစ်နေတယ်၊ အဲဒီဖြစ်ရပ်ကိုလည်း သုံးသပ်ပြောကြားပေးပါဦးဗျ။

ဖြေ။   ။အဲဒါက ကျနော်လည်း အမြဲတမ်းပြောနေတာပဲ၊ ဦးအောင်မင်းတို့နှင့် တွေ့တိုင်းလည်း ကျနော် တင်ပြတယ်၊ အဲဒီမှာ သူဘာပြန်ပြောသလဲဆို ဟုတ်ပါတယ်၊ စစ်တပ်ကလည်း ကာကွယ်ရေး ဦးစီးချုပ်အမိန့် နဲ့ လုပ်တယ်၊ သမ္မတကြီးရဲ့လုပ်ပိုင်ခွင့် မဟုတ်ဘူးလို့
ပြန်ပြောတယ်။ အဲဒါ အခြေခံဥပဒေအရ ဖြစ်လိမ့်မယ်၊ အဓိကကတော့ အခြေခံဥပဒေရဲ့ လိုအပ်ချက်လေးတွေ ဖြစ်ပါလိမ့်မယ်။

မေး။       ။ ကချင်မှာဖြစ်နေတဲ့ စစ်ပွဲ အပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။

ဖြေ။    ။      ကချင်ကိစ္စကတော့ဗျာ...  သူတို့ အရင်လူတွေလုပ်ခဲ့တာကို အခုလူတွေက မကြိုက်ဘူး ဆိုတာတော့ မကောင်းဘူးပေါ့ဗျာ၊
နောက်တမင်း ပြောင်းရင် ပျက်ပြန်ပြီလားပေါ့။ ဗိုလ်ချုပ်ခင်ညွန့် လုပ်ခဲ့တာ
( ၁၇) နှစ်လုံး တည်တံ့လာပြီးမှ သူတို့ အစိုးရတက်မှ   Road Map လမ်းပြမြေပုံကြောင့် ကွဲပြဲကုန်တယ်၊ အံမ၀င်တော့ဘူး။

မေး။     ။  လွှတ်တော် ပြင်ပအဖွဲ့အစည်းတွေအပေါ် ဘယ်လိုမြင်ပါသလဲ၊ နည်းနည်း ပြောပြပေးပါ။

ဖြေ။     ။   အင်း .... ဒီမိုကရေစီ စနစ်မှာတာ့ အရပ်ဖက်အဖွဲ့အစည်း ရှိမှာပဲ၊ ဥပမာ .... လိုက်ပြီး သီချင်း ဆိုကြတဲ့သူတွေလည်း ဒါသူတို့ ယုံကြည်မှုနဲ့ပဲ လုပ်တာပဲ၊ သန်ရာသန်ရာ လုပ်ကြတာပဲ၊ တနေ့ .....  နိုင်ငံရေးထဲ ၀င်လာမှာပါပဲ၊ အားလုံး မဟုတ်တောင် တချို့ကတော့ ၀င်လာကြမယ်။ 
လူထုနဲ့ ထိတွေ့တာလည်း ကောင်းပါတယ်၊ လူထုက မကြောက်တော့ဘူး၊
နိုးကြားလာတယ်၊ အကြောက်တရား ဖယ်ရှားပေးတာ ကောင်းပါတယ်။


