Friday, February 22, 2013

NLD ပါတီအတွင်း မွတ်ဆလင်ဘာသာဝင်များ လွှမ်းမိုးနေကြောင်း တရားပွဲတစ်ခုတွင် ဆရာတော် အရှင်ဝီရသူ ပြောကြား


        
ဆရာတော် အရှင်ဝီရသူ 

 ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ပြုလုပ်ခဲ့သော တရားပွဲတစ်ခုတွင် NLD ပါတီအတွင်း မွတ်ဆလင်လူမျိုး အစ္စလာမ်ဘာသာ ကိုးကွယ်သူများ လွှမ်းမိုးနေကြောင်း မန္တလေးမြို့ မစိုးရိမ် တိုက်သစ်မှ ဆရာတော် အရှင် ၀ီရသူမှ ပြောကြားသွားသည်။
  တရားပွဲအတွင်း ဆရာတော်မှ မွတ်ဆလင်လူမျိုးများအနေဖြင့် ယခင် အစိုးရနှင့်လည်း   ပြေလည် အောင် ပေါင်းသင်းကာ စီးပွားရေးနေရာယူမှုများရှိကြောင်း၊ ပြည်ခိုင်ဖြိုးပါတီ အင်အားကြီး လာချိန်တွင်လည်း ပြည်ခိုင်ဖြိုးပါတီအတွင်းသို့ ပါတီဝင်များအဖြစ် ဝင်ရောက် ပူးပေါင်းခဲ့ကြောင်း၊    ယခုအခါ NLD ပါတီ အတွင်း မွတ်ဆလင် လူမျိုးများ များစွာဝင်ရောက်ကာ ပါတီဝင် များ ဖြစ်လာပြီး မြို့နယ်တိုင်း လိုလိုတွင် မွတ်ဆလင်မူမျိုး NLD ပါတီဝင်များ များစွာရှိလာကာ ပါတီ၏ ထိပ်ပိုင်းနေရာများကို ရယူလျက် ရှိသည်ဟု ဆရာတော်မှ ပြောကြားခဲ့သည်။
 အဆိုးဝါးဆုံးမှာ မြို့လှမြို့ရှိ NLD ပါတီတွင် မွတ်ဆလင် လူမျိုး အများဆုံးဖြစ်ပြီး နိုင်ငံခေါင်းဆောင် ကြီးများ ကျဆုံးခဲ့သော အာဇာနည်နေ့အခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင် ကြီးများအား ရည်ဆူး၍ ပါတီဝင်များက မြိုလှမြို့ NLD ပါတီ ရုံးခန်း တွင် သံဃာတော်များအား ဆွမ်းကပ်ချင် သော်လည်း ဆွမ်းကပ်၍ မရခဲ့ကြောင်း၊ အကြောင်းမှာ အဆိုပါ မြိုလှ NLD ပါတီရုံးခန်းမှာ မွတ်ဆလင်လူမျိုး NLD ပါတီဝင်ဖြစ်သူ၏ နေအိမ်တွင် ဖွင့်လှစ်ထားပြီး ပိုင်ရှင်ဖြစ်သူ မွတ်ဆလင်လူမျိုး NLD ပါတီဝင်မှ ခွင့်မပြုခဲ့သောကြောင့်ဖြစ်သည်ဟု ဆရာတော်မှ ပြောကြားခဲ့သည်။
          NLD ပါတီအတွင်း မွတ်ဆလင်လူမျိုးများ ၀င်ရောက်ကာ ပါတီ၏ ထိပ်ပိုင်းနေရာများတွင် နေရာယူမှု ကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က မထိန်းသိမ်းနိုင်ကြောင်း၊ မွတ်ဆလင်လူမျိုးများစွာ  NLD ပါတီ အတွင်း ၀င်ရောက်ရန်အတွက် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အဆက်မပြတ် ထောက်ပံ့မှု များပေးအပ်ကာ ပါတီဝင်များဖြစ်လာကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း ပြီးခဲ့သော အမေရိကန်ခရီးစဉ် ပြန်ရောက်လာစဉ် ရန်ကုန်လေဆိပ်နှင့် မန္တလေးခရီးစဉ်များအတွင်း မွတ်ဆလင်လူမျိုး သူေးကြီးတစ်ဦး စီစဉ်ပေးသော ကားကိုသာ စီးနင်းခဲ့ကြောင်း ဆရာတော်မှ ပြောကြားခဲ့သည်။
          ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း ရခိုင်လူမျိုးများ အတုံးအရုံး အသတ်ခံရချိန်တွင် တစ်ခွန်းမှ မပြောနိုင်ခဲ့ကြောင်း၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဓမ္မနဲ့ အဓမ္မ ဆိုသော ကိုမင်းကိုနိုင်သည်လည်း ရခိုင်အရေးအခင်းတွင် တစ်ခွန်းမှ မပြောနိုင်တော့ကြောင်း၊   ဒေါ်အောင်ဆန်းစုကြည်နှင့်  ကိုမင်းကိုနိုင်တို့ သာမက မြန်မာနိုင်ငံသားများအားလုံးအနေဖြင့် ဘာပဲလုပ်လုပ် အမျိုးသားရေးအမြင်နှင့် အလုပ်လုပ်ကြပါဟု ဆရာတော်မှ ပြောကြားခဲ့သည်။
          ဆရာတော်မှ ဘုရားဂုဏ်တော် ပါး၊ တရားဂုဏ်တော် ပါး၊ သံဃာဂုဏ်တော် ပါးတို့ ရည်ရွယ်ပြီး စားလည်း ၉၆၉၊ သွားလည်း ၉၆၉၊ ၀ယ်လည်း ၉၆၉၊ စီးလည်း ၉၆၉ သံဃာအထိမ်းအမှတ် သင်္ကေတအမှတ်အသားပါသော ၉၆၉ ဆိုင်များ၊ ကားများတွင်သာ အားပေးရန် အမျိုးဘာသာ သာသနာကို ကာကွယ်သွားရန်၊ အမျိုးသားရေးအမြင်များဖြင့် အလေးအနက်ထား အလုပ်လုပ်ကြရန် အဆိုပါ တရားပွဲ၌ ဟောကြားသွားသည်။
ဆရာတော် အရှင်ဝီရသူသည် ၁၉၉၁ ခုနှစ်တွင် မန္တလေး မစိုးရိမ်တိုက်သစ်သို့ ရောက်ရှိခဲ့ပြီး ၁၉၉၉  ခုနှစ်တွင် မစိုးရိမ် နာယက ဆရာတော်ဖြစ်လာခဲ့သည်။ ဆရာတော်သည် အမျိုးအတွက်ဆို သေရဲတယ်၊ မင်းသုံးပါး စစ်ဆင်ရေး၊ အဆင့်သင့်ရှိပါစေ၊ မိခင်ရွာက သာသနာ၊ နောက်မကျစေနဲ့၊ သိင်္ဂါလဇာတ် စသည့် တရားတော်များကို ဟောကြားပြီးသာသနာတော် အရှည်တည်တံ့ရန် စာပေများကို ဝီရသူ(မစိုးရိမ်) အရှင်ဝိစိတ္တ(ကျောက်ဆည်) ဟူသော ကလောင်အမည်တို့ဖြင့်လည်း ရတနာပုံ သတင်းစာ၊ ဘာသာရေး မဂ္ဂဇင်းတို့၌ သာသာရေးစာပေများကို ရေးသားခဲ့သည်။ ရန်ကုန်ဗဟန်း ညောင်တုန်း ပါဠိတက္ကသိုလ် ကျောင်းတိုက် ရွှေရတုအထူးထုတ်စာစောင်၌ ရတနာတို့၏ သခင်၊ ပရိယတ္တိ သာသနဟိတ (သကျသီဟ) အသင်းကြီး၏ နှစ် ၁၀၀ ပြည့် အထူးထုတ်စာစောင်၌ ပရိယတ္တိအလင်းရောင် ဟူသော ခေါင်းစဉ်ဖြင့် စာပေဆောင်းပါး ထေရဝါဒတိုက်ပွဲ၊ ထေရဝါဒတို့ တိုင်းပြည်နှင့် ပရိယတ္တိရွှေချိန်ခွင် စာအုပ်များကို ရေးသားခဲ့သည်။
ယခင် အစိုးရလက်ထက်တွင် ဆရာတော်သည် ယုံကြည်ချက်ကြောင့် ခေတ္တအထိန်းသိမ်းခံခဲ့ရပြီး ယခု သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာ ခွင့်ဖြင့် မြစ်ကြီးနား အကျဉ်းထောင်မှ လွတ်မြောက်လာခဲ့ပြီး ယခုအခါ မဟာအောင်မြေမြို့နယ်
မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်း နာယကအဖြစ်  မန္တလေးမြို့ ၌ သီတင်းသုံးနေထိုင်လျက်ရှိသည်။

No comments:

Post a Comment

My Blog List