Sunday, February 17, 2013

အမျိုးသားစီမံကိန်း ဥပဒေကြမ်းအား ပြည်သူ့ဆန္ဒနှင့် ကိုက်ညီစေရန် ပြန်လည်ရေးဆွဲရန်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်များ တိုက်တွန်း

Photo: အမျိုးသားစီမံကိန်း ဥပဒေကြမ်းအား ပြည်သူ့ဆန္ဒနှင့် ကိုက်ညီစေရန်
ပြန်လည်ရေးဆွဲရန်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်များ တိုက်တွန်း
Sunday, February 17, 201

အမျိုးသားစီမံကိန်း ဥပဒေကြမ်းအား ပြည်သူ့ဆန္ဒနှင့် ကိုက်ညီမှုများ ရှိစေရန် ပြန်လည်ပြင်ဆင် ရေးဆွဲရန်လိုကြောင်း အမျိုးသားဒီမို
ကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဒေါ်အောင်ဆန်းစုကြည်က ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် 
Weekly Eleven ဂျာနယ်သို့ ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အများစုသည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းအား ပြန်လည်ပြင်ဆင် ရေးဆွဲမှုများ
ပြုလုပ်သင့်ကြောင့် အကြံပြု ဆွေးနွေးခဲ့ကြသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဒေါ်အောင်ဆန်းစုကြည်က "ပြည်သူ့ဆန္ဒတွေကို လွှတ်တော်ကနေ
တစ်ဆင့် ဖော်ထုတ်နေတယ်လို့ ထင်တယ်လေ။ အခုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တွေ ပြောနေတဲ့ အမျိုးသားစီမံကိန်းဆိုင်ရာ ကိစ္စတွေကို အသိအမှတ်ပြုပြီးတော့ ပြန်လည်ပြင်ဆင်ရမယ်လို့ နားလည်တယ်လေ။ အခုဟာက ဒါကိုလွှတ်တော်က ရေးဆွဲတာမဟုတ်တော့ လွှတ်တော်ဆန္ဒလို့ ပြောလို့မရဘူးပေါ့။ ပြည်သူ့ဆန္ဒလုံးဝ ရောင်ပြန်မဟပ်ဘူးလို့တော့ ပြောဖို့ခက်ပါတယ်။အတိုင်းအတာတစ်ခုအထိ ရောင်ပြန်
ဟပ်တာတော့ရှိမှာပေါ့။ ပြည်သူ့ဆန္ဒနဲ့ လွှတ်တော်ဆန္ဒ ကိုက်ညီအောင်
တော့ ပြုပြင်ရမှာပေါ့" ဟု လက်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများတွင် တင်သွင်းဆွေးနွေးနေသည့် အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။

