Monday, February 18, 2013

မဲခေါင်ဒေသ(၆)နိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး အရာရှိကြီးများ အစည်းအဝေးကို ထိုင်းတွင် ပြုလုပ်မည်ဖြစ်ပြီး တရုတ်၊ထိုင်းနယ်စပ် ဆက်ဆံရေးရုံးများ ဖွင့်ရန် ဆွေးနွေးမည်

Photo: မဲခေါင်ဒေသ(၆)နိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး အရာရှိကြီးများ အစည်းအဝေးကို ထိုင်းတွင် ပြုလုပ်မည်ဖြစ်ပြီး တရုတ်၊ထိုင်းနယ်စပ် ဆက်ဆံရေးရုံးများ ဖွင့်ရန် ဆွေးနွေးမည်
Sunday, February 17, 2013

၉ ကြိမ်မြောက် မဲခေါင်ဒေသ (၆) နိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး  အစီအစဉ် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ထိုင်းနိုင်ငံတွင်
ဖေဖော်ဝါရီလ ၂၁၊ ၂၂ ရက်များတွင် ပြုလုပ်သွားမည်ဖြစ်ပြီး
မြန်မာနိုင်ငံအနေဖြင့် တရုတ်နှင့်ထိုင်းနိုင်ငံတို့နှင့် သီခြားတွေ့ဆုံရန် ရည်ရွယ်ထားပြီး နှစ်နိုင်ငံနယ်စပ် ဆက်ဆံရေးရုံးများ ထပ်မံဖွင့်လှစ်ရန်
ဆွေးနွေးသွားမည်ဖြစ်ကြောင်း အဆိုပါအစည်းအဝေး တက်ရောက်မည့်
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့မှ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်ထွန်းထံမှ သိရှိရသည်။

မဲခေါင်ဒေသ (၆) နိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးအစီအစဉ်(Coordinated Mekong Ministerial Initiative against Trafficking-COMMIT) အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲဦးစီးအရာရှိချုပ်၊ သတင်းတပ်ဖွဲ့မှ ဒုတိယတပ်ဖွဲ့မှူးနှင့် UNIAP ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့၊
မြန်မာနိုင်ငံအခြေစိုက် World Vision Myanmar ၊ Save the Children ၊ IOM နှင့် UNICEF တို့မှ တာဝန်ရှိသူများ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ်အတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေးတွင် အောင်မြင်စွာ လုပ်ဆောင်ခဲ့မှုများ၊ လုပ်အားအတွက် လူကုန်ကူးမှု ဖြစ်ပွားနေမှုအား တား ဆီးကာကွယ်ရာတွင် တွေ့ကြုံခဲ့ရသည့် သင်ခန်းစာဖော်ထုတ်ချက်များအား တင်ပြခြင်း၊ ပုဂ္ဂလိက အခန်းကဏ္ဍမှ လူကုန်ကူးမှု တားဆီးရေးတွင် ပူးပေါင်းပါဝင်လာမှုများကို နိုင်ငံအလိုက် တင်ပြခြင်း၊ တရားစီရင်ရေးတွင် 
ပူးပေါင်းဆောင်ရွက်မှုများ တင်ပြခြင်းနှင့် ပြန်လည်ပေါင်းစည်းရေးတွင်
တွေ့ရှိချက်များ တင်ပြခြင်းများကို အဆိုပါအစည်းအဝေးတွင် ဆောင်ရွက်
သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ပြုလုပ်မည့် အဆိုပါအစည်းအဝေးနှင့် ပတ်သက်၍ ရဲမှူးကြီးဝင်းနိုင်ထွန်းက ''အစည်းအဝေးရဲ့ အဓိကရည်ရွယ်ချက်ကတော့ လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းမှာ ဘယ်လို ပူးပေါင်း ဆောင်ရွက်
ကြမလဲဆိုတာရယ်၊ ပြီးခဲ့တဲ့ အတွေ့အကြုံတွေ ဖလှယ်ဖို့ဖြစ်ပါတယ်။
နှစ်နိုင်ငံ အစည်းအဝေးငယ်တွေလည်း  ပြုလုပ်သွားမှာဖြစ်ပြီး တရုတ်၊ထိုင်းနိုင်ငံတို့နဲ့ သီးခြား တွေ့ဖို့ ရည်ရွယ်ထားပါတယ်။ အချိန်ရရင်တော့ လာအိုနိုင်ငံနဲ့ပါ တွေ့ဆုံသွားမှာ ဖြစ်ပါတယ်''ဟု
ပြောကြားခဲ့သည်။

