Wednesday, December 04, 2019

တမူးမြို့အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၏ နေအိမ် လက်ပစ်ဗုံးဖြင့် အထုခံရ

No photo description available.Image may contain: one or more people
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် ဒီဇင်ဘာလ ၃ ရက်နေ့ ညပိုင်းက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၏ နေအိမ် လက်ပစ်ဗုံးဖြင့် အထုခံခဲ့ရပြီး လက်ပစ်ဗုံးမှာ ပေါက်ကွဲခြင်းမရှိခဲ့ကြောင်း တမူးမြို့မရဲစခန်းမှ သိရသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လတ် မှာ နေပြည်တော်တွင် လွှတ်တော်အစည်းအဝေးတက်ရောက်နေပြီး ၄င်း၏ နေအိမ်တွင် ညီမဖြစ်သူ နှင့် အမေဖြစ်သူသာရှိကာ ဆိုင်ကယ်တစ်စီးနှင့် လူနှစ်ယောက် က လာရောက်၍ လက်ပစ်ဗုံးဖြင့် ပစ်ခြင်းဖြစ်ကြောင်း သိရသည် ။
"မနေ့ညက လွှတ်တော်ကိုယ်စားလှယ်ရဲ့ အိမ်ကို လက်ပစ်ဗုံးနဲ့ ပစ်တာဖြစ်တယ်။ လက်ပစ်ဗုံးက ကွဲမသွားဘူး။ ဘယ်သူတွေက လုပ်တယ်ဆိုတာကိုတော့ မသိရသေးဘူး။ စုံစမ်းဆဲပါ" ဟု တမူးမြို့မ ရဲစခန်းမှ စခန်းမှူး ဦးသိန်းလွင်က ပြောသည်။
ထိုသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လတ် ၏ နေအိမ်အား လက်ပစ်ဗုံးဖြင့် ထုခံရသည့်အပေါ် တမူးမြို့ခံများအနေဖြင့် လုံခြုံရေးစိုးရိမ်မှုများရှိကြောင်း ပြောဆိုမှုများရှိသည်။
"မလုံခြုံတာကတော့ ကြာပါပြီ ။ ကျွန်တော်တို့ အကြိမ်ကြိမ်အခါခါလည်း အရပ်ဖက်အဖွဲ့အစည်းတွေက ကြေငြာချက်တွေထုတ်ပါတယ်။ အရင်က ဖြစ်ပျက်ခဲ့တာတွေလည်းရှိတယ်။ ဒါပေမယ့် အခုဟာက လွှတ်တော်ကိုယ်စားလှယ်အိမ် လက်ပစ်ဗုံးနဲ့ ပစ်တယ်ဆိုတာ့ ရိုင်းလည်း ရိုင်းသွားပြီ ။ လုံခြုံမှုကင်းမဲ့နေပြီ ဆိုတာတော့ ပိုပြီးပေါ်လွင်တာပေါ့" ဟု တမူးမြို့ခံ တစ်ဦးဖြစ်သည့် ဦးထန်ဆေးက ပြောသည်။
တမူးမြို့သည့် မြန်မာ - အိန္ဒိယ နယ်စပ်မြို့ တစ်မြို့ဖြစ်ပြီး ကသည်းလက်နက်ကိုင်များ နေထိုင်မှုများရှိကြောင်း သိရသည်။
photo - T Thangsei

No comments:

Post a Comment

My Blog List