ရွှေပြည်သာ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးက "အမျိုးသား စီမံကိန်း ရေးဆွဲတဲ့အခါမှာ ကျွန်တော်တို့အနေနဲ့ မူဝါဒ၊ လုပ်ငန်းစဉ်တွေနဲ့ ရည်မှန်းချက်တွေကို
ပြည်သူ့ဆန္ဒပါဖို့ လိုပါတယ်။ ဒါ့ကြောင့် စီမံကိန်းတွေ ရေးဆွဲတဲ့အခါမှာ မူလစတင်ရေးဆွဲစဉ် ကတည်းက ပြည်သူလူထုရဲ့ ဆန္ဒရာနှုန်းပြည့် အပြည့်ပါမှသာလျှင် စီမံကိန်းများသည် ပြည်သူကို အကျိုးပြုမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဆီကို ၀န်ကြီးဌာနတွေက ပေးပို့လာတဲ့ အမျိုးသား
စီမံကိန်းတွေကို လေ့လာကြည့်တဲ့အခါမှာ တချို့ဝန်ကြီးဌာနများသည် ပြီးခဲ့တဲ့နှစ်ကပါတဲ့ အချက်အတိုင်းပဲ ထပ်မံပေးပို့တာ တွေ့ရပါတယ်။ တချို့ဝန်ကြီးဌာနများသည် တချို့အပုဒ်များကို အထက်အောက်ရွှေ့ပြီးတော့ ပို့တာတွေ့ရပါတယ်။ ဒါ့ကြောင့် အမျိုးသားစီမံကိန်းကို ရေးဆွဲတဲ့အခါမှာ သက်ဆိုင်ရာ ၀န်ကြီးဌာန အသီးသီးမှာရှိတဲ့ ၀န်ကြီးဌာနများသည် သာမန်အရာထမ်းများကို တာဝန်ပေးပြီး ရေးသားမယ်ဆိုရင်တော့ ပြည်သူ့
ဆန္ဒကို ထပ်တူပြုနိုင်မှာ မဟုတ်ပါဘူး" ဟု ဆွေးနွေးခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က "ပြောင်းလဲလာတဲ့ ခေတ်စနစ်အရ ဒီမိုကရေစီ စနစ်နှင့်အညီ ပြည်သူများမှ ၎င်းတို့၏ဆန္ဒများ၊ မကျေနပ်ချက်များ၊ တောင်းဆိုလိုသည်များအတွက် ဆန္ဒဖော်ထုတ်မှုများ
ဖြစ်ပေါ်နေလျက် ရှိပါတယ်။ နိုင်ငံတော်အစိုးရအနေနှင့် အဆိုပါပြည်သူများ၏ ဆန္ဒများကို အလေးထားလျက် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်
ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ၊ ပြည်သူ့သဘောထားနှင့်အညီ အမျိုးသားစီမံကိန်းကို ချမှတ်ရေးဆွဲ ဆောင်ရွက်သင့်ပါတယ်။
ပြည်သူ့ဆန္ဒတချို့ကို လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်များတွင် တင်ပြလျက် ရှိသော်လည်း စီမံကိန်းရေးဆွဲရာတွင် လွှတ်တော်အသံများ ပါဝင်ထည့်သွင်း ရေးဆွဲထားမှု နည်းပါးနေတာကို တွေ့ရပါတယ်။ အမျိုးသားစီမံကိန်း ဥပဒေကြမ်းမှာ နိုင်ငံ၏ ၇၀ ရာခိုင်နှုန်းရှိသည့် တောင်သူ
လယ်သမားများ၏ လိုအင်ဆန္ဒကို ထင်ဟပ်သည့် မူဝါဒများ၊ ရည်မှန်းချက်များ၊ လုပ်ငန်းစဉ်များ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ချမှတ်ထားသည်ကို မတွေ့ရှိရပါ။ တောင်သူလယ်သမားများ၏ ဆန္ဒကို ထင်ဟပ်သည့် မူဝါဒများဖြစ်ရန် အမျိုးသားစီမံကိန်းကို ပြန်လည်ပြင်ဆင်
ရေးဆွဲသင့်ကြောင်း တင်ပြပါတယ်" ဟု ပြောကြားခဲ့သည်။

မွန်ပြည်နယ် ရေးမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဒေါ်မိမြင့်သန်းက "ကျွန်မရဲ့ မဲဆန္ဒနယ်မြေဖြစ်တဲ့ ကျေးရွာတစ်ရွာမှာဆိုရင် အုပ်ချုပ်ရေးမှူးတစ်ယောက်က နှစ်ပေါင်း ၃၀ နီးပါး အုပ်ချုပ်ရေးမှူး
အဖြစ် ဆောင်ရွက်လာခဲ့သော်လည်း ယခုလက်ရှိ လူငယ်တွေကို လက်တွဲခေါ်ယူ ဆောင်ရွက်ခြင်းမရှိဘဲ မိမိအာဏာ ဆက်လက်ရရှိဖို့အတွက် မဲဝယ်ခြင်း၊ လက်နက်ပြ ခြိမ်းခြောက်ခြင်း၊ ပြည်သူများအပေါ် မတရားအနိုင်ကျင့်ခြင်းများ ဖြစ်ပေါ်နေတာ တွေ့ရှိရပါတယ်။ အလားတူကိစ္စများ မြန်မာနိုင်ငံအနှံ့ ဖြစ်ပေါ်နေတာကိုလည်း ကြားသိနေရပါတယ်။ ဒါတွေဟာ အမျိုးသားစီမံကိန်း ဥပဒေကြမ်းမှာပါရှိတဲ့ 'အုပ်ချုပ်မှုစနစ် မှန်ကန်ရေး' ဆိုတဲ့အချက်နဲ့ မကိုက်ညီပါဘူး။ ဒါ့ကြောင့် စာမျက်နှာထဲမှာပဲ လူမြင်ကောင်းအောင် ရေးသားထားခြင်း မဖြစ်စေဘဲ လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ လိုပါတယ်" ဟု ဆွေးနွေးခဲ့သည်။

