မူလစာမျက်နှာ
သတင်း
ဆောင်းပါး
အိတ်ဖွင့်ပေးစာ
NLD
၈၈ မျိုးဆက်
ကာတွန်း
နိုင်ငံတကာရေးရာ
စီးပွားရေးသတင်း
နည်းပညာ
အထူးသတင်း
အနုပညာ
ဓာတ်ပုံ
အထွေထွေ
Sunday, September 16, 2012
ကြံ့ခိုင်ရေးနှင့် ပါတီ၏ ၀န်ကြီးဟောင်း ဦးမောင်ဦး စည်းရုံးရေးခရီးစဉ်တွင် ပြည်သူများကို ရိုင်းပြစွာ ဆက်ဆံ
Sunday, 16 September 2012
ရခိုင်ပြည်နယ်သို့ စည်းရုံးရေး ခရီးစဉ်ဖြင့်ရောက်ရှိလာသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ၀န်ကြီးဟောင်းဦးမောင်ဦးသည် ရသေ့တောင်ခရီးစဉ်အတွင်း ပြည်သူများကို ဆဲဆိုကြိမ်းမောင်းကာ ရိုင်းပြစွာ ဆက်ဆံခဲ့ကြောင်း သတင်းရရှိသည်။
စက်တင်ဘာလ (၁၆) ရက်နေ့ နံနက် (၁၀)နာရီ(၁၅)မိနစ် အချိန်တွင် ၀န်ကြီးဟောင်း ဦးမောင်ဦးသည် ရသေ့တောင် ဆိပ်ကမ်းသို့ အရပ်ဖက်သုံး အမြန်ရေယာဉ်တစ်စီးနှင့် ရောက်ရှိလာစဉ် ဆိပ်ကမ်းတွင် ကြိုနေသူများထဲမှ ဒေသခံတစ်ဦးက ဖုန်းဖြင့် မှတ်တမ်းဓါတ်ပုံရိုက်ယူခဲ့ခြင်းနဲ့ ပတ်သက်၍ ကြိုဆိုသော
ဒေသခံများအား ကြမ်းကြုတ်သောစကားလုံးများနှင့် ဆဲဆိုခဲ့ကြောင့်သိရသည်။
ဦးမောင်ဦးဟာ စပီးဘုတ်နဲ့ လာမယ်ကြားလို့ ဆိပ်ကမ်းမှာ ရဲတွေ၊ မြို့နယ်မှူး၊စခန်းမှူး၊ ဒုတပ်ကြပ်၊ တပ်ကြပ်ကြီးနှင့် လူထုတွေက ကြိုဆိုနေကြတယ်။ အဲဒါကို လာပြီးတော့ အစအနမရှိဘဲနဲ့ ဆဲဆိုပါတယ်။ ဦးမောင်သောင်းဆိုတဲ့ ပုဂ္ဂိုလ်က ဦးဝေကျန်အောင်ဆိုတဲ့ ပုဂ္ဂိုလ်ကို ဓါတ်ပုံရိုက်ပါတယ်။ ဦးမောင်ဦးဟာ ငါ့ကို ဘာကြောင့် ဓါတ်ပုံရိုက်တာလဲ။ ဘယ်သူ့အာဏာနဲ့ ရိုက်ခိုင်းတာလဲ။ ဒီလူကို ဖမ်းပေးပါ။ မင်းတော့က ဘယ်ကောင်လဲ။ မင်းတော့ ဒီလိုလုပ်လို့ရမလား။ ဟေး ရဲတွေ ဒီကိုလာ ဒီကောင်ကိုဖမ်းပေးပါ။ သင်္ဘောဆိပ်ကမ်းဘေးမှာ ဦးထွန်းသာစိန် အသုဘရှိပါတယ်။
အသုဘမှာလည်း လူတွေအများကြီးရှိပါတယ်။ လူများတဲ့ဘက်ကိုလှည့်ပြီးတော့ အရုပ်ဆိုးတဲ့ စကားလုံးများကိုသုံးပြီး ဆဲဆိုပါတယ်။ ကျနော်ကလည်း အသုဘမှာရှိပါတယ်။ အပြင်ကိုထွက်ပြီးတော့ ကျနော်က ဦးမောင်ဦးကို တောင်းပန်ပါတယ်။ လူကြီးတစ်ယောက်အနေနဲ့ အဲလိုမပြောပါနဲ့
ဒီမှာလဲ အသုဘဖြစ်နေပါတယ်။ အသုဘဖြစ်တဲ့အတွက် လူတွေကလည်း စိတ်ညစ်နေကြပါတယ်။ အဲလိုမျိုးပြောလိုက်တော့ ဦးမောင်ဦးဟာ နည်းနည်း ထိန်းသိမ်းသွားပါတယ်။ ပြဿနာကတော့ ထပ်ပြီးတော့ မဖြစ်ပါဘူး။ ဦးမောင်သောင်းဖုန်းကိုတော့သိမ်းထားလိုက်ကြပါတယ်။ " ဟု ရသေ့တောင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှမောင်သိန်းက အခုလို အာရ်ကန်တိုင်းမ်စ်ကို ပြောသွား ပါတယ်။ ဦးမောင်ဦး အရုပ်ဆိုးစွာ ကြိမ်းမောင်း ဆဲဆိုသွားတဲ့အပေါ်မှာ ရသေ့တောင်လူထုအနေနဲ့ ဦးမောင်ဦးအပေါ်မှာ ဘယ်လိုသဘောထား ရှိနေကြသည်ကိုဆက်လက်ပြီး ဦးလှမောင်သိန်းက ပြောသွားသည်။ " လူကြီးတစ်ယောက်ဖြစ်ပြီးတော့ အရုပ်ဆိုးစွာ လူကြားမကောင်းတဲ့ အသံမျိုးနဲ့ ဆဲဆိုသွားတာဆိုတော့ ရသေ့တောင် ပြည်သူလူထုအနေနဲ့ အရမ်းစိတ်မကောင်းဖြစ်ကြတာပေါ့။