မြန်မာနှင့် တရုတ်ကိုယ်စား လှယ်အဖွဲ့တို့ တွေ့ဆုံစဉ် ၂၀၁၃ ခုနှစ်တွင် ပူးပေါင်းဆောင်ရွက်ကြရန် သဘောတူထားသည့် လုပ်ငန်းစဉ်များ၊
နှစ်နိုင်ငံ တတိယမြောက် နယ်စပ်ဆက်ဆံရေး ရုံးဖွင့်မည့်ကိစ္စများ၊ ထိုင်းနိုင်ငံနှင့် တွေ့ဆုံစဉ်  နှစ်နိုင်ငံ လူကုန်ကူးမှုများနှင့် ပတ်သက်ပြီး တရားစွဲဆိုရေး လုပ်ငန်းစဉ်များ ထိရောက်မှု ရှိစေရေး၊ မြ၀တီနှင့် မဲဆောက်တွင် တတိယမြောက် နယ်စပ်ဆက်ဆံရေးရုံး ဖွင့်လှစ်မည့်ကိစ္စများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

လာအိုနိုင်ငံနှင့် တွေ့ဆုံဖြစ်ပါက လာအိုနိုင်ငံတွင်း ၀င်၍ ကာဆီနို လောင်းကစားလုပ်ငန်းများတွင် တရားမ၀င် သွားရောက်အလုပ်လုပ်နေကြသူများအနေဖြင့် လူကုန်ကူးမှု၊ လုပ်အားခေါင်းပုံဖြတ်မှုများ ကြုံတွေ့နေရကြောင်း သတင်းများ ထွက်ပေါ်နေမှုအပေါ် မည်သို့ကိုင်တွယ် ဆောင်ရွက်သွားမည်ဆိုသည့် အချက်ကိုပါ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

မဲခေါင်မြစ်ဝှမ်းဒေသအတွင်း  လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရန်အတွက် မဲခေါင်ဒေသ ခြောက်နိုင်ငံဖြစ်သည့် မြန်မာ၊တရုတ်၊ထိုင်း၊ လာအို၊
ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံ တို့ဖြင့် (Coordinated Mekong 
Ministerial Initiative against Trafficking-COMMIT) ကို ဖွဲ့စည်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

