တောင်အာဖရိက နိုင်ငံသား Blade Runner (Oscar Pistorius) ဆိုပြီး တစ်ချိန်တုန်းက လူတိုင်း အထင်ကြီး၊ လေးစား၊ အားကျ ကြပါတယ်။ခြေထောက်နှစ်ဖက်မပါပေမယ့် ဖိုက်ဘာခြေတုတပ်ပြီး ပြေးတာ ကမ္ဘာ့အမြန်ဆုံး မာရသွန်အပြေးသမားတွေ နဲ့တောင် လယ်ဗယ် ယှဉ်ပြေးပြီး ဆုတွေ ယူတဲ့သူ ဖြစ်ပါတယ်။
သို့ပေမယ့် ယခုတော့ သူ့ရဲ့  ဂုဏ်တွေပျောက်ကွယ်သွားတော့ မှာ ပါ။ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က သူ့နေအိမ်မှာပဲ အသက် ၂၉ နှစ် အရွယ် ရှိတဲ့ သူ့ချစ်သူ Reeva Steenkamp ကို သေနတ်နဲ့ ပစ်သတ်ခဲ ပါတယ်။ တောင်အာဖရိသူ မော်ဒယ်လှပဂေးလေးပဲ ဖြစ်ပါတယ်။ အချစ်ရေးမှာ ဘာတွေပြဿနာတက်လို့ ပစ်သတ်လိုက်တယ်ဆိုတာ ရုံးတင် စစ်ဆေးဆဲပဲ ရှိပါသေးတယ်။ ပစ်တာမှ တစ်ချက်တည်း မဟုတ်ပဲ သုံးချက်တောင် ပစ်ထားတာ ဖြစ်ပါတယ်။ မတော်တဆလည်း မဟုတ်ပါဘူး။ ဦးခေါင်းကို ချိန်ပစ်တာ ဆိုတော့ ကြောက်ဖို့တောင် ကောင်းပါတယ်။
အမှုက စစ်ဆေးနေပါပြီ။ တစ်နေ့က် တစ်နေ့ သူ့အမှုကို အားလုံး စိတ်ဝင်တစား နဲ့စောင့်ကြည့်နေကြ ပါတယ်။ ပြင်းထန်နဲ့ အပြစ်ပေး အရေးယူမှု ခံရမှာတော့ ကြိမ်းသေနေပါတယ်။ ငွေရှိနေတဲ့အတွက်လည်း ထိပ်တန်းရှေ့ နေတွေငှားလို့ တရားရင်ဆိုင်နေပါတယ်။
သေတဲ့သူကတော့ သေသွားပါပြီ။ Oscar Pistorius ကတော့ အသက် ၂၆ နှစ် သာရှိသေးတဲ့ ကမ္ဘာ့လူကြိုက်များ မာရသွန် အပြေးသမား ဖြစ်ပါတယ်။ နိုင်ငံဂုဏ်ဆောင် အပြေးသမား တစ်ဦး လည်း ဖြစ်ပြီး ချစ်သူကို သေနတ်နဲ့ ပစ်သတ်တဲ့ အမှုကြောင့်မို့ ဂုဏ်ပုဒ် အားလုံး ပျောက်ကွယ်ရမယ့် ကိန်းဆိုက်နေပါပြီ။ သေနတ်ကိုင်ခွင့် လိုင်စင်ရှိပေမယ့် သူသုံးလိုက်တဲ့ ပစ်စတို သေနတ်အမျိုးအစားလည်း မဟုတ် တဲ့အတွက် အပြစ်က ထပ်ထပ်ပြီးတော့ကို တိုးနေပါတယ်။
ဘယ်လောက်ပဲ ဒေါသထွက်ထွက်ပါ။ လူမသတ်မိစေနဲ့ ဆိုတဲ့ သင်ခန်းစာ လေးကိုတော့ Oscar က ကောင်းကောင်းကြီး ပေးလိုက်ပါတယ်။
--
Ref: telergraph
ရိုးရာလေး နိုင်ငံတကာ
--
http://www.yoyarlay.com/international-news/africa/34258-blade-runner-killed-her-girlfriend
--
YoYarLay
No comments:
Post a Comment