Sunday, February 17, 2013

တောင်ကိုရီးယားက မြောက်ကိုရီးယားခေါင်းဆောင်၏ ရုံးခန်းအထိ အတိအကျ ပစ်လွှတ်နိုင်သော ခရုဇ်ဒုံးကျည်ကို ပြသ

Photo: တောင်ကိုရီးယားက မြောက်ကိုရီးယားခေါင်းဆောင်၏ ရုံးခန်းအထိ အတိအကျ ပစ်လွှတ်နိုင်သော ခရုဇ်ဒုံးကျည်ကို ပြသ
Sunday, February 17, 2013 

မြောက်ကိုရီးယား၏ တတိယ အကြိမ်မြောက် မြေအောက်အဏုမြူ ဗုံးစမ်းသပ်ခဲ့ပြီးနောက် မြောက်ကိုရီး ယားခေါင်းဆောင်၏ ရုံးခန်းအထိ ပစ်လွှတ်နိုင်သော ခရုဇ်ဒုံးကျည် တစ်မျိုးကို တောင်ကိုရီးယားနိုင်ငံက
ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ထုတ် ဖော်ပြသခဲ့သည်။

ယင်းဒုံးကျည်သည် မြောက်ကို ရီးယားနိုင်ငံ၏ မည်သည့်နေရာကို မဆို ထိမှန်အောင် ပစ်ခတ်နိုင်သည်ဟု တောင်ကိုရီးယား အရာရှိများက
ပြောကြားခဲ့သော်လည်း ဒုံးကျည်ပစ် လွှတ်နိုင်သည့် အကွာအဝေးကိုမူ အတိအကျ ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

ဖျက်သင်္ဘောများနှင့် ရေငုပ်သင်္ဘောများမှ ပစ်မှတ်နမူနာများကို ပစ်ခတ်သည့် ဒုံးကျည်များ၏ ဗီဒီယိုကို တောင်ကိုရီးယား ကာကွယ်ရေး ၀န်ကြီးဌာနက ထုတ်ဖော်ပြသခဲ့သည်။ ယင်းလက်နက်များသည် ပြီးခဲ့သည့် ဧပြီလတွင် ကြိုတင်ပြသခဲ့သည့် လက်နက်များဖြစ်ပြီး ယခုအခါတွင် လုံးဝအသုံးချနိုင်ပြီ ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

“ယနေ့ထုတ်ဖော်ပြသတဲ့ခရုဇ်ဒုံးကျည်ဟာ မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ 
ရုံးခန်းပြတင်းပေါက် အထိ အတိအကျ ပစ်လွှတ်နိုင်တဲ့ လက်နက်တစ်မျိုးပါ” ဟု ကာကွယ်ရေး ၀န်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် ကင်မင်ဆုတ်ခ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဘာရက်အိုဘားမားက မဟာမိတ် ဂျပန်ကို
မြောက်ကိုရီးယား၏ နျူကလီးယား တိုက်ခိုက်မှုများမှကာကွယ်ပေးသွား
မည်ဟုဖေဖော်ဝါရီ ၁၃ ရက် နေ့တွင် ကတိပြုခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။ မြောက်ကိုရီးယားအပေါ် ပိုမိုပြင်းထန်သည့် အရေးယူ
ဆောင်ရွက်ရန်အတွက် ပူးပေါင်းဆောင်ရွက်ရန် အိုဘားမားနှင့် အာဘေးတို့က သဘောတူညီမှု ရရှိခဲ့သည်ဟု အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို မြောက်ကိုရီးယား ချိုးဖောက်မှုအား အရေးယူ တုံ့ပြန်ရန် အိုဘားမားနှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့သည် ဖုန်းဖြင့် ဆွေးနွေးခဲ့သည်ဟု အိမ်ဖြူတော်၏
ကြေညာချက်တွင် ဖော်ပြခဲ့သည်။ အာဘေးသည် အိုဘားမားနှင့်
တွေ့ဆုံဆွေးနွေးရန်အတွက် ဖေဖော်ဝါရီ နှောင်းပိုင်းတွင် ၀ါရှင်တန်သို့ သွားရောက်ရန် စီစဉ်ထားကြောင်း သိရသည်။

