Wednesday, February 20, 2013

စက်ဘီးဖြင့် ပုဂံလည်သည့် နိုင်ငံခြားခရီးသွားများ၏ ငွေနှင့် ပစ္စည်း နှိုက်ယူခံရမှု ဖြစ်ပွား

Photo: စက်ဘီးဖြင့် ပုဂံလည်သည့် နိုင်ငံခြားခရီးသွားများ၏ ငွေနှင့် ပစ္စည်း နှိုက်ယူခံရမှု ဖြစ်ပွား
Wednesday, February 20, 2013

ပုဂံညောင်ဦးဒေသတွင် စက် ဘီးဖြင့် လည်ပတ်သည့် နိုင်ငံခြား သားများ၏ စက်ဘီးရှေ့ခြင်း အတွင်း ထည့်ထားသောပစ္စည်းများနှင့် ငွေများကို ဆိုင်ကယ်သမားတချို့က နှိုက်ယူထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း နိင်ငံခြားသားများအားစက်ဘီးငှားသူတစ်ဦးက ပြောသည်။

တရုတ်အမျိုးသမီး နှစ်ယောက် ညဘက်ကြီး စကားများတယ်မှတ်လို့ ကြည့်နေတာ၊ ပြီးမှမဟုတ်ဘူး။ တစ်ယောက်က ငိုနေပြီး ရဲစခန်းကို ဘယ်လိုသွားရမလဲ မေးတယ်။ သူ့ ရှေ့ခြင်းထဲက အိတ် ဆိုင်ကယ်သမား တစ်ဦး နှိုက်ယူပြေးလို့တဲ့။ ကင်မရာ အကြီးတစ်လုံးရယ်၊ ဒေါ်လာရော၊
မြန်မာငွေရော အတော်များများ ပါသွားတယ်'' ဟု ထိုအမျိုးသမီးအား ကူညီပေးခဲ့သူ တစ်ဦးက ပြောသည်။

အခင်းဖြစ်ပွားခဲ့မှုများမှာ ဖေ ဖော်ဝါရီလ ၁၄ ရက်နေ့ည ခုနစ်နာရီခန့်တွင် ညနေ နေဝင်ချိန်အလှ ကြည့်ရှုပြီး စက်ဘီးဖြင့်ပြန်လာသော တရုတ်
အမျိုးသမီးနှစ်ဦးအနက် တစ် ဦး၏ စက်ဘီးရှေ့ခြင်းအတွင်းမှ အိတ်အား အလိုတော်ပြည့်ဘုရား အလွန်ညောင်ဦးဘက်သို့ ပြန်အလာတွင် ဆိုင်ကယ်သမားမှ နှိုက်ယူထွက် ပြေးသွားခဲ့ကြောင်း၊ သူမ၏ အိတ် 
အတွင်းမှ ကင်နွန်ကင်မရာ အကြီးတစ်လုံး၊ အမေရိကန် ဒေါ်လာ 
သုံးရာ၊ မြန်မာငွေနှစ်သိန်းကျော်နှင့် ပတ်စ်ပို့၊ ဘဏ်ကတ်စသည်များပါ ဆုံးသွားကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီ ၁၆ ရက်နေ့ နေ့လယ်ပိုင်းကလည်း ဝက်ကြီးအင်း
ရပ်ကွက် အနီးတွင် ဗြိတိန် အမျိုးသမီးတစ်ဦး သူမ၏ စက်ဘီး
ရှေ့ခြင်းအတွင်းမှ အိတ်အား ဆိုင် ကယ်သမားမှ နှိုက်ယူထွက်ပြေးခဲ့ရာ အမေရိကန်ဒေါ်လာ ခုနစ်ရာကျော်၊ ဟောင်ကောင်ဒေါ်လာ နှစ်ရာနှင့် ကင်မရာတစ်လုံးဖြစ်ကြောင်း ရဲစခန်းသို့ သွားရောက် အကြောင်း ကြားခဲ့ကြောင်း သိရသည်။