အချိန်ယူဖြေကြားပေးတဲ့ ဦးခွန်ထွန်းဦးကို ကျေးဇူး တင်ပါတယ်။

ဧရာဝတီရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနဲ့ အဖွဲ့ တောင်ကြီးမြို့ကို မကြာသေး ခင်က ရောက် ရှိပြီး ဒေသခံနိုင်ငံရေး အင်အားစုများနဲ့ ဆွေးနွေးခဲ့ပါတယ်။
ဂျွန်ချစ်ငြိမ်း (တောင်ကြီး)က ဦးခွန်ထွန်းဦးနဲ့ တွေ့ဆုံပြီး သူတို့ရဲ့ ခရီးစဉ်အကြောင်း နဲ့ လက်ရှိ ပြည်တွင်းရေးအခြေအနေတချို့ကိုမေးမြန်း ထား ပါတယ်။
မေး။ ။ တောင်ကြီးကို SNLD လာရတဲ့ ရည်ရွယ်ချက် သိလိုပါတယ်..။
ဖြေ။ ။ တောင်ကြီးမှာ ကျနော်တို့ ပါတီ ရုံးခွဲဖွင့်မယ်..၊ ပြီးတော့ Trust Building ယုံကြည်မှု တည်ဆောက်ဖို့ တွေ့ဆုံပွဲ လုပ်မယ်၊ပြီး ... သည်ဘက်ပိုင်းပေါ့ဗျာ... (ရှမ်းပြည်) တောင်ပိုင်းကသူတွေရဲ့ အသံကို နားထောင်ဖို့ပါ။ သူတို့ ဖတ်ခဲ့တဲ့ စာတမ်းတွေ၊ ဟောပြောချက်တွေကိုလည်း ကျနော်တို့ ယူသွားမှာပါ။ လူမျိုးကြီး ၀ါဒတွေ တိုင်းရင်းသားဒေသတွေမှာလွမ်းမိုးခဲ့တာတွေရှိတယ်၊ ကြားနေရ တယ်၊ မြင်နေရတယ်၊ဒီတော့ တစ်ဦးနှင့် တစ်ဦး ယုံကြည်မှု တည်ဆောက်ဖို့ အရင်လုပ်ရမယ်၊ ဒါကိုနိုင်ငံတော် သမ္မတကြီး ကိုယ်တိုင်က ကျနော်တို့ကို ဖိတ်တယ်။ ရန်ကုန်မှာ ရှမ်းတိုင်းရင်း သားတွေ အတွက် ယုံကြည်မှု တည်ဆောက်ခြင်းဆွေးနွေးပွဲ သုံးရက်တိုင် ကျနော်တို့ လုပ်ခဲ့တယ်၊ အခုလည်း ပဲပြည်ထောင်စု ညီလာခံကြီးပဲ ခေါ်ခေါ်၊ ဒုတိယ ပင်လုံညီလာခံပဲ ခေါ်ခေါ် တစ်တိုင်းပြည်လုံးမှာရှိတဲ့ တိုင်းရင်းသားအားလုံး ပါဝင်နိုင်တဲ့ ညီလာခံကြီး တစ်ရပ် ပေါ်ပေါက်လာဖို့ ကျွန်တော်တို့ စီစဉ် ဆောင်ရွက် သွားပါမယ်..။

အခုက ရှမ်းတောင်မှာ လုပ်မယ်ဆိုတော့ ကယားပြည်နယ်ဘက်ကလည်း သူတို့လည်း ပါချင်ပါတယ်လို့ ကျနော်တို့ကို ပြောတော့ ရှမ်း ကယားပေါင်းပြီး လုပ်လိုက်တာပါ။ ယုံကြည်မှုတည်ဆောက်ရာမှာလည်း ကျနော် တို့မူအတိုင်းပဲ သွားပါမယ်။ မူ ဆိုတာက ဘာကိုပြောတာလဲ ဆိုတော့ဗျာ....ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းကိုပြောတာပေါ့ဗျာ။

မေး။ ။ ရှမ်းပြည်နယ်နေ့အပြီး နောက်တရက်မှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းမှုအတွက်ယုံကြည်မှု တည်ဆောက်ခြင်းပွဲကိုကော SNLD ကကျေနပ်အားရမှုရှိခဲ့ပါသလား။ အတိုင်းတာဘယ်လောက် ထိအောင်မြင်ခဲ့ပါသလဲ။

ဖြေ။ ။ရှိတာပေါ့ ကျေနပ်မှု အပြည့်ရှိတယ်၊ ဘာလို့လဲ ဆိုရင်တောင်ကြီးကလူတွေလည်း ပံ့ပိုးပေးတယ်။ လူထုထဲ မဆင်းရပေမယ့် ရှမ်းပြည်လူထုအတွက် ကျနော်တို့ လုပ်နေတာပဲလေ၊ အောင်မြင်တယ်ပြောရ မှာပေါ့။ တိုင်းရင်းသားလူမျိုး (၃၃ ) မျိုးရှိတယ်လို့ သူတို့ပြောတယ်၊ ရှာမတွေ့သေးဘူး၊ ဒီတော့ ၃၃ မျိုး ပြည့်အောင် လို့ရှာရမယ်။ ပြီးတော့ ... အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား အဖွဲ့တွေရယ်၊ ရှမ်းပြည်ပါတီတွေ အားလုံး စုစုပေါင်း (၁၆) ဖွဲ့ခန့် ရှိမယ်၊ မတ်လ လားရှိုးမှာလုပ်မယ့်ပွဲကို အားလုံး ပါအောင်လို့ ခေါ်သွားမယ်။