မြောက်ကိုရီးယား၏ ဖေဖော်ဝါ ရီ ၁၂ ရက်နေ့က ပြုလုပ်ခဲ့သော
မြေအောက်အဏုမြူဗုံး စမ်းသပ်မှုသည် ၂၀၀၆ ခုနှစ်နှင့် ၂၀၀၉ ခုနှစ်က စမ်းသပ်ခဲ့မှုများထက် ပိုမိုအင်အား ပြင်းထန်သည်ဟု အမေရိကန်နှင့်
တောင်ကိုရီးယားတို့မှ စောင့်ကြည့်လေ့လာ သူများက ပြောကြားခဲ့သည်။

အိုဘားမားသည် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ပြည်ထောင်စု မိန့်ခွန်းပြောကြားခဲ့ရာ၌ မြောက်ကိုရီးယားအပေါ် ပြင်းထန်သည့် အရေးယူမှုများ လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။ အာဘေးနှင့် တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်တို့သည်လည်း ဖုန်းနှင့် ဆွေးနွေးခဲ့ပြီး မြောက်ကိုရီးယားအပေါ် ပြင်းထန်သည့် အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ရန်အတွက် သဘောတူညီမှု ရရှိခဲ့သည်ဟု Jiji တွင် ဖော်ပြခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကလည်း အီရန်ကို အချက်ပြမှုတစ်ခု အနေဖြင့် မြောက်ကိုရီးယားအပေါ် ပြင်းထန်သော တုံ့ပြန်မှုပြုလုပ်ရန် ကမ္ဘာ့ခေါင်းဆောင်များကို တိုက်တွန်းခဲ့သည်။

မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်နှင့် ဒုံးလက်နက် 
အစီအစဉ်သည်အမေရိကန်အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေသည်ဟု ကယ်ရီက ပြောကြားခဲ့သည်။

ဓာတ်ပုံ - စစ်သင်္ဘောတစ်စင်းမှခရုဇ်ဒုံးကျည်စမ်းသပ်ပစ်လွှတ်နေမှုကို
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပေးခဲ့ပုံ ( AFP)

Ref: AFP
Eleven Media Groupမြောက်ကိုရီးယား၏ တတိယ အကြိမ်မြောက် မြေအောက်အဏုမြူ ဗုံးစမ်းသပ်ခဲ့ပြီးနောက် မြောက်ကိုရီး ယားခေါင်းဆောင်၏ ရုံးခန်းအထိ ပစ်လွှတ်နိုင်သော ခရုဇ်ဒုံးကျည် တစ်မျိုးကို တောင်ကိုရီးယားနိုင်ငံက
ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ထုတ် ဖော်ပြသခဲ့သည်။
ယင်းဒုံးကျည်သည် မြောက်ကို ရီးယားနိုင်ငံ၏ မည်သည့်နေရာကို မဆို ထိမှန်အောင်ပစ်ခတ်နိုင်သည်ဟုတောင်ကိုရီးယားအရာရှိများက ပြော ကြား ခဲ့သော်လည်း ဒုံးကျည်ပစ် လွှတ်နိုင်သည့် အကွာအဝေးကိုမူ အတိအကျ ထုတ်ပြန်ခဲ့ခြင်း မရှိပေ။ဖျက်သင်္ဘောများနှင့် ရေငုပ်သင်္ဘောများမှ ပစ်မှတ်နမူနာများကို ပစ်ခတ်သည့် ဒုံးကျည်များ၏ ဗီဒီယိုကို တောင်ကိုရီးယား ကာကွယ်ရေး ၀န်ကြီးဌာနက ထုတ်ဖော်ပြသခဲ့သည်။ ယင်းလက်နက်များသည် ပြီးခဲ့သည့် ဧပြီလတွင် ကြိုတင်ပြသခဲ့သည့် လက်နက်များဖြစ်ပြီး ယခုအခါတွင် လုံးဝအသုံး ချနိုင် ပြီ ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

