အပိုင်း၁
နဲ့ ၂ မှာရန်ကုန်မြို့တော်ဝန်ဟောင်းဦးအောင်သိန်းလင်းနဲ့
ကြံ့ဖွံ့အထွေထွေအတွင်းရေးမှူး ဦးဌေးဦး တို့ကိုအရေးယူပေးဖို့ အကြောင်းနဲ့
မြို့တော်ဝန်ရဲ့ဖြတ်စား၊ လာဘ်စားနဲ့
သူခိုးအကြီးစားဖြစ်ပုံအချို့ကိုဖေါ်ပြထားပြီးပါပြီ။ ခုအပိုင်း ၃ ကို ဆက်လက်
တင်ပြမှာဖြစ်ပါတယ်။
ရန်ကုန်မြို့တော်ဝန်ဟောင်းအောင်သိန်းလင်းဟာပြည်တွင်းမှာ နည်းမျိုးစုံနဲ့
ဖြတ်စားလာဘ်စား၊ ခိုးဝှက်ထားတဲ့ငွေတွေနဲ့ နိုင်ငံတော်ဘဏ္ဍာငွေတွေကို
တရားမ၀င်နည်းနဲ့ ပြည်ပကို ကဲ့ထုတ် ပြီးနိုင်ငံခြားဘဏ်တွေမှာ
သူရယ်၊ သူ့ဇနီးဒေါ်ခင်စန်းနွယ်၊ သမီး မသီတာမျိုး နာမည်နဲ့ အောက်ပါဘဏ်တွေမှာ
လျှို့ဝှက်အပ်နှံတာတွေ့ရပါတယ်။ အဲဒီဘဏ်တွေက – (က) The Reserve Bank of
Australia ဘဏ်။ (ခ) Bank of England ဘဏ် (ဂ) European Union Bank
စတဲ့ဘဏ်တွေမှာ အပ်နှံထားကြတာဖြစ်ပါတယ် ။
(က)။ ။အဲဒီAustraliaဘဏ်ရဲ့ထုတ်ပြန်ချက်အရ နအဖကောင်စီနဲ့ ၄င်းတို့မိသားစုဝင်တွေ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေနဲ့
၎င်းတို့မိသားစုဝင်တွေ၊
တိုင်းမှူးတွေနဲ့ ၄င်းတို့မိသားစုဝင်တွေ၊ ဌာနဆိုင်ရာ၊ စစ်ဘက်၊
အရပ်ဘက်အကြီးအကဲတွေနဲ့၎င်းတို့အားလုံးနဲ့ပတ်သက်တဲ့ အကျိုးတူစီးပွားဘက်တွေ
စုစုပေါင်း ၄၆၄ ယောက်ထဲမှာ အောင်သိန်းလင်းမိသားစု ၃ ယောက်လုံးလည်းပါဝင်ပါတယ်။
အဲဒီကြေညာချက်ထဲမှာ ဘဏ်အပ်တဲ့အမှတ်စဉ်မှာ အောင်သိန်းလင်း က နံပါတ် ၃၃၆ ယောက်မြောက်ဖြစ်တာတွေ့ရပါတယ်။ အသေးစိတ်သိလိုပါက http://www.rab.gov.au/Media/Releases/2008/Mr_08_23.html ကြည့်ပါ။
(ခ)။ ။ Bank of England ဘဏ်
ဒီဘဏ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ နအဖ ကောင်စီဝင်နဲ့ မိသားစုဝင်တွေ၊ ဌာနဆိုင်ရာ၊
စစ်ဘက် အရပ်ဘက်ဆိုင်ရာ အကြီးအကဲနဲ့ မိသားစုဝင်တွေ၊
၎င်းတို့အားလုံးနဲ့ပတ်သက်တဲ့ အကျိုးတူစီးပွားဘက်တွေစုစုပေါင်း ၅၁၅ ယောက်ထဲမှာ အောင်သိန်းလင်းမိသားစု ၃ယောက်လည်းပါဝင်ပါတယ်။ အဲဒီကြေညာချက်အရ ဘဏ်အပ်တဲ့ အမှတ်စဉ်မှာ 139ယောက်မြောက် နေရာမှာတွေ့ရပါတယ်။ အသေးစိတ်သိလိုပါက – ခေတ်ပြိုင်၊2009-3-23 ကိုကြည့်ပါ။
(ဂ)။ ။ European Union ဘဏ်မှာလည်းအထက်ပါအတိုင်း နအဖ အုပ်စုဝင်တွေအားလုံးနဲ့ ၄င်းတို့နဲ့ပတ်သက်သူစုစုပေါင်း ၅၃၈ ယောက်ထဲမှာအောင်သိန်းလင်း မိသားစု ၃ ယောက်လုံးပါဝင်နေပါတယ်။
E.U ဘဏ်ရဲ့ 15-4-2012 နေ့စွဲပါ ရေတွက်ပုံကတမျိုးပါ။ အမျိုးအစားအလိုက် A.B.C.D ကနေ K အထိ အုပ်စုလိုက်ခွဲထား
ပါတယ်။
ဥပမာ – A ဆိုရင် – A. Former State Peace and Development Council (SPDC)
ဖြစ်ပါတယ်။ အဲဒီအုပ်စုထဲမှာ နအဖ ကောင်စီဝင်နဲ့၎င်းတို့မိသားစုဝင်၂၁ ယောက်ရှိပါတယ်။ B ဆိုရင် – B . Reginal Commanders ဖြစ်ပြီး တိုင်းမှူးနဲ့၎င်းတို့မိသားစုဝင် ၃၇ ယောက်ပါဝင်ပါတယ်။C ဆိုရင် C. Government ဖြစ်ပြီးအစိုးရအဖွဲ့ဝင်တွေနဲ့၎င်းတို့မိသားစုဝင် ၉၆ ယောက်ပါရှိပါတယ်။
ခုလိုခွဲပြတဲ့အထဲမှာ အောင်သိန်းလင်းမိသားစု ၃ ယောက်က I.a
အုပ်စုထဲမှာပါဝင်နေပါတယ်။ I.a ဆိုတာ I.a Former Union Solidarity and
Devolopment Association (USDA) ဖြစ်ပြီး ကြံ့ဖွံ့အသင်းဝင်နဲ့ မိသားစု ၁၉
ဦးထဲမှာပါဝင်ပါတယ်။ အသေးစိတ်သိလိုပါက Official Journal of the European
Union, Annex ІІ, 15-4-2011 ကိုကြည့်ပါ။
အထက်ပါနိုင်ငံတွေရှိဘဏ်များက မြန်မာ နအဖ စစ်အစိုးရရဲ့ ပြည်သူလူထုအပေါ်
လူ့အခွင့်အရေးကို နည်းမျိုးစုံနဲ့ချိုးဖေါက်လို့ ပြစ်ဒဏ်ခတ်တဲ့ အနေနဲ့
အဆိုပါစစ်အုပ်စုဝင်တွေ လျှို့ဝှက်အပ်နှံထားတဲ့
ဘဏ်စါရင်းတွေကိုထုတ်သွင်းလို့ မရအောင် ပိတ်ဆို့လိုက်ကြောင်း ကြေညာတော့မှ နအဖ ဥက္ကဋ္ဌကြီးနဲ့ခိုးသား ၅၀၀ စာရင်းကိုရပါတယ်။
အထက်ပါနိုင်ငံများအပြင်အခြားနိုင်ငံတွေမှာအောင်သိန်းလင်းမိသားစုအပ်နှံထားဦးမယ်လို့ယုံကြည်ရပါတယ်။
ထပ်မံတွေ့ရှိပါက ထပ်မံဖြည့်စွက်တင်ပြပါမယ်။
ကဲ – ခုလောက်ဆို မြို့တော်ဝန်အောင်သိန်းလင်းဟာ
သူ့ဒေသခံတွေရဲ့မဲဆန္ဒရှင်တွေအပေါ်၊ သူ့ဌာနအပေါ် ဘယ်လောက် လိမ်ညာလှည့်စားတယ်၊
နိုင်ငံတော်အပေါ် ဘယ်လောက် သစ္စာမဲ့တယ်ဆိုတာ သိလောက်ပါပြီ။ ခုနောက်တုံး အဆစ် အနေနဲ့ – အပေါ်ကိုမြှောက်ဖါး ပြီး အောက်ကို ဟောက်စားတတ်တဲ့ အောင်သိန်းလင်းတို့ဇနီးမောင်နှံရဲ့ ရွံစရာကောင်းတဲ့လုပ်ရပ်တွေကိုကြည့်ပါ –
အောင်သိန်းလင်းဟာ – မြောက်ကိုရီးယားနဲ့ တရုတ်ကို ချီးကျူးပြောဆိုကြောင်း၊
– အမေရိကန်ကို မုန်းတီးရေးပြောဆိုပေမယ့် သူ့ရုံးခန်းရှိ
ပစ္စည်းအားလုံးနီးပါးဟာ အမေရိကန်ပစ္စည်းများ ဖြစ်ကြောင်း
– ရန်ကုန်မြို့တော်ဝန်များအနက် လာဘ်အစားဆုံး၊ လူမုန်းအများဆုံး မြို့တော်ဝန်ဖြစ်ကြောင်း သိရပါတယ်။
ဇနီး ဒ်ါခင်စန်းနွယ်ဟာ – အဂတိလိုက်စားရာတွင် နာမည်ကြီးကြောင်း၊
– ခင်ပွန်းသည်အတွက်မကြာခဏယတြာချေကြောင်း၊
– အကောင်းစား လက်ဆောင် တွေကို ဒေါ်ကြိုင်ကြိုင် ထံ မကြာခဏသွားပေးကြောင်းသိရပါတယ်။ (ဧရာဝတီ၊ ၂၂-၂-၂၀၁၁)
အထက်ဖေါ်ပြပါအကြောင်းအချက်တွေကိုထောက်ရှုခြင်းအားဖြင့် လွှတ်တော်ကိုယ်စားလှယ် အောင်သိန်းလင်းဟာ လွှတ်တော်တွင်ဆက်ရှိနေသမျှ ကာလပတ်လုံး တိုင်းပြည်ဆက် နာ နေရမှာဖြစ်ပါတယ်။ အကြောင်းမှာ တိုင်းပြည်နဲ့လူမျိုး ကေါင်းကျိုးထက် သူ့ ကေါင်းကျိုးအတွက်သာ ပြောဆိုလုပ်ကိုင်နေတာဖြစ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
ဒါ့ကြောင့် သူ့ ကိုလွှတ်တော်ကအမြန်ဆုံးထုတ်ပယ်ဖို့ နိုင်ငံသားတယောက်အနေနဲ့ သမတကြီးနဲ့လွှတ်တော်ဥက္ကဌကြီးတို့အား မေတ္တာရပ်ခံတောင်းဆိုအပ်ပါတယ်။
မိုးမခ
No comments:
Post a Comment