မေး။ ။ အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့အစည်းတွေ နဲ့ အစိုးရတပ်တွေ မကြာခဏ တိုက်ပွဲတွေပြန်ဖြစ်နေတယ်၊ အဲဒီဖြစ်ရပ်ကိုလည်း သုံးသပ်ပြောကြားပေးပါဦးဗျ။

ဖြေ။ ။အဲဒါက ကျနော်လည်း အမြဲတမ်းပြောနေတာပဲ၊ ဦးအောင်မင်းတို့နှင့် တွေ့တိုင်းလည်း ကျနော် တင်ပြတယ်၊ အဲဒီမှာ သူဘာပြန်ပြောသလဲဆို ဟုတ်ပါတယ်၊ စစ်တပ်ကလည်း ကာကွယ်ရေး ဦးစီးချုပ်အမိန့် နဲ့ လုပ်တယ်၊ သမ္မတကြီးရဲ့လုပ်ပိုင်ခွင့် မဟုတ်ဘူးလို့ပြန်ပြောတယ်။ အဲဒါ အခြေခံဥပဒေအရ ဖြစ်လိမ့်မယ်၊ အဓိကကတော့ အခြေခံဥပဒေရဲ့ လိုအပ်ချက်လေးတွေ ဖြစ်ပါလိမ့်မယ်။

မေး။ ။ ကချင်မှာဖြစ်နေတဲ့ စစ်ပွဲ အပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ကချင်ကိစ္စကတော့ဗျာ... သူတို့ အရင်လူတွေလုပ်ခဲ့တာကို အခုလူတွေက မကြိုက်ဘူး ဆိုတာတော့ မကောင်းဘူးပေါ့ဗျာ၊နောက်တမင်း ပြောင်းရင် ပျက်ပြန်ပြီလားပေါ့။ ဗိုလ်ချုပ်ခင်ညွန့် လုပ်ခဲ့တာ( ၁၇) နှစ်လုံး တည်တံ့လာပြီးမှ သူတို့ အစိုးရတက်မှ Road Map လမ်းပြမြေပုံကြောင့် ကွဲပြဲကုန်တယ်၊ အံမ၀င်တော့ဘူး။

မေး။ ။ လွှတ်တော် ပြင်ပအဖွဲ့အစည်းတွေအပေါ် ဘယ်လိုမြင်ပါသလဲ၊ နည်းနည်း ပြောပြပေးပါ။

ဖြေ။ ။ အင်း .... ဒီမိုကရေစီ စနစ်မှာတာ့ အရပ်ဖက်အဖွဲ့အစည်း ရှိမှာပဲ၊ ဥပမာ .... လိုက်ပြီး သီချင်း ဆိုကြတဲ့သူတွေလည်း ဒါသူတို့ ယုံကြည်မှုနဲ့ပဲ လုပ်တာပဲ၊ သန်ရာသန်ရာ လုပ်ကြတာပဲ၊ တနေ့ ..... နိုင်ငံရေး ထဲ ၀င်လာမှာပါပဲ၊ အားလုံး မဟုတ်တောင် တချို့ကတော့ ၀င်လာကြမယ်။ လူထုနဲ့ ထိတွေ့တာလည်း ကောင်းပါတယ်၊ လူထုက မကြောက်တော့ဘူး၊နိုးကြားလာတယ်၊ အကြောက်တရား ဖယ်ရှားပေးတာ ကောင်းပါတယ်။


အချိန်ယူဖြေကြားပေးတဲ့ ဦးခွန်ထွန်းဦးကို ကျေးဇူး တင်ပါတယ်။

No comments:

Post a Comment

My Blog List