Eleven Media Group၉ ကြိမ်မြောက် မဲခေါင်ဒေသ (၆) နိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး အစီ အစဉ်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကိုထိုင်းနိုင်ငံ တွင်ဖေဖော် ၀ါရီလ ၂၁၊ ၂၂ ရက်များတွင် ပြုလုပ်သွားမည်ဖြစ်ပြီးမြန်မာနိုင်ငံ အနေဖြင့် တရုတ်နှင့်ထိုင်းနိုင်ငံတို့နှင့် သီခြားတွေ့ဆုံရန် ရည်ရွယ် ထားပြီး နှစ်နိုင်ငံနယ်စပ် ဆက်ဆံရေးရုံးများ ထပ်မံဖွင့်လှစ်ရန်ဆွေးနွေး သွားမည်ဖြစ်ကြောင်း အဆိုပါအစည်းအဝေး တက်ရောက်မည့်မြန်မာနိုင် ငံရဲတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့မှ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်ထွန်း ထံမှ သိရှိရသည်။
မဲခေါင်ဒေသ (၆) နိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးအစီအစဉ်(Coordinated Mekong Ministerial Initiative against Trafficking-COMMIT) အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး သို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲဦးစီးအရာရှိချုပ်၊ သတင်းတပ်ဖွဲ့မှ ဒုတိယတပ်ဖွဲ့မှူးနှင့် UNIAP ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့၊မြန်မာနိုင်ငံအခြေစိုက် World Vision Myanmar ၊ Save the Children ၊ IOM နှင့် UNICEF တို့မှ တာဝန်ရှိသူများ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ်အတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေးတွင် အောင်မြင်စွာ လုပ်ဆောင်ခဲ့မှုများ၊ လုပ်အားအတွက် လူကုန်ကူးမှု ဖြစ်ပွားနေမှုအား တား ဆီးကာကွယ်ရာတွင် တွေ့ကြုံခဲ့ရသည့် သင်ခန်းစာဖော်ထုတ် ချက်များအား တင်ပြခြင်း၊ ပုဂ္ဂလိက အခန်းကဏ္ဍမှ လူကုန်ကူးမှု တားဆီးရေးတွင် ပူးပေါင်းပါဝင် လာမှုများကို နိုင်ငံအလိုက် တင်ပြခြင်း၊ တရားစီရင်ရေးတွင် ပူးပေါင်းဆောင်ရွက်မှုများ တင်ပြခြင်းနှင့် ပြန် လည်ပေါင်းစည်းရေးတွင်တွေ့ရှိချက်များ တင်ပြခြင်းများကို အဆိုပါအစည်းအဝေး တွင် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။ထိုင်းနိုင်ငံတွင် ပြုလုပ်မည့် အဆိုပါအစည်းအဝေးနှင့် ပတ်သက်၍ ရဲမှူးကြီးဝင်းနိုင်ထွန်းက ''အစည်းအဝေးရဲ့ အဓိကရည်ရွယ်ချက်ကတော့ လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းမှာ ဘယ်လို ပူးပေါင်း ဆောင်ရွက်ကြမလဲဆိုတာရယ်၊ ပြီးခဲ့တဲ့ အတွေ့အကြုံတွေ ဖလှယ်ဖို့ဖြစ်ပါတယ်။နှစ်နိုင်ငံ အစည်းအဝေးငယ်တွေလည်း ပြုလုပ်သွားမှာဖြစ်ပြီး တရုတ်၊ထိုင်းနိုင်ငံတို့နဲ့ သီးခြား တွေ့ဖို့ ရည်ရွယ်ထားပါတယ်။ အချိန်ရရင်တော့ လာအိုနိုင်ငံနဲ့ပါ တွေ့ဆုံသွားမှာ ဖြစ်ပါတယ်''ဟု
ပြောကြားခဲ့သည်။

မြန်မာနှင့် တရုတ်ကိုယ်စား လှယ်အဖွဲ့တို့ တွေ့ဆုံစဉ် ၂၀၁၃ ခုနှစ်တွင် ပူးပေါင်းဆောင်ရွက်ကြရန် သဘောတူထားသည့် လုပ်ငန်းစဉ်များ၊နှစ်နိုင်ငံ တတိယမြောက် နယ်စပ်ဆက်ဆံရေး ရုံးဖွင့်မည့်ကိစ္စများ၊ ထိုင်းနိုင်ငံနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံ လူကုန်ကူးမှုများနှင့် ပတ်သက်ပြီး တရားစွဲဆိုရေး လုပ်ငန်းစဉ်များ ထိရောက်မှု ရှိစေရေး၊ မြ၀တီနှင့် မဲဆောက်တွင် တတိယမြောက် နယ်စပ်ဆက်ဆံရေးရုံး ဖွင့်လှစ်မည့် ကိစ္စများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

လာအိုနိုင်ငံနှင့် တွေ့ဆုံဖြစ်ပါက လာအိုနိုင်ငံတွင်း ၀င်၍ ကာဆီနို လောင်းကစားလုပ်ငန်းများတွင် တရားမ၀င် သွားရောက်အလုပ်လုပ်နေကြသူများအနေဖြင့် လူကုန်ကူးမှု၊ လုပ်အားခေါင်းပုံဖြတ်မှုများ ကြုံတွေ့နေရကြောင်း သတင်းများ ထွက်ပေါ်နေမှုအပေါ် မည်သို့ကိုင်တွယ် ဆောင်ရွက်သွားမည်ဆိုသည့် အချက်ကိုပါ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

မဲခေါင်မြစ်ဝှမ်းဒေသအတွင်း လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရန်အတွက် မဲခေါင်ဒေသ ခြောက်နိုင်ငံဖြစ် သည့် မြန်မာ၊တရုတ်၊ထိုင်း၊ လာအို၊ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံ တို့ဖြင့် (Coordinated Mekong
Ministerial Initiative against Trafficking-COMMIT) ကို ဖွဲ့စည်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List