Sunday, September 16, 2012

ငါးလောင်းပြိုင် လူသတ်မှုဖြစ်စဉ်ကို ဆက်လက် စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြား

Sunday, 16 September 2012  
၂၀၀၈ ခုနှစ်က ရန်ကုန်မြို့စိမ်းလဲ့ကန်သာလမ်း၌ ဖြစ်ပွားခဲ့သည့်ငါးလောင်းပြိုင်လူသတ်မှုဖြစ်စဉ်ကို အမှုပိတ် ထားခြင်းမရှိဘဲ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။၂၀၀၈ ခုနှစ် မတ်လ ၃ ရက်နေ့ ည ၇ နာရီဝန်းကျင်ခန့်တွင် ကမာရွတ်မြို့နယ် စိမ်းလဲ့ကန်သာလမ်းရှိ အမှတ် (၁၂၆) နေ အိမ် တစ်အိမ်တွင် အမျိုးသားတစ်ဦးနှင့်အမျိုးသမီး လေးဦး သေနတ်ပစ်ခံရသောကြောင့် သေဆုံး သည့်ဖြစ် ရပ်ဖြစ်သည်။

ဖြစ်စဉ်ဖြစ်ပွားခဲ့သည့်နေ့ကသက်ဆိုင်ရာတာဝန်ရှိသူများမှသွားရောက်စစ်ဆေးရာ သေဆုံးသူငါးဦးမှာ နေအိမ် အပေါ် ထပ် လှေကားထိပ်၊ အိပ်ခန်းကုတင်ပေါ်နှင့် ကုတင်ဘေးဝဲယာတို့၌ သေနတ်ဒဏ်ရာ များဖြင့် သေဆုံးနေကြောင်း သိရသည်။ ဦးစောကြည်ဖ(ဘ) ဦးခွန်ပန်းစိန်သည် ယာလက်ကောက်ဝတ် ကျည်ဆန်ထုတ်ချင်းပေါက်၊ ၀ဲချိုစောင်းနှင့် ယာမျက်လုံးအောက် ဖောက်ဝင်ဒဏ်ရာ၊ အသက်၅၈နှစ် ရှိ ဒေါ်စန်းစန်းမြင့်(ဘ) ဦးမြမောင်သည် ၀ဲဘက်နားနောက်နှင့် ၀ဲမျက် ခုံးအောက်ကျည်ဆန် ၀င်ထွက်ဒဏ် ရာ၊ ယာနားထင်ရှေ့ သေနတ်ဒဏ်ရာ၊ အသက် ၃၆ နှစ်ရှိ  မမြစန္ဒာ(ဘ) ဦးစောကြည်ဖသည် ယာနား ထင်နှင့် ၀ဲဘက်ပါး ကျည်ဝင်ထွက်ဒဏ်ရာ၊ ယာလက်ကောက်ဝတ်ကျည်ဖောက် ၀င်ဒဏ်ရာ၊ အသက်၂၇ နှစ် ရှိ မနှင်းပွင့်အေး(ဘ) ဦးစောကြည်ဖသည် ယာနားထင်နှင့် ယာမျက်ခုံးထောင့် ကျည်ဝင်ထွက်ဒဏ်ရာ၊ အသက် ၁၅ နှစ်ရှိ မအယ်ဖောသည် ၀ဲဘက်နား ထင်ဖောက်ဝင်ဒဏ်ရာတို့ဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ၆-၃-၂၀၀၈ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှ ဖော်ပြချက်အရ သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက''စိမ်းလဲ့ကန်သာမှာ ဖြစ်ပွားခဲ့တဲ့ ငါးလောင်းပြိုင် လူသတ်မှုဖြစ်စဉ်ကို အခုအချိန်အထိ အမှုကို ပိတ်ထားခြင်းမရှိဘူး။ ဆက်လက် စုံစမ်းနေဆဲပဲ ဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။အဆိုပါနေအိမ်ကို စစ်ဆေးရာ မီးခံသေတ္တာထဲမှ စိန်ရွှေရတနာပစ္စည်း ၂၂ မျိုး၊ တန်ဖိုးကျပ်သိန်း နှစ်ထောင်ခန့်နှင့် ငွေကျပ်သိန်း ၁၅၀ ပျောက်ဆုံးနေကြောင်း သတင်းဖော်ပြမှုများအရ သိရှိရသည်။အဆိုပါအမှုကို ကမာရွတ်ရဲစခန်း (ပ) ၆၅/၂၀၀၈ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂အရ အမှုဖွင့်ပြီး စစ်ဆေးဆောင်ရွက်လျက်ရှိသည်။အခင်းဖြစ်ရပ်အား ရဲတပ်ဖွဲ့ဝင်များ စစ်ဆေးချက်အရ နေအိမ်အတွင်းမှ ကျူးလွန်သူများ အသုံးပြုခဲ့ကြသော ကျည်ခွံခုနစ်ခုနှင့် ကျည်အကောင်း တစ်တောင့်တို့ကို သိမ်းဆည်းရရှိခဲ့ သည်ဟု ၂၀၀၈ ခုနှစ် မတ်လ ၁၂ ရက်နေ့ထုတ် မှုခင်းဂျာနယ်တွင် ဖော်ပြချက်အရ သိရှိရသည်။

Eleven

No comments:

Post a Comment

My Blog List