အမျိုးသားစီမံကိန်း ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတကိုယ်စား တင်သွင်းသူ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က "စီမံကိန်းကြီးတွေပါဝင်တဲ့ အမျိုးသားစီမံကိန်း ဥပဒေကြမ်းကို ၀န်ကြီးဌာနတွေအနေနဲ့က လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အကြံပြုချက်တွေကို အသေးစိတ်စဉ်းစားပြီး လိုအပ်တဲ့အချက်တွေကို ပြန်လည်
ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းတွေ ဆောင်ရွက်ရမှာပါ။ အခုတော့ ကျွန်တော်တို့ နားထောင်နေတုန်းပဲ ဖြစ်ပါတယ်။ ၀န်ကြီးဌာန တစ်ခုချင်းစီအတွက် ဘယ်ကဏ္ဍတွေမှာ ဆွေးနွေးမှု ဘယ်လောက်များတယ်ဆိုတာကို စုစည်းတုန်းပဲ ရှိပါသေးတယ်။ စုစည်းပြီး ပြန်လည်သုံးသပ်တဲ့အခါမှာ ဘယ်ကဏ္ဍတွေကို ဒီနှစ်အတွင်းမှာ ပြင်ရမယ်။ ဘယ်ကဏ္ဍတွေကတော့ ကျန်တဲ့ငါးနှစ် စီမံကိန်းမှာ လိုတယ်ဆိုတာ စဉ်းစားဆောင်ရွက်ကြရမှာပါ။ အခုအချိန်မှာ နားထောင်မှတ်တမ်း ပြုတုန်းပဲ ရှိပါသေးတယ်" ဟု ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် Weekly Eleven ဂျာနယ်၏
မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် နိုင်ငံပိုင် အခန်းကဏ္ဍ ဆောင်ရွက်နေသည့် လုပ်ငန်းစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု လျာထားချက်မှာ ၀န်ကြီးဌာနနှင့် အဖွဲ့အစည်း ၃၄ ခုအတွက် ကျပ်သန်း ၄၆၈၉၆၁၉ ဒသမ ၈၆၂ ဖြစ်ကြောင်း အမျိုးသားစီမံကိန်း ဥပဒေကြမ်းအရ သိရသည်။

