Wednesday, February 20, 2013

ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားတွင် ဂျပန်နှင့်ပတ်သက်သော အခန်းကဏ္ဍများကို ကူညီပေးရန် ဂျပန်မှလာရောက်ကမ်းလှမ်း

Photo: ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားတွင် ဂျပန်နှင့်ပတ်သက်သော အခန်းကဏ္ဍများကို ကူညီပေးရန် ဂျပန်မှလာရောက်ကမ်းလှမ်း
Wednesday, February 20, 2013

ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရာမှာ ဂျပန်နဲ့ပတ်သက်တဲ့အခန်း ကဏ္ဍများကို ဂျပန်က ကူညီပံ့ပိုးပေးရန် လာရောက်ကမ်းလှမ်းကြောင်းသိရ ပါတယ်။

အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံမှာ ဒီဇိုင်နာတစ်ယောက်အဖြစ်
အောင်မြင်ကျော်ကြားနေတဲ့ မြန်မာလူမျိုး ဇာနည်ထူးထူးရဲ့မြန်မာနိုင်ငံကို
အပြန်ခရီးမှာ ဗိုလ်ချုပ်ရုပ် ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး ကူညီပေးမယ့်
ဂျပန်ပရိုဂျူဆာလည်း လိုက် ပါလာခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက်နေ့မှတော့ ဗိုလ်ချုပ်ရုပ်ရှင် ဇာတ်ကားနဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံရဲ့ ကူညီပေးမယ့်အကြောင်းနဲ့ စပ်လျဉ်း တဲ့ စာနယ်ဇင်းရှင်းလင်းပွဲ
ပြုလုပ်ခဲ့ ပါတယ်။အဆိုပါ စာနယ်ဇင်းရှင်းလင်းပွဲမှာတော့ ဗိုလ်ချုပ်ရုပ်ရှင်
ဇာတ်ကားဖြစ်မြောက်ရေးမှ ဒါရိုက်တာ ကြည်ဖြူသျှင်၊ ဂျပန်နိုင်ငံမှ ဒီဇိုင်နာ မြန်မာလူမျိုးဇာနည်ထူးထူးနဲ့ အတူ ဂျပန်ပရိုဂျူဆာလည်း တက်ရောက်ခဲ့ပါတယ်။ 

ဂျပန်ပရိုဂျူဆာရဲ့ အဖြေ လေးများကိုတော့ ဇာနည်ထူးထူးက
မြန်မာလိုဘာသာပြန်ပေးခဲ့ပါတယ်။ ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားမှာ ဇာတ်ညွှန်းနဲ့ပတ်သက်ပြီးဒါရိုက်တာနဲ့ ပတ်သက်ပြီး လုပ်ဆောင်
နေတဲ့သူတွေ၊ လုပ်ဆောင်ကြမယ့်သူတွေကို ဧပြီလောက်မှာ ဂျပန်ကိုဖိတ်ခေါ်ပြီး ဗိုလ်ချုပ်တည်းခဲ့တဲ့နေရာတွေ၊ ဗိုလ်ချုပ်သွားခဲ့တဲ့
နေရာတွေကို လိုက်ပြသွား မှာ ဖြစ်ကြောင်း၊ ဗိုလ်ချုပ်ဇာတ်ညွှန်းပြီး သွားတဲ့အခါမှာလည်း ဂျပန်နဲ့ပတ်သက်ပြီး ဘယ်အပိုင်းတွေကို ကူညီပေးရမလဲဆိုတာ ကိုစီစဉ်ထားကြောင်း ဂျပန်ပရိုဂျူဆာ Satoshi Mashidaက ပြောပါတယ်။ ဂျပန်နဲ့ပတ်သက်တဲ့ အခန်းကဏ္ဍက ဘယ်လောက်များမလဲ၊ ဘယ်လောက် အထိကုန်ကျစရိတ်ရှိလာနိုင်မလဲဆို တာကတော့ ဇာတ်ညွှန်းပြီးတော့မှပဲ သိရမှာဖြစ်ကြောင်း ၄င်းက ထပ် လောင်းပြောပါတယ်။ ဂျပန်အကြောင်းကို ကောင်းအောင်ရေးဖို့၊ မကောင်း တဲ့နေရာကို မပြစေချင်လို့ ဆိုတဲ့စိတ် ထားလုံးဝမရှိပါဘူး။ လိုချင်တာကို ကျွန်တော်တို့ ကူညီပေးမယ်ဆိုတဲ့စိတ် ထားနဲ့
မြန်မာပြည်ကိုလာတာပါ။ ဂျပန်စစ်သားတွေရဲ့ရက်စက်တဲ့ အကြောင်း တွေကို ရိုက်မယ် ဆိုရင်လည်း အဲဒါက အမှန်တရားဆိုရင် ကျွန်တော်တို့ ဘာမှပြောမှာမဟုတ်ပါဘူး။ ကောင်းတဲ့ အရာတွေ
လည်းရှိခဲ့တဲ့အတွက် ကြောင့် ပါ။ အဲဒါက ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားထဲမှာ တအားအရေးကြီးတဲ့ အပိုင်းဖြစ်နေမယ်ဆိုရင်တော့ ထည့်ဖို့လိုတာပေါ့။ အဲဒါကို မကောင်းဘူးဆိုပြီးပြောမှာ မဟုတ်ပါဘူး။ Story ထဲမှာ ဂျပန်ရဲ့ ရက်စက်တဲ့ နေရာက များနေလို့ ကူညီမှုတွေလျှော့ချမယ်ဆိုတဲ့စိတ်ထား မရှိပါဘူး။ အဲဒါကတော့ ဇာတ်ကား ကောင်းလား၊မကောင်းလားပဲ အရေး ကြီးပါတယ်။ Story မှာဂျပန်ရဲ့ အပိုင်းက ဘယ်လောက်ရှိလဲပေါ့။ နည်းရင်လည်းနည်းသလို၊ များရင်လည်း များသလို ကျွန်တော်တို့က ကူညီမှာပါ”လို့ ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး သူတို့ဘက်က စိတ်ရင်း ကိုဂျပန်မှတာဝန်ရှိသူများက ပြောပြခဲ့ပါတယ်။

