မိမိရင်သွေးနှစ်ဦးကိုသတ်သည့် ဗြိတိန်နိုင်ငံမှ မိခင်တစ်ဦးကို သူမ၏ချစ်သူအား စပိန်နိုင်ငံတွင် ဖမ်းဆီးပြီးရုံးတင် သည့် နောက်တစ်နေ့တွင် ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။
လိုင်ရင်း စမစ်အမည်ရှိ အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် သူမ၏သမီးဖြစ်သူ အသက် ၅ နှစ် အရွယ်ရှိ ရေဘက်ကာနှင့် အသက်
၁၁ လသာရှိသေးသည့် သားဖြစ်သူ ဒယ်နီရယ်တို့ကို ပလပ်စတစ် အိတ်ထဲ ထည့်ကာ အသက်ရှူကြပ်စေပြီး အသေသတ်ခဲ့ကြောင်း၊ ထိုပြစ်မှုကို သူမသည် ဟိုတယ်တစ်ခုတွင် လွန်ခဲ့သည့် ၂ နှစ်က ကျူး လွန်ခဲ့ခြင်းဖြစ်ကြောင်း၊ သူမသည် ကျူးလွန်ခဲ့သည့် ပြစ်မှုကို ကြောက်ရွံ့ပြီး သူမ၏ချစ်သူ မာတင် စမစ်နှင့်အတူ ထွက်ပြေးတိမ်းရှောင်နေရာမှ စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ခြေရာခံကာ ဖမ်းဆီး ရမိ ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
မာတင် စမစ်သည် ၂၀၁၀ ခုနှစ်တွင် ဗြိတိန်နိုင်ငံသို့ ကလေးသူငယ်ဆိုင်ရာ မတော်မတရားကျူးလွန်မှုဖြင့် လွှဲအပ်ထားခြင်း ခံရသူဖြစ်သည်။ သူ့ကို တရားရုံးတွင် စစ်ဆေးရာမှ တစ်ညလျှင် ၅၃ ပေါင်ပေးရသည့် မီရာမာ ဟိုတယ်၏ အခန်းအမှတ် ၁၀၁ တွင် မိခင်ဖြစ်သူက ကလေးများကို ပလပ်စတစ်အိတ်ဖြင့် အသက်ရှူကြပ် အောင်လုပ်ပြီး သတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုကလေးအလောင်းများနှင့်အတူ သူမကိုယ်တိုင်
ဟိုတယ်တွင် အတူ အိပ်စက်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။
စမစ်သည် သူ့ မယားပါသမီးကို မတော်မတရားလုပ်မှုဖြင့် ထောင်ဒဏ် ၁၆ နှစ် အပြစ်ပေးခံခဲ့ရသည်။ ယခုနှစ် အစောပိုင်းတွင် စမစ်သည် မန်ချက်စတာပြည်နယ် စထရိန်းဝေး အကျဉ်းထောင်ထဲတွင် သူ့ကိုယ်သူ ကြိုးဆွဲချ ကာ သတ်သေသွားခဲ့သည်။ မစ္စ စမစ်သည် ယခင်က ကလေး ထိန်း သိမ်းစောင့်ရှောက်ရေးဌာနတွင် မန်နေဂျာတာဝန်ကို ထမ်းဆောင်ခဲ့ပြီး သူမ၏ ကလေးနှစ်ယောက်ကို ကိုယ်တိုင်သတ်ခဲ့ကြောင်း ၀န်ခံခဲ့သည်။ သူမကို စပိန်နိုင်ငံရှိ လွန်ခဲ့သော ၂ နှစ် ခန့် က ပြစ်မှု ကျူးလွန်ခဲ့သည့် ဟိုတယ်သို့ခေါ်သွားပြီး ၊ ဘာစီလိုနာရှိ ဂျီရိုနာတရားရုံးတွင် ၃ ရက်အမှုစစ်ဆေး ကြားနာခြင်းကို ခံရမည်ဖြစ်သည်။ သူမအနေဖြင့် လူသတ်မှုကြောင့် တရားရုံးနှစ်ရုံးတွင် စစ်ဆေးခံရမည်
ဖြစ် ကြောင်း၊ သူမသည် စိတ်ကစင့်ကလျားဝေဒနာကို အခင်းဖြစ်ပြီးကတည်းက ခံစားနေရကြောင်း သူမ၏ရှေ့နေ ကပြောကြားသည်။
အစိုးရရှေ့နေများက သူမအနေဖြင့် ကျူးလွန်ခဲ့သည့် ပြစ်မှုကြောင့် အနည်းဆုံး ထောင်ဒဏ် ၁၉ နှစ်ခန့်ကျနိုင် သည်ဟုဆိုသည်။
မောက္ခ
No comments:
Post a Comment