Eleven Media Groupအမျိုးသားစီမံကိန်း ဥပဒေကြမ်းအား ပြည်သူ့ဆန္ဒနှင့် ကိုက်ညီမှုများရှိစေ ရန် ပြန်လည်ပြင်ဆင် ရေးဆွဲရန်လိုကြောင်း အမျိုးသားဒီမိုကရေ စီ အဖွဲ့ ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်အောင် ဆန်းစုကြည် က ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် WeeklyElevenဂျာနယ် သို့ ပြောကြား ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ်အများစုသည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းအား ပြန်လည်ပြင်ဆင် ရေးဆွဲမှုများပြုလုပ်သင့်ကြောင့် အကြံပြု ဆွေးနွေးခဲ့ကြသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်အောင် ဆန်းစုကြည်က "ပြည်သူ့ ဆန္ဒတွေကို လွှတ်တော်ကနေတစ်ဆင့် ဖော်ထုတ်နေတယ်လို့ ထင် တယ်လေ။ အခုလွှတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ်တွေ ပြောနေတဲ့ အမျိုးသားစီမံကိန်းဆိုင်ရာ ကိစ္စတွေကို အသိ အမှတ်ပြုပြီးေ တာ့ ပြန် လည်ပြင်ဆင်ရမယ်လို့ နားလည်တယ်လေ။ အခုဟာကဒါကိုလွှတ်တော် က ရေးဆွဲ တာမဟုတ်တော့လွှတ်တော်ဆန္ဒလို့ ပြောလို့မရဘူးပေါ့။ ပြည်သူ့ဆန္ဒလုံးဝ ရောင်ပြန်မဟပ်ဘူးလို့တော့ ပြောဖို့ခက်ပါတယ်။အတိုင်းအတာတစ်ခုအထိ ရောင်ပြန်
ဟပ်တာတော့ရှိမှာပေါ့။ ပြည်သူ့ဆန္ဒနဲ့ လွှတ်တော်ဆန္ဒ ကိုက်ညီအောင်တော့ ပြုပြင်ရ  မှာပေါ့"-ဟုလက် ရှိ ပြည်ထောင် စုလွှတ်တော် အစည်းအဝေးများတွင် တင်သွင်းဆွေးနွေးနေသည့် အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။
ရွှေပြည်သာ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးက "အမျိုးသား စီမံကိန်း ရေး ဆွဲတဲ့အခါမှာ ကျွန်တော်တို့အနေနဲ့ မူဝါဒ၊ လုပ်ငန်းစဉ်တွေနဲ့ ရည်မှန်းချက်တွေကိုပြည်သူ့ ဆန္ဒပါဖို့ လိုပါ တယ်။ ဒါ့ကြောင့် စီမံကိန်းတွေ ရေးဆွဲတဲ့အခါမှာ မူလစတင်ရေးဆွဲစဉ် ကတည်းက ပြည်သူလူထုရဲ့ ဆန္ဒရာနှုန်းပြည့် အပြည့်ပါမှသာလျှင် စီမံကိန်းများသည် ပြည်သူကို အကျိုးပြုမှာ ဖြစ်ပါတယ်။ ကျွန်တော် တို့ဆီကို ၀န်ကြီးဌာနတွေက ပေးပို့လာတဲ့ အမျိုးသားစီမံကိန်းတွေကို လေ့လာကြည့်တဲ့အခါမှာ တချို့ဝန်ကြီး ဌာနများသည် ပြီးခဲ့တဲ့နှစ်ကပါတဲ့ အချက်အတိုင်းပဲ ထပ်မံပေးပို့တာ တွေ့ရပါတယ်။ တချို့ဝန်ကြီး ဌာနများသည် တချို့အပုဒ်များကို အထက်အောက်ရွှေ့ပြီးတော့ ပို့တာတွေ့ရပါတယ်။ ဒါ့ကြောင့် အမျိုးသား စီမံကိန်းကို ရေးဆွဲတဲ့အခါမှာ သက်ဆိုင်ရာ ၀န်ကြီးဌာန အသီးသီးမှာရှိတဲ့ ၀န်ကြီးဌာနများသည် သာမန် အရာထမ်းများကို တာဝန်ပေးပြီး ရေးသားမယ်ဆိုရင်တော့ ပြည်သူ့ဆန္ဒကို ထပ်တူပြုနိုင်မှာ မဟုတ်ပါဘူး" ဟု ဆွေးနွေးခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က "ပြောင်းလဲလာတဲ့ ခေတ်စနစ်အရ ဒီမိုကရေစီ စနစ်နှင့်အညီ ပြည်သူများမှ ၎င်းတို့၏ဆန္ဒများ၊ မကျေနပ် ချက်များ၊ တောင်းဆိုလိုသည်များအတွက် ဆန္ဒဖော်ထုတ်မှုများဖြစ်ပေါ်နေလျက် ရှိပါ တယ်။ နိုင်ငံတော် အစိုးရအနေနှင့် အဆိုပါပြည်သူများ၏ ဆန္ဒများကို အလေးထားလျက် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ရာ တွင်ပြည်သူ့ အသံ၊ ပြည်သူ့ ဆန္ဒ၊ ပြည်သူ့သဘောထားနှင့်အညီ အမျိုးသားစီမံကိန်းကို ချမှတ်ရေးဆွဲ ဆောင်ရွက်သင့်ပါတယ်။
ပြည်သူ့ဆန္ဒတချို့ကို လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်များတွင် တင်ပြလျက် ရှိသော်လည်း စီမံကိန်းရေးဆွဲရာတွင် လွှတ်တော်အသံများ ပါဝင်ထည့်သွင်း ရေးဆွဲထားမှု နည်းပါးနေ တာကို တွေ့ရပါတယ်။ အမျိုးသားစီမံကိန်း ဥပဒေကြမ်းမှာ နိုင်ငံ၏ ၇၀ ရာခိုင်နှုန်းရှိသည့် တောင်သူ
လယ်သမားများ၏ လိုအင်ဆန္ဒကို ထင်ဟပ်သည့် မူဝါဒများ၊ ရည်မှန်းချက်များ၊ လုပ်ငန်းစဉ်များ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ချမှတ်ထားသည်ကို မတွေ့ရှိရပါ။ တောင်သူလယ်သမားများ၏ ဆန္ဒကို ထင်ဟပ်သည့် မူဝါဒများဖြစ်ရန် အမျိုးသားစီမံကိန်းကို ပြန်လည်ပြင်ဆင်
ရေးဆွဲသင့်ကြောင်း တင်ပြပါတယ်" ဟု ပြောကြားခဲ့သည်။

မွန်ပြည်နယ် ရေးမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်မိမြင့်သန်းက "ကျွန်မရဲ့ မဲဆန္ဒနယ်မြေဖြစ်တဲ့ ကျေးရွာတစ်ရွာမှာဆိုရင် အုပ်ချုပ်ရေးမှူးတစ်ယောက်က နှစ်ပေါင်း ၃၀ နီးပါး အုပ်ချုပ်ရေးမှူးအဖြစ် ဆောင်ရွက်လာခဲ့သော်လည်း ယခုလက်ရှိ လူငယ်တွေကို လက်တွဲခေါ် ယူ ဆောင်ရွက်ခြင်းမရှိဘဲ မိမိအာဏာ ဆက်လက်ရရှိဖို့အတွက် မဲဝယ်ခြင်း၊ လက်နက်ပြ ခြိမ်းခြောက်ြ ခင်း၊ ပြည်သူများအပေါ် မတရားအနိုင်ကျင့်ခြင်းများ ဖြစ်ပေါ်နေတာ တွေ့ရှိရပါတယ်။ အလားတူကိစ္စများ မြန်မာနိုင်ငံအနှံ့ ဖြစ်ပေါ်နေတာကိုလည်း ကြားသိနေရပါတယ်။ ဒါတွေဟာ အမျိုးသားစီမံကိန်း ဥပဒေကြမ်းမှာပါရှိတဲ့ 'အုပ်ချုပ်မှုစနစ် မှန်ကန်ရေး' ဆိုတဲ့အချက်နဲ့ မကိုက်ညီပါဘူး။ ဒါ့ကြောင့် စာမျက်နှာထဲမှာပဲ လူမြင်ကောင်းအောင် ရေးသားထားခြင်း မဖြစ်စေဘဲ လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ လိုပါတယ်" ဟု ဆွေးနွေးခဲ့သည်။

အမျိုးသားစီမံကိန်း ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတကိုယ်စား တင်သွင်းသူ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က "စီမံကိန်းကြီးတွေပါဝင်တဲ့ အမျိုးသားစီမံကိန်း ဥပဒေကြမ်းကို ၀န်ကြီးဌာနတွေအနေနဲ့က လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အကြံပြုချက်တွေကို အသေးစိတ်စဉ်းစားပြီး လိုအပ်တဲ့အချက်တွေ ကို ပြန်လည်ပြင် ဆင်ခြင်း၊ ဖြည့်စွက်ြ ခင်းတွေ ဆောင်ရွက်ရမှာပါ။ အခုတော့ ကျွန်တော်တို့ နားထောင်နေတုန်းပဲ ဖြစ်ပါတယ်။ ၀န်ကြီးဌာန တစ်ခုချင်းစီအတွက် ဘယ်ကဏ္ဍတွေမှာ ဆွေးနွေးမှု ဘယ်လောက်များတယ်ဆိုတာကို စုစည်းတုန်းပဲ ရှိပါသေးတယ်။ စုစည်းပြီး ပြန်လည်သုံးသပ်တဲ့အခါမှာ ဘယ်ကဏ္ဍတွေကို ဒီနှစ်အတွင်းမှာ ပြင်ရမယ်။ ဘယ်ကဏ္ဍတွေကတော့ ကျန်တဲ့ငါးနှစ် စီမံကိန်းမှာ လိုတယ်ဆိုတာ စဉ်းစားဆောင်ရွက်ကြရမှာပါ။ အခုအချိန်မှာ နားထောင်မှတ်တမ်း ပြုတုန်းပဲ ရှိပါသေးတယ်" ဟု ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် Weekly Eleven ဂျာနယ်၏မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် နိုင်ငံပိုင် အခန်းကဏ္ဍ ဆောင်ရွက်နေသည့် လုပ်ငန်းစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု လျာထားချက်မှာ ၀န်ကြီးဌာနနှင့် အဖွဲ့အစည်း ၃၄ ခုအတွက် ကျပ်သန်း ၄၆၈၉၆၁၉ ဒသမ ၈၆၂ ဖြစ်ကြောင်း အမျိုးသားစီမံကိန်း ဥပဒေကြမ်းအရ သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List