Sunday, September 16, 2012

တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ကိုမင်းကိုနိုင်တို့ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြ ရတဲ့ စစ်ပြေးဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံအားပေးခဲ့

Sunday, 16 September 2012

ကချင်ပြည်နယ်မှာ ရောက်ရှိနေတဲ့ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် တွေဟာ ဒီကနေ့မှာတော့ တိုက်ပွဲတွေကြောင့် ဖားကန့်မြို့ပေါ်က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြ ရတဲ့ စစ်ပြေးဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံအားပေးခဲ့ကြပါတယ်။

ကိုမင်းကိုနိုင်၊ ကိုပြုံးချို၊ ကိုဌေးကြွယ်၊ကိုသက်ဇော်နဲ့ ကိုမာကီးတို့ဟာ ဒုက္ခသည်တွေကို အားပေး စကားပြောပြီးတဲ့နောက် ဖားကန့်လူထုနဲ့တွေ့ဆုံဟောပြောခဲ့ပါတယ်။

ကိုမင်းကိုနိုင်နဲ့အဖွဲ့ဟာ မနက်ဖြန်မှာတော့ ဖားကန့်မြို့ကနေ မိုးကောင်းမြို့
ကို ဆက်လက် ထွက်ခွာမှာဖြစ်ပြီး စက်တင်ဘာလ (၁၈)ရက်နေ့ မိုးကောင်းမြို့က ပစ္ဆိမာရုံကျောင်းတိုက်မှာ မိုးကောင်းဒေသခံ ပြည်သူတွေ
နဲ့တွေ့ဆုံပြီး မြစ်ကြီးနားကိုပြန်မယ်လို့ သိရတယ်။

မနေ့တုန်းကတော့ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ (၈၈) မျိုးဆက်ကျောင်းသား
ခေါင်းဆောင်တွေဟာ မြစ်ကြီးနားမြို့မှာကျင်းပတဲ့ မြစ်ဆုံဆည်စီမံကိန်းရပ်ဆိုင်းခြင်း တစ်နှစ်ပြည့် နှစ်ပါတ်လည် အခမ်းအနားနဲ့ သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးပညာရှင်တွေရဲ့ ဟောပြောပွဲကို တက်ရောက်ခဲ့ကြပါတယ်။

No comments:

Post a Comment

My Blog List