ဂျပန်နဲ့ပတ်သက်တဲ့ အခန်းကဏ္ဍတွေကိုဂျပန်မှာရိုက်တဲ့အခါ ဂျပန်အစိုးရခွင့်ပြုပေးတဲ့ နေရာတွေမှာပဲ ရိုက်ကူးခွင့် ရမှာလားဆိုတာ ဂျပန်ပရို ဂျူဆာ Satoshi Mashida ကို မေးတော့ “ဂျပန်မှာအစိုးရနဲ့အင်တာတိန်း မန့်က လုံးဝကိုခြားပါတယ်။ airport တို့၊မြို့ထဲတို့၊ရထားတို့ဘာတို့မှာ လမ်းတွ ဘာတွေပိတ်ပြီးတော့ ရှုတင်လုပ်ဖို့အတွက်ကို ဂျပန်အစိုးရက လုံးဝ မကူညီပေးဘူး။
တည်းခိုတာတို့၊တော တို့ဘာတို့မှာရိုက်တာကတော့ အကုန် ရိုက်ခွင့်ပေးပါ တယ်။ သူတို့တားတာ မျိုးတော့ မရှိပါဘူး။ ပြည်သူတွေကို အနှောင့်အယှက်ဖြစ်တာမျိုးတော့ သူတို့မလုပ်စေချင်ဘူး။ဒါပေမဲ့ ဒါရိုက် တာကရိုက်ချင်တဲ့နေရာကို အကုန်လုံး အကူအညီပေးမှာပါ။ စစ်တိုက်တဲ့ ဇာတ်ဝင်ခန်းရိုက်တဲ့အခါမှာတော့ ဂျပန်သံချပ်ကားကို ငှားချင်တယ်ဆို ရင် ဂျပန်ကာကွယ်ရေးစစ် တပ်ရဲ့ ခွင့်ပြုချက်တော့ လိုပါလိမ့်မယ်” လို့ ရှင်းလင်းဖြေကြားခဲ့ပါတယ်။

ဗိုလ်ချုပ် ဇာတ်ကားမှာ ဂျပန်နဲ့ ပတ်သက်တဲ့ အခန်းကဏ္ဍတွေနဲ့ပတ်သက်ပြီး ဂျပန် ဘက်က ကူညီပေးဖို့ ကမ်းလှမ်းမှုကို ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးမှ အသိအမှတ်ပြုကြောင်း၊ ဂျပန်နဲ့ပတ်သက်ပြီး ဘယ်လိုအပိုင်းတွေမှာ အကူအညီ တောင်းမယ်ဆိုတာကတော့ ဇာတ် ညွှန်းပြီးသွားမှပဲပြော လို့ရမှာ ဖြစ်ကြောင်း၊ဇာတ်ညွှန်းနဲ့ပတ်သက်ပြီး ပထမအဆင့်မူကြမ်းကိုတော့
ဖေဖော်ဝါရီလကုန်လောက်မှာ ထုတ်နိုင်အောင် ကြိုးစားနေကြကြောင်း၊ မတ်လထဲ မှာတော့ ဇာတ်ညွှန်းရေးဆရာတွေနဲ့ အတူဒါရိုက်တာတွေပါ ဝိုင်းထိုင်ပြီး ဇာတ်ညွှန်းကို မပြီးပြီးအောင် လုပ်ဆောင်သွားဖို့ စီစဉ်ထားကြောင်း ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့မှ ဒါရိုက်တာ
ကြည်ဖြူသျှင်က ပြောပါတယ်။

