Thursday, December 05, 2019

ရိုဟင်ဂျာတွေ မြန်မာပြည်ပြန်လိုဟု IOM ပြောကြား

ကုလသမဂ္ဂလက်အောက်ခံ နိုင်ငံတကာ ‌ရွှေ့ပြောင်းနေထိုင်သူများ အဖွဲ့ IOM ရဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ အကြီးအကဲက ဒုက္ခသည်စခန်းတွေမှာရှိတဲ့ ရိုဟင်ဂျာ အမြောက်အမြားက မြန်မာပြည်ကို ပြန်ချင်ကြပါတယ်။ အခြေအနေတွေ ကောင်းမွန်ပြီဆိုတာနဲ့ သူတို့ ချက်ခြင်းပြန်သွားကြမှာပါပဲလို့ မနေ့က ပြောကြားလိုက်ပါတယ်။

IOM အကြီးအကဲ Gorigi Gigauri ဂျော်ဂျီ ဂျီဂေါ်ရီ က လက်ရှိ ရခိုင်ပြည်နယ်ရဲ့ အခြေအနေတွေကို ရိုဟင်ဂျာတွေထက်ပိုမိုပြီး ဘယ်သူကမှ မသိပါဘူး၊ ရခိုင်ပြည်နယ်မှာ ကျန်ရစ်တဲ့ ဆွေမျိုးတွေနဲ့ သူတို့ အဆက်အသွယ် အမြဲရှိတဲ့အတွက် ဘာတွေဖြစ်နေသလဲဆိုတာ သူတို့ ကောင်းကောင်းသိပါတယ်။ ဘယ်တော့ ပြန်သင့်သလဲဆိုတာကို အမှန်တကယ် ဆုံးဖြတ်နိုင်တဲ့သူက သူတို့ကိုယ်တိုင်ပါပဲ။ ကျနော်ပြောတာကို ခင်ဗျားတို့ ယုံစမ်းပါ။ ပြန်ဖို့သင့်ပြီလို့ ယုံကြည်တာနဲ့ သူတို့ ပြန်သွားကြမှာပါပဲလို့ ဒါကာမြို့က ဟိုတယ်တစ်ခုမှာ သတင်းထောက်တွေကို ဗုဒ္ဓဟူးနေ့က ပြောကြားပါတယ်။
တဆက်တည်းမှာပဲ သူတို့ IOM ရဲ့ တာဝန်က အဲဒီ ဒုက္ခသည်တွေကို ယုံကြည်အောင် နားချဖို့ မဟုတ်ပါဘူး။ သူတို့ကို သတင်းအချက်အလက်တွေ အမှန်အတိုင်း အသိပေးဖို့ပဲ ဖြစ်ပါတယ်လို့လည်း IOM အကြီးအကဲ Gorigi Gigauri ဂျော်ဂျီ ဂျီဂေါ်ရီ က ပြောပါတယ်။ စခန်းထဲက ဒုက္ခသည်တွေကို မြန်မာပြည် မပြန်ရဲအောင် သတင်းမှားတွေနဲ့ ခြိမ်းခြောက်မှုတွေရှိတယ်လို့ မကြာခဏ ကြားနေရပါတယ်။
-Unicode
~~~~~~~~~~~~~~~

ရိုဟင်ဂျာတွေ မြန်မာပြည်ပြန်လိုဟု IOM ပြောကြား
~~~~
■ ကုလသမဂ္ဂလက်အောက်ခံ နိုင်ငံတကာ ‌ရွှေ့ပြောင်းနေထိုင်သူများ အဖွဲ့ IOM ရဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ အကြီးအကဲက ဒုက္ခသည်စခန်းတွေမှာရှိတဲ့ ရိုဟင်ဂျာ အမြောက်အမြားက မြန်မာပြည်ကို ပြန်ချင်ကြပါတယ်။ အခြေအနေတွေ ကောင်းမွန်ပြီဆိုတာနဲ့ သူတို့ ချက်ခြင်းပြန်သွားကြမှာပါပဲလို့ မနေ့က ပြောကြားလိုက်ပါတယ်။

IOM အကြီးအကဲ Gorigi Gigauri ဂျော်ဂျီ ဂျီဂေါ်ရီ က လက်ရှိ ရခိုင်ပြည်နယ်ရဲ့ အခြေအနေတွေကို ရိုဟင်ဂျာတွေထက်ပိုမိုပြီး ဘယ်သူကမှ မသိပါဘူး၊ ရခိုင်ပြည်နယ်မှာ ကျန်ရစ်တဲ့ ဆွေမျိုးတွေနဲ့ သူတို့ အဆက်အသွယ် အမြဲရှိတဲ့အတွက် ဘာတွေဖြစ်နေသလဲဆိုတာ သူတို့ ကောင်းကောင်းသိပါတယ်။ ဘယ်တော့ ပြန်သင့်သလဲဆိုတာကို အမှန်တကယ် ဆုံးဖြတ်နိုင်တဲ့သူက သူတို့ကိုယ်တိုင်ပါပဲ။ ကျနော်ပြောတာကို ခင်ဗျားတို့ ယုံစမ်းပါ။ ပြန်ဖို့သင့်ပြီလို့ ယုံကြည်တာနဲ့ သူတို့ ပြန်သွားကြမှာပါပဲလို့ ဒါကာမြို့က ဟိုတယ်တစ်ခုမှာ သတင်းထောက်တွေကို ဗုဒ္ဓဟူးနေ့က ပြောကြားပါတယ်။
တဆက်တည်းမှာပဲ သူတို့ IOM ရဲ့ တာဝန်က အဲဒီ ဒုက္ခသည်တွေကို ယုံကြည်အောင် နားချဖို့ မဟုတ်ပါဘူး။ သူတို့ကို သတင်းအချက်အလက်တွေ အမှန်အတိုင်း အသိပေးဖို့ပဲ ဖြစ်ပါတယ်လို့လည်း IOM အကြီးအကဲ Gorigi Gigauri ဂျော်ဂျီ ဂျီဂေါ်ရီ က ပြောပါတယ်။ စခန်းထဲက ဒုက္ခသည်တွေကို မြန်မာပြည် မပြန်ရဲအောင် သတင်းမှားတွေနဲ့ ခြိမ်းခြောက်မှုတွေရှိတယ်လို့ မကြာခဏ ကြားနေရပါတယ်။
-Zawgyi
~~~~~~~~~~~~~~~

Photo: Reuters
ဓာတ်ပုံ- ဘင်္ဂလားဒေ့ရှ် Cox’s Bazar ‌ဒေသက ရိုဟင်ဂျာ ဒုက္ခသည်တွေကို ၂၀၁၈ နိုဝင်ဘာ ၁၆ ရက်နေ့က တွေ့ရစဉ်

No comments:

Post a Comment

My Blog List