အံ့သြသွားကြတာပေါ့။ ဒီလိုမျိုးမဖြစ်သင့်ပါဘူး။ လူကြီးအင်္ဂါရပ်နဲ့ မညီညွတ်ပါဘူး။ " ဟု သိရသည်။ ဦးမောင်သောင်းက တကယ်တမ်းရိုက်သောဓါတ်ပုံမှာ ဦးမောင်ဦးမဟုတ်ဘဲ ဦးမောင်ဦးဘေးမှာ ထီးမိုးပေးသော ဦးဝေကျန်အောင်ဖြစ်သည်ကို သိရပြီးသူတို့နှစ်ယောက်မှာ သူငယ်ချင်းတွေဖြစ်ကြပြီး ရဲသားဘဝမှ နုတ်ထွက်သွားကြသော ပုဂ္ဂိုလ်များလည်းဖြစ်သည်ကို ဦးလှမောင်သိန်း ပြောပြချက်အရ သိရသည်။ " ကျနော်တို့က ဘာလုပ်လို့ရမှာလဲဗျာ။ သူတို့တွေက အာဏာရှင်ဖြစ်တယ်လေ။သူ့လက်ထဲမှာပဲ အာဏာပါဝါ အပြည်ညအဝရှိပါတယ်။ အမှန်ကိုပြောရင် မကောင်းမြင်မှာစိုးရိပ်ရပါတယ်။ ကျနော်တို့ရခိုင်တွေကကျွန်ဖြစ်ပါတယ်။ကျွန်က သခင်ကို လုပ်လို့မရဘူးလေ။ " ဟု ဦးမောင်ဦး ဆဲဆိုသံကို ကြားလိုက်ရတဲ့ သင်္ဘောဆိပ်ကမ်းမှ မိုးပုလဲ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးမောင်သန်းတိန်က သူ့ရဲ့ သဘောထားကို ပြောသွားသည်။
Arakan Times
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
My Blog List
VOA News: သတင်း
ဗွီအိုအေ မြန်မာညချမ်း
-
ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook နဲ့ Youtube...
1 day ago
DVB
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ်
-
ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...
2 years ago
သစ်ထူးလွင်
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက်
-
မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...
3 years ago
ဒေါက်တာလွဏ်းဆွေ
နောက်ဆုံးရ မြန်မာသတင်းများ
-
နောက်ဆုံးရ မြန်မာသတင်းများအား ပုံပေါ် ကလစ်၍ ဖတ်ရှုပါ။
5 years ago
ဒေါင်းမာန်ဟုန်
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန်
-
[image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...
7 years ago
Narinjara News Burmese Online 24 X 7
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို
-
နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...
7 years ago
ဒီမိုဝေယံ
-
အမေ့သမီးတွေနဲ့ အတူ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD နဲ့ အတူရှိနေကြမယ် photo credit Eleven Media Group
7 years ago
မြန်မာ့သားကောင်း
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင်
-
၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...
10 years ago
The Irrawaddy's Blog
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ
-
ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...
10 years ago
ဆုံနေကြ
-
*A Father's Tear (အဖေ့မျက်ရည်) * လူတစ်ယောက်မိခင်များနေ့မှာနှင်းဆီပန်းလေးတွေကိုဖဲကြိုးလှလှလေးတွနဲ့ စည်းပြီးဈေးအ၀မှာသွာ...
13 years ago
မြန်မာပြည်သား
-
ဒေါက်တာမျိုးချစ်
-
No comments:
Post a Comment