လင်းအက္ခရာ
Popular Myanmar News Journalဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရာမှာ ဂျပန်နဲ့ ပတ်သက်တဲ့အခန်း ကဏ္ဍများကို ဂျပန်က ကူညီပံ့ပိုးပေးရန် လာရောက် ကမ်းလှမ်းကြောင်းသိရ ပါတယ်။
အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံမှာ ဒီဇိုင်နာတစ်ယောက်အဖြစ်
အောင်မြင်ကျော်ကြားနေတဲ့ မြန်မာလူမျိုး ဇာနည်ထူးထူး ရဲ့မြန်မာနိုင်ငံ ကိုအပြန်ခရီးမှာ ဗိုလ်ချုပ်ရုပ် ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး ကူညီပေး မယ့်ဂျပန်ပရိုဂျူဆာလည်း လိုက် ပါလာခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၁ ရက်နေ့မှတော့ ဗိုလ်ချုပ်ရုပ်ရှင် ဇာတ်ကားနဲ့ ပတ် သက်ပြီး ဂျပန်နိုင်ငံရဲ့ ကူညီပေးမယ့်အကြောင်းနဲ့ စပ်လျဉ်း တဲ့ စာနယ်ဇင်းရှင်းလင်းပွဲပြုလုပ်ခဲ့ ပါတယ် ။အဆိုပါ စာနယ်ဇင်းရှင်းလင်းပွဲမှာတော့ ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားဖြစ်မြောက်ရေးမှ ဒါရိုက်တာ ကြည်ဖြူ သျှင်၊ ဂျပန်နိုင်ငံမှ ဒီဇိုင်နာ မြန်မာလူမျိုးဇာနည်ထူးထူးနဲ့ အတူ ဂျပန်ပရိုဂျူဆာလည်း တက်ရောက် ခဲ့ ပါတယ်။
ဂျပန်ပရိုဂျူဆာရဲ့ အဖြေ လေးများကိုတော့ ဇာနည်ထူးထူးကမြန်မာလိုဘာသာပြန်ပေးခဲ့ပါတယ်။ ဗိုလ်ချုပ် ရုပ်ရှင်ဇာတ်ကားမှာ ဇာတ်ညွှန်းနဲ့ပတ်သက်ပြီးဒါရိုက်တာနဲ့ ပတ်သက်ပြီး လုပ်ဆောင်နေတဲ့သူတွေ၊ လုပ်ဆောင်ကြမယ့်သူတွေကို ဧပြီလောက်မှာ ဂျပန်ကိုဖိတ်ခေါ်ပြီး ဗိုလ်ချုပ်တည်းခဲ့တဲ့နေရာတွေ၊ ဗိုလ်ချုပ်သွားခဲ့တဲ့နေရာတွေကို လိုက်ပြသွား မှာ ဖြစ်ကြောင်း၊ ဗိုလ်ချုပ်ဇာတ်ညွှန်းပြီး သွားတဲ့အခါမှာလည်း ဂျပန်နဲ့ပတ်သက်ပြီး ဘယ်အပိုင်းတွေကို ကူညီပေးရမလဲဆိုတာ ကိုစီစဉ်ထားကြောင်း ဂျပန်ပရိုဂျူဆာ Satoshi Mashidaက ပြောပါတယ်။ ဂျပန်နဲ့ပတ်သက်တဲ့ အခန်းကဏ္ဍက ဘယ်လောက်များမလဲ၊ ဘယ်လောက် အထိကုန်ကျစရိတ်ရှိလာနိုင်မလဲဆို တာကတော့ ဇာတ်ညွှန်းပြီးတော့မှပဲ သိရမှာဖြစ်ကြောင်း ၄င်းက ထပ် လောင်းပြောပါတယ်။ ဂျပန်အကြောင်းကို ကောင်းအောင်ရေးဖို့၊ မကောင်း တဲ့နေရာကို မပြစေချင်လို့ ဆိုတဲ့စိတ် ထားလုံးဝမရှိပါဘူး။ လိုချင်တာကို ကျွန်တော်တို့ ကူညီပေးမယ်ဆိုတဲ့စိတ် ထားနဲ့
မြန်မာပြည်ကိုလာတာပါ။ ဂျပန်စစ်သားတွေရဲ့ရက်စက်တဲ့ အကြောင်း တွေကို ရိုက်မယ် ဆိုရင်လည်း အဲဒါက အမှန်တရားဆိုရင် ကျွန်တော်တို့ ဘာမှပြောမှာမဟုတ်ပါဘူး။ ကောင်းတဲ့ အရာတွေလည်းရှိ ခဲ့တဲ့အတွက် ကြောင့် ပါ။ အဲဒါက ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားထဲမှာ တအားအရေးကြီးတဲ့ အပိုင်းဖြစ်နေ မယ်ဆိုရင်တော့ ထည့်ဖို့လိုတာပေါ့။ အဲဒါကို မကောင်းဘူးဆိုပြီးပြောမှာ မဟုတ်ပါဘူး။ Story ထဲမှာ ဂျပန်ရဲ့ ရက်စက်တဲ့ နေရာက များနေလို့ ကူညီမှုတွေလျှော့ချမယ်ဆိုတဲ့စိတ်ထား မရှိပါဘူး။ အဲဒါကတော့ ဇာတ်ကား ကောင်းလား၊မကောင်းလားပဲ အရေး ကြီးပါတယ်။ Story မှာဂျပန်ရဲ့ အပိုင်းက ဘယ်လောက်ရှိလဲပေါ့။ နည်းရင်လည်းနည်းသလို၊ များရင်လည်း များသလို ကျွန်တော်တို့က ကူညီမှာပါ”လို့ ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး သူတို့ဘက်က စိတ်ရင်း ကိုဂျပန်မှ တာဝန်ရှိသူ များက ပြောပြခဲ့ပါတယ်။
ဂျပန်နဲ့ပတ်သက်တဲ့ အခန်းကဏ္ဍတွေကိုဂျပန်မှာရိုက်တဲ့အခါ ဂျပန်အစိုးရခွင့်ပြုပေးတဲ့ နေရာတွေမှာပဲ ရိုက်ကူးခွင့် ရမှာလားဆိုတာ ဂျပန်ပရို ဂျူဆာ Satoshi Mashida ကို မေးတော့ “ဂျပန်မှာအစိုး ရနဲ့အင်တာတိန်း မန့်က လုံးဝကိုခြားပါတယ်။ airport တို့၊မြို့ထဲတို့၊ရထားတို့ဘာတို့မှာ လမ်းတွ ဘာတွေပိတ်ပြီးတော့ ရှုတင်လုပ်ဖို့အတွက်ကို ဂျပန်အစိုးရက လုံးဝ မကူညီပေးဘူး။
တည်းခိုတာတို့၊တော တို့ဘာတို့မှာရိုက်တာကတော့ အကုန် ရိုက်ခွင့်ပေးပါ တယ်။ သူတို့တားတာ မျိုးတော့ မရှိပါဘူး။ ပြည်သူတွေကို အနှောင့်အယှက်ဖြစ်တာမျိုးတော့ သူတို့မလုပ်စေချင်ဘူး။ဒါပေမဲ့ ဒါရိုက် တာကရိုက်ချင်တဲ့နေရာကို အကုန်လုံး အကူအညီပေးမှာပါ။ စစ်တိုက်တဲ့ ဇာတ်ဝင်ခန်းရိုက်တဲ့အခါမှာတော့ ဂျပန်သံချပ်ကားကို ငှားချင်တယ်ဆို ရင် ဂျပန်ကာကွယ်ရေးစစ် တပ်ရဲ့ ခွင့်ပြုချက်တော့ လိုပါလိမ့်မယ်” လို့ ရှင်းလင်းဖြေကြားခဲ့ပါတယ်။

ဗိုလ်ချုပ် ဇာတ်ကားမှာ ဂျပန်နဲ့ ပတ်သက်တဲ့ အခန်းကဏ္ဍတွေနဲ့ပတ်သက်ပြီး ဂျပန် ဘက်က ကူညီပေးဖို့ ကမ်းလှမ်းမှုကို ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးမှ အသိအမှတ်ပြုကြောင်း၊ ဂျပန်နဲ့ပတ်သက်ပြီး ဘယ်လို အပိုင်းတွေမှာ အကူအညီ တောင်းမယ်ဆိုတာကတော့ ဇာတ် ညွှန်းပြီးသွားမှပဲပြော လို့ရမှာ ဖြစ်ကြောင်း၊ ဇာတ်ညွှန်းနဲ့ပတ်သက်ပြီး ပထမအဆင့်မူကြမ်းကိုတော့ဖေဖော်ဝါရီလကုန်လောက်မှာ ထုတ်နိုင်အောင် ကြိုးစားနေကြကြောင်း၊ မတ်လထဲ မှာတော့ ဇာတ်ညွှန်းရေးဆရာတွေနဲ့ အတူဒါရိုက်တာတွေပါ ဝိုင်းထိုင်ပြီး ဇာတ်ညွှန်းကို မပြီးပြီးအောင် လုပ်ဆောင်သွားဖို့ စီစဉ်ထားကြောင်း ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့မှ ဒါရိုက်တာ
ကြည်ဖြူသျှင်က ပြောပါတယ်။

လင်းအက္ခရာ
Popular Myanmar News Journal

No comments:

Post a Comment

My Blog List