ထိုဖြစ်စဉ်များ မတိုင်မီ ဝက်ကြီးအင်းရပ် အတွင်း ဂျာမန်အမျိုးသမီး တစ်ဦး ကလည်း သူမစက်ဘီး ရှေ့ခြင်း အတွင်းမှ အိတ်ကို ဆိုင်ကယ်သမား မှ နှိုက်ယူသွားမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ပုဂံသစ္စာ
Popular Myanmar News Journalပုဂံညောင်ဦးဒေသတွင် စက် ဘီးဖြင့် လည်ပတ်သည့် နိုင်ငံခြား သား များ၏ စက်ဘီးရှေ့ခြင်း အတွင်း ထည့်ထားသော ပစ္စည်း များနှင့် ငွေ များကို ဆိုင်ကယ်သမား တချို့က နှိုက်ယူထွက်ပြေး မှု ဖြစ်ပွား ခဲ့ကြောင်း နိင်ငံခြားသား များအားစက်ဘီးငှား သူတစ်ဦး က ပြောသည်။
တရုတ်အမျိုးသမီး နှစ်ယောက် ညဘက်ကြီး စကားများတယ်မှတ်လို့ ကြည့်နေတာ၊ ပြီးမှမဟုတ်ဘူး။ တစ်ယောက်က ငိုနေပြီး ရဲစခန်းကို ဘယ်လိုသွားရမလဲ မေးတယ်။ သူ့ ရှေ့ခြင်းထဲက အိတ် ဆိုင်ကယ် သမား တစ်ဦး နှိုက်ယူပြေးလို့တဲ့။ ကင်မရာ အကြီးတစ်လုံးရယ်၊ ဒေါ်လာရော၊မြန်မာငွေရော အတော် များများ ပါသွားတယ်'' ဟု ထိုအမျိုးသမီးအား ကူညီပေးခဲ့သူ တစ်ဦးက ပြောသည်။
အခင်းဖြစ်ပွားခဲ့မှုများမှာ ဖေ ဖော်ဝါရီလ ၁၄ ရက်နေ့ည ခုနစ်နာရီခန့်တွင် ညနေ နေဝင်ချိန်အလှ ကြည့်ရှုပြီး စက်ဘီးဖြင့်ပြန်လာသော တရုတ်အမျိုးသမီးနှစ်ဦးအနက် တစ် ဦး၏ စက်ဘီးရှေ့ခြင်းအတွင်းမှ အိတ်အား အလိုတော်ပြည့်ဘုရား အလွန်ညောင်ဦးဘက်သို့ ပြန်အလာတွင် ဆိုင်ကယ် သမားမှ နှိုက်ယူ ထွက် ပြေး သွားခဲ့ကြောင်း၊ သူမ၏ အိတ် အတွင်းမှ ကင်နွန်ကင်မရာ အကြီးတစ်လုံး၊ အမေရိကန် ဒေါ်လာ
သုံးရာ၊ မြန်မာငွေနှစ်သိန်းကျော်နှင့် ပတ်စ်ပို့၊ ဘဏ်ကတ်စသည်များပါ ဆုံးသွားကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီ ၁၆ ရက်နေ့ နေ့လယ်ပိုင်းကလည်း ဝက်ကြီးအင်းရပ်ကွက် အနီးတွင် ဗြိတိန် အမျိုးသမီးတစ်ဦး သူမ၏ စက်ဘီးရှေ့ခြင်းအတွင်းမှ အိတ်အား ဆိုင် ကယ်သမားမှ နှိုက်ယူထွက်ပြေးခဲ့ရာ အမေရိကန်ဒေါ်လာ ခုနစ်ရာကျော်၊ ဟောင်ကောင်ဒေါ်လာ နှစ်ရာနှင့် ကင်မရာတစ်လုံးဖြစ်ကြောင်း ရဲစခန်းသို့ သွားရောက် အကြောင်း ကြားခဲ့ကြောင်း သိရသည်။
ထိုဖြစ်စဉ်များ မတိုင်မီ ဝက်ကြီးအင်းရပ် အတွင်း ဂျာမန်အမျိုးသမီး တစ်ဦး ကလည်း သူမစက်ဘီး ရှေ့ခြင်း အတွင်းမှ အိတ်ကို ဆိုင်ကယ်သမား မှ နှိုက်ယူသွားမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ပုဂံသစ္စာ
Popular Myanmar News Journal

No comments:

Post a Comment

My Blog List