Friday, December 06, 2019

ပါတီမှတ်ပုံတင်ကျရန် ကြန့်ကြာနေခြင်းအပေါ် UNDP ပြောရေးဆိုခွင့်ရှိသူ မေးခွန်းထုတ်

Image may contain: 5 people, outdoor
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ နိုင်ငံရေးပါတီသစ်တစ်ခုတည်ထောင်ရန် ပြီးခဲ့သည့် ဧပြီလအတွင်းက ပါတီမှတ်ပုံတင်ထားသော်လည်း ယနေ့အချိန်ထိ ကြန့်ကြာမှုများ ဖြစ်ပေါ်နေသည့်အပေါ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ညီညွတ်သောအမျိုးသားဒီမိုကရေစီပါတီ (UNDP) ပြောရေးဆိုခွင့်ရှိသူ ဦးဒေဗစ်လှမြင့်က မေးခွန်းထုတ် ဝေဖန်လိုက်သည်။

"ကျွန်တော်တို့ စက်တင်ဘာလကတည်းက ပါတီထူထောင်ခွင့်ကျပြီးပြီ။ သို့သော် ပါတီမှတ်ပုံတင် မကျသေးတော့ ဘာမှလုပ်လို့ မရသေးဘူးဗျ။ ပါတီစည်းရုံးရေးခရီးစဉ်တွေ လူထုနဲ့ ထိတွေ့ရမယ့် အခြေအနေတွေဟာ ဘာမှ မလုပ်ရသေးဘူးဗျ။ ကျွန်တော်တို့ ပါတီရဲ့ မူဝါဒတွေကိုလည်း ရှင်းရှင်းလင်းလင်း တင်ပြထားပြီးသား ကော်မရှင်ကို မေးလိုက်ရင် စိစစ်နေတုန်း စစ်ဆေးနေတုန်းဆိုတာပဲ ပြန်ဖြေတယ်။ ဘာကိုစိစစ်ပြီး ဘာကိုစစ်ဆေးနေမှန်း မသိတော့ပါဘူး။ ကျွန်တော်တို့တွေဟာ နိုင်ငံခြားသား တစ်ယောက်မှမပါသလို ၉၀ ခုနှစ်အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေဟောင်း အများစုနဲ့ စုစည်းထားတာဗျာ အခုလို မလိုအပ်ဘဲ ကန့်ကြာနေတာက ကျွန်တော်တို့ပါတီရဲ့ စည်းရုံးရေး ခရီးစဉ်တွေ လူထုနဲ့ ထိတွေ့ရမယ့် လုပ်ငန်းစဉ်တွေကို ရွေးကော်က သူ့လုပ်ပိုင်ခွင့်ထဲက ကန့်သတ်နေ သလားလို့ မေးရမလိုဖြစ်နေပြီ" ဟု ၎င်းက ပြောသည်။
ညီညွတ်သော အမျိုးသား ဒီမိုကရေစီပါတီ UNDP သည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း အများစုနှင့်ဖွဲ့စည်းထားသည့် နိုင်ငံရေးပါတီသစ် တစ်ခုဖြစ်ပြီး ပြီးခဲ့သည့် ဧပြီလအတွင်း၌ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေများနှင်အညီ ပါတီမှတ်ပုံတင်ထားသော်လည်း လက်ရှိအချိန်ထိ ကြန့်ကြာမှုများ ရှိနေကြောင်း သိရသည်။
"ဒီကိစ္စနဲ့ပတ်သတ်ပြီး အခုလ အလယ်လောက်မှာ ရွေးကောက်ပွဲ ကော်မရှင်ကတာဝန်ရှိသူတွေကို နေပြည်တော်တက်ပြီး မေးမြန်းစရာရှိတာတွေ မေးကြမှာပါ"ဟု ဦးဒေးဗစ်လှမြင့်က ပြောသည်။
ညီညွတ်သော အမျိးသား ဒီမိုကရေစီပါတီတွင် ကယန်းအမျိုးသား ဝါရင့်နိုင်ငံရေးသမား ဦးခွန်မန်းကိုဘန်းနှင့် ရှမ်းတိုင်းရင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးခွန်ထွန်းဦးတို့လည်း ဦးဆောင်သူများအဖြစ် ပါဝင်ဖွယ်ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။
ယင်းကိစ္စအပေါ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ထံဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခဲ့ခြင်း မရှိပေ။
ကိုဖူးသစ်
<Zawgyi>
ပါတီမှတ်ပုံတင်ကျရန် ကြန့်ကြာနေခြင်းအပေါ် UNDP ပြောရေးဆိုခွင့်ရှိသူ မေးခွန်းထုတ်

ဒီဇင္ဘာ ၆

No comments:

Post a Comment

My Blog List