Friday, December 06, 2019

မြန်မာနိုင်ငံတွင် ပထမဆုံး နိုင်ငံတကာ မျက်စိအထူးကုဆေးရုံကြီး ဖွင့်ပွဲအခမ်းအနားကျင်းပ


Image may contain: 7 people, people smiling, people standing
မြန်မာနိုင်ငံမှာ ပထမဆုံး နိုင်ငံတကာ မျက်စိအထူးကုဆေးရုံကြီးဖြစ်တဲ့ International Specialist Eye Centre (ISEC) Myanmar ရဲ့ ဆေးရုံဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ(၆)ရက် မနက်ပိုင်းက ရန်ကုန်မြို့ Melia ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။


အခမ်းအနားမှာ မြန်မာနိုင်ငံရဲ့ မျက်စိကျန်းမာရေးကုသမှုအခန်းကဏ္ဍ လက်ရှိအခြေအနေနဲ့ ဒီကဏ္ဍမှာ ISEC အနေနဲ့ ဘယ်လိုပါဝင်ပံ့ပိုးသွားမယ်ဆိုတဲ့ အကြောင်းအရာတွေကို တာဝန်ရှိသူတွေက ရှင်းလင်းပြောကြား ပါတယ်။ အဲဒီအခမ်းအနားကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက တာဝန်ရှိသူတွေ၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)က တာဝန်ရှိသူတွေ နဲ့ ISEC Healthcare က CEO ဒေါက်တာ Wong Jun Shyan နဲ့ တာဝန်ရှိသူတွေ၊ တခြားဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေ တက်ရောက်ခဲ့ပါတယ်။ 
Image may contain: 3 people, people standing
Image may contain: 6 people, people sitting, crowd, table and indoor

သတင်း-မေလွင်

No comments:

Post a Comment

My Blog List