“ယနေ့ထုတ်ဖော်ပြသတဲ့ခရုဇ်ဒုံးကျည်ဟာ မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ ရုံးခန်းပြတင်းပေါက် အထိ အတိအကျ ပစ်လွှတ်နိုင်တဲ့ လက်နက်တစ်မျိုးပါ” ဟု ကာကွယ်ရေး ၀န်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် ကင်မင် ဆုတ်ခ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဘာရက်အိုဘားမားက မဟာမိတ် ဂျပန်ကိုမြောက်ကိုရီးယား၏ နျူကလီးယား တိုက်ခိုက်မှုများမှကာကွယ်ပေးသွားမည်ဟုဖေဖော်ဝါရီ ၁၃ ရက် နေ့တွင် ကတိပြုခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။ မြောက်ကိုရီးယားအပေါ် ပိုမိုပြင်းထန်သည့် အရေးယူဆောင်ရွက်ရန်အတွက် ပူးပေါင်းဆောင်ရွက်ရန် အိုဘားမားနှင့် အာဘေးတို့က သဘောတူညီမှု ရရှိခဲ့သည်ဟု အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို မြောက်ကိုရီးယား ချိုးဖောက်မှုအား အရေးယူ တုံ့ပြန်ရန် အိုဘားမားနှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့သည် ဖုန်းဖြင့် ဆွေးနွေးခဲ့သည်ဟု အိမ်ဖြူတော်၏ကြေညာချက်တွင် ဖော်ပြခဲ့သည်။ အာဘေးသည် အိုဘားမားနှင့်တွေ့ဆုံဆွေးနွေး ရန် အတွက် ဖေဖော်ဝါရီ နှောင်းပိုင်းတွင် ၀ါရှင်တန်သို့ သွားရောက်ရန် စီစဉ်ထားကြောင်း သိရသည်။

မြောက်ကိုရီးယား၏ ဖေဖော်ဝါ ရီ ၁၂ ရက်နေ့က ပြုလုပ်ခဲ့သောမြေအောက်အဏုမြူဗုံး စမ်းသပ်မှုသည် ၂၀၀၆ ခုနှစ်နှင့် ၂၀၀၉ ခုနှစ်က စမ်းသပ်ခဲ့မှုများထက် ပိုမိုအင်အား ပြင်းထန်သည်ဟု အမေရိကန်နှင့်
တောင်ကိုရီးယားတို့မှ စောင့်ကြည့်လေ့လာ သူများက ပြောကြားခဲ့သည်။

အိုဘားမားသည် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ပြည်ထောင်စု မိန့်ခွန်းပြောကြား ခဲ့ရာ၌ မြောက် ကိုရီးယား အပေါ် ပြင်းထန်သည့် အရေးယူမှုများ လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။ အာဘေးနှင့် တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်တို့သည်လည်း ဖုန်းနှင့် ဆွေးနွေး ခဲ့ပြီး မြောက်ကိုရီးယားအပေါ် ပြင်းထန်သည့် အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ရန်အတွက် သဘောတူညီမှု ရရှိခဲ့သည်ဟု Jiji တွင် ဖော်ပြခဲ့သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကလည်း အီရန်ကို အချက်ပြမှုတစ်ခု အနေဖြင့် မြောက်ကိုရီး ယားအပေါ် ပြင်းထန်သော တုံ့ပြန်မှုပြုလုပ်ရန် ကမ္ဘာ့ခေါင်းဆောင်များကို တိုက်တွန်းခဲ့သည်။

မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်နှင့် ဒုံးလက်နက် အစီအစဉ်သည်အမေရိကန်အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေသည်ဟု ကယ်ရီက ပြောကြားခဲ့သည်။ ဓာတ်ပုံ - စစ်သင်္ဘော တစ်စင်းမှ ခရုဇ်ဒုံးကျည်စမ်းသပ်ပစ်လွှတ်နေမှုကို တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပေးခဲ့ပုံ ( AFP)

Ref: AFP
Eleven Media Group

No comments:

Post a Comment

My Blog List