Sunday, September 16, 2012

ရခိုင်ပါတီ ၂ ခု ပူးပေါင်းနိုင်ရေး ကမ်းလှမ်း

Sunday, September 16, 2012

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) အနေနဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP)နဲ့ ပူးပေါင်းနိုင်ရေး အတွက် စက်တင်ဘာလ ၁၅ ရက်နေ့ မနေ့က တရားဝင် စာရေးသား ကမ်းလှမ်းလိုက်ကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးကျော်အေးက RFA ကို ဒီကနေ့ အတည်ပြုပြောကြားလိုက်ပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီနဲ့ ပူးပေါင်းနိုင်ရေးအတွက် ကမ်းလှမ်းလိုက်တဲ့အချက်တွေထဲမှာ အမျိုးသား ညီညွတ်ရေးအတွက် ရခိုင်ပါတီအသီးသီး၊ အင်အားစု အသီးသီးကို
ပေါင်းစည်းလိုတဲ့ ဆန္ဒရှိတဲ့အတွက် နှစ်ဦးနှစ်ဘက်ဆွေးနွေး ညှိနှိုင်း အတည်ပြုနိုင်ရေးကို အမြန်ဆောင်ရွက်ကြဖို့ တိုက်တွန်းထားတဲ့အချက် လည်း ပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာ ရှိနေတဲ့ အခြားသော နိုင်ငံရေး ပါတီတွေ နဲ့လည်း ပူးပေါင်းနိုင်ရေးကိစ္စတွေ ဆက်လက်ဆွေးနွေးညှိနှိုင်းသွားမှာဖြစ်တယ်လို့လည်း ဦးအေးကျော်က
ပြောပါတယ်။
 
RFA

No comments:

Post